Thursday, November 26, 2015

Green Luck ဆီဆိုင်ရှေ့တွင် ချိန်ကိုက်မိုင်း တွေ့ရှိ

DVB


ကျောက်မဲမြို့၊ ရပ်ကွက် ၁၊ လားရှိုး-မန္တလေး ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၀၉ Green Luck ဆီဆိုင်ရှေ့မှာ နိုဝင်ဘာ ၂၅ ရက်နေ့ ည ၈ နာရီခွဲလောက်က မသင်္ကာဖွယ်ရာ ကတ်ထူပုံး ၁ ပုံးထဲမှာ ချိန်ကိုက်မိုင်းတလုံး တွေ့ရှိခဲ့ပါတယ်။

ဆီဆိုင်အရောင်းတာဝန်ခံ ဦးချစ်ထွေးနိုင်က မသင်္ကာဖွယ် ကတ်ထူပုံးတလုံး တွေ့ရှိကြောင်း သတင်းပို့တာကြောင့် ရဲတပ်ဖွဲ့နဲ့ BE တပ်ဖွဲ့တွေ သွားရောက်စစ်ဆေးခဲ့ရာ High Class ကတ်ထူပုံးအတွင်း အမြင့် ၅ လက်မရှိ PVC ၉ လက်မပိုက်အတွင်း TNT ၂၀၀ ဂရမ်၊ ယမ်းတုံး ၄ တုံးနဲ့ သံတိုသံစတွေကို ည ၁၀ နာရီ ပေါက်ကွဲဖို့ ချိန်ကိုက်ထားတဲ့ Digtal ချိန်ကိုက်နာရီ ၁ လုံး၊ ၉ ဗို့ဓာတ်ခဲ ၂ လုံး၊ ၂ ပေခွဲလောက် ယမ်းကြိုးခွေ ၁ ခွေတို့နဲ့ ပေါက်ကွဲဖို့ တပ်ဆင်ထားတာကို တွေ့ရှိခဲ့တယ်လို့ ကျောက်မဲမြို့မ ရဲစခန်းက မှုခင်းတာဝန်ခံ တပ်ကြပ်ကြီးစာရေး ဦးသန်းဝင်းက ပြောပါတယ်။

အဲဒီချိန်ကိုက်မိုင်းကို BE တပ်ဖွဲ့က ည ၉ နာရီ ၅၈ မိနစ်အချိန်မှာ Water Bottle စနစ်နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

No comments: