Wednesday, November 25, 2015

ရခိုင်ပြည်နယ်နေ့ ကျင်းပရန် ရန်ကုန်တွင် စည်းဝေး

ကောင်းမြတ်နိုင်(မောင်တော)


ဒီဇင်ဘာ ၁၅ ရက်နေ့ တွင်ကျရောက်သည့်  ၄၁နှစ်ပြည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန်မြို့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန် အတွက် ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ် ၊အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ယမန်နေ့က အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်။

၎င်းအစည်းအဝေးသို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရခိုင်အမျိုးသားများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဦးဇော်အေးမောင်က “ဒီ ရခိုင်ပြည်နယ်နေ့  အခမ်းအနားဟာ ရခိုင်တွေရဲ့ Capacity ကိုပြတာဖြစ်ပါတယ်။ဒါကြောင့် ရခိုင် အသင်းအဖွဲ့  လူတွေအားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက် ကြဖို့ ဖိတ်ခေါ် ပါတယ်။ နောက်ပြီး တခြား တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကိုလည်း လာရောက် ကြည့် ရှု ကြဖို့ ဖိတ်ခေါ် ပါတယ်။ ဒါမှ တိုင်းရင်းသား စည်းလုံးညီညီတ်မှု၊ ချစ်ခင်ရင်းနှီးမှု ပိုရလာမှာပါ” ဟု ဆိုသည်။

(၄၁) နှစ်မြောက် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးပြီး ရခိုင်အသင်းအဖွဲ့ များမှ ပူးပေါင်း ကျင်းပြုလုပ်ကြမည် ဖြစ်သည်။

ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ရခိုင်ရိုးရာကျင်ပွဲ၊ ရခိုင်ရိုးရာ အကများ၊ တေးဂီတများ၊ ခေါင်းအုန်း သတ်ပွဲတို့ကို ထည့်သွင်း ကျင်းပသွားမှာ ဖြစ်သလို ရခိုင်ရိုးရာ အစားအစာများ၊ ရိုးရာ အဝတ်အထည်းများ၊ ရခိုင် နှင့် ပတ်သက်သော ထုတ်ဝေထားသော စာအုပ်စာတမ်းများကိုလည်း ရောင်းချသွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ်နေ့ အခမ်းအနားနေ့ကို ရန်ကုန်မြို့ တွင် ကျင်းပလာသည်မှာ ယခု အကြိမ်သည် တတိယ အကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။

No comments: