Wednesday, November 25, 2015

RCSS ကိုယ်စားလှယ် စစ်ဘေးရှောင်များအတွက် သွားရောက်ထောက်ပံ့

သျှမ်းသံတော်ဆင့်


သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် လဲချားမြို့ရောက် စစ်ဘေးဒုက္ခသည် ရ၀၀ ကျော် အတွက် RCSS/SSA မှ လူသုံး ကုန်ပစ္စည်းများနှင့် စားနပ် ရိက္ခာများ သွားရောက်လှူဒါန်း ကာ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည် ။

သျှမ်းပြည်နယ်တောင်ပိုင်း ၊ လဲချားမြို့နယ် ၊ ကျောင်းပန်ဘုန်းကြီးေ ကျာင်း နှင့် ကျောင်းခမ်း ဘုန်းကြီးကျောင်းတို့တွင် နိုဝင်ဘာလ ၂၁ ရက်နေ့ အထိ မိုင်းနောင် ၊ မိုင်းရှူးဒေသခံ စစ်ဘေးဒုက္ခသည်များ ငါးရာကျော် ကျန်ရှိနေသေး ကြောင်း ၄င်းဒုက္ခများ အား ကူညီပေး လျှက်ရှိ သော လဲချားဒေသခံ အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည် ။

“ နိုင်ငံရေးကို စစ်ရေးအရ မဖြေရှင်းပဲ နိုင်ငံရေးနည်းလမ်းနဲ့ညင်သာ စွာ ဖြေ ရှင်း ဖို့တိုက်တွန်းလိုပါတယ် ။ တိုင်းရင်း သားဒေသတွေမှာ တိုက်ပွဲတွေ ထပ်မဖြစ် အောင် ၊ လျော့ချအောင်ကျနော်တို့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ ကလည်း တောင်းဆိုထားပါတယ် ” ဟု RCSS/SSA မှ ဗိုလ်မှုးကြီး စိုင်းအောင်မြက ပြောသည် ။

“ လေယာဉ်ပျံအသံကြားတော့ ကလေးတွေကထွက်ကြည့် ကြတယ် ၊ သိပ်မကြာဘူး လက်နက်တွေပစ်ချ တာကျမတို့အိမ် နှစ်အိမ်လုံးမီးလောင် သွားတယ် ၊ ဒီကိုရောက်လာတာတော့ ၁၀ ရက်ကျော်ပြီ ၊ အိမ်ပြန်ချင်ပြီ ဒီအချိန်က ရွာမှာ စပါးရိတ်တဲ့အချိန် ” ဟု မိုင်းနောင်ဒေသခံ နန်းဟွမ်က ပြောသည် ။

“ သေနတ်သံဗုံးသံတွေကျယ်လောင် လွန်းတော့ နှလုံးရောဂါရှိတဲ့ အသက် ၈၄ နှစ်အရွယ် ကျမအမေ နှလုံးဖောက်ပြီးဆုံးသွားတယ် စစ်ပွဲတွေမြန်မြန်ပြီး ချင် ပြီ ” ဟု မိုင်းနောင်ဒေသခံ နန်းနန်းကပြောသည် ။

နိုဝင်ဘာလအတွင်း SSPP နှင့် အစိုးရတပ်ကြားဖြစ်ပွားခဲ့သော စစ်ပွဲ များ ကြောင့် မိုင်းရှူးမိုင်းနောင် စစ်ဘေး ဒုက္ခသည်များမှာ ဟိုင်းပါတွင် ၁၃၀၀ ကျော် ၊ မိုင်းရှူးမြို့တွင် ၁၀၀၀ ကျော် ၊ ကျေးသီး ၀မ်ဝ တွင် ၁၀၀၀ ကျော် ၊ ကျိုင်းလိန် တွင် ၉၀၀ ကျော် ၊ ခုံပန်တွင် ၈၀၀ ကျော် ၊ ပန်လော့တွင် ၅၀၀ ကျော် ၊ မိုင်းနောင် တွင် ၆၅၀ ၊ ၀မ့်စိမ်းတွင် ၁၀၀၀ ခန့် ၊ မိုင်းရယ်တွင် ၂၀၀ ကျော် ၊ တောင်ကြီးတွင် ၃၀၀ ကျော် ၊ မိုင်းရယ်တွင် ၊ လားရှိုးတွင် ၁၀၀ ကျော်နှင့် လဲချား တွင် ရ၀၀ ကျော် ရောက်ရှိလာကြေ ကြာင်း ဒုက္ခသည် အရေး ကူညီဆောင်ရွက် လျှက်ရှိသော အဖွဲ့အစည်းများထံမှသိရှိရပါသည် ။

No comments: