Monday, March 7, 2016

တရုတ်ကုမ္ပဏီတည်ဆောက်သည့် အာရှ-အာဖရိက-ဥရောပ ရေအောက်ကေဘယ်စနစ် မြန်မာတွင် ဖြတ်သွယ်တန်း

people.cn

ကေဘယ်ကြိုးသွယ်တန်းမှု မြန်မာနိုင်ငံတွင် တာဝန်ယူဆောင်ရွက်နေသည့် China Unicom ကုမ္ပဏီက အာရှ-အာဖရိက-ဥရောပကေဘယ်စနစ်(AAE-1) ကို မြန်မာနိုင်ငံအပိုင်း သွယ်တန်းမှုအား ဖေဖော်ဝါရီ ၂၄ ရက် လုပ်ဆောင်ပြီးခဲ့ကြောင်း တရုတ်သတင်းဌာနက မတ် ၂ ရက်၌ ဖော်ပြသည်။ ငွေဆောင်တွင် ကေဘယ်ကြိုးသွယ်တန်မှုအား ယင်းတရုတ်ကုမ္ပဏီက ကြီးကြပ်ဆောင်ရွက်နေခြင်းဖြစ်သည်။

 AAE-1 ကေဘယ်စနစ်သည် အရှေ့တောင်အာရှမှ ဥရောပသို့ အီဂျစ်မှတစ်ဆင့်ဖြတ်ကာ ကီလိုမီတာ ၂၅၀၀၀ ရှည်လျားသည့် မြေအောက်ကေဘယ်ကြိုးသွယ်တန်းမှုဖြစ်သည်။ ယင်းကေဘယ်စနစ်ဖြင့် ဒေသတွင်းနိုင်ငံများဖြစ်ကြသော စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဟောင်ကောင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ အိုမန်၊ ယူအေအီး၊ ကာတာ၊ ယီမင်၊ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဂရိ၊ အီတလီနှင့် ပြင်သစ်နိုင်ငံတို့ အပါအဝင် နိုင်ငံ ၁၉ နိုင်ငံသို့ ချိတ်ဆက်သွယ်တန်းလျက်ရှိသည်။

အာရှ၊ အာဖရိကနှင့် ဥရောပတို့အနှံ့ ရုပ်သံလွှင့်အင်တာနက်ဈေးကွက်သစ်ကို ဖြစ်ထွန်းစေမည်ဖြစ်ပြီး ယခုနှစ်အတွင်း အပြီးသတ်သွယ်တန်းနိုင်မည်ဖြစ်သည်။ AAE-1 သည် China Unicom ၏ ပထမဆုံး ပြည်ပကေဘယ်သွယ်တန်းမှုလည်းဖြစ်သည်။ ယင်းစနစ်က ကမ္ဘာ့အင်တာနက်ကွန်ရက်ကို မြှင့်တင်ပေးမည်ဖြစ်သကဲ့သို့ တိုတောင်းသည့် လမ်းကြောင်းများ၊ နှောင့်နှေးမှုများကို လျှော့ချနိုင်ခြင်းနှင့် နက်ဝက်လုံခြုံရေးတို့ကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

 တည်ဆောက်ပြီးစီးပါက တရုတ်၏ ပိုးလမ်းမသစ်ကြီး စီမံကိန်းမဟာဗျူဟာအတွက်လည်း လွယ်ကူအဆင်ချောမွေ့စေမည်ဖြစ်သည်။ China Unicom သည် NCP၊ APG၊ SMW5 နှင့် CBCS ကေဘယ်သွယ်တန်းမှုများအပါအဝင် အကြီးစားနိုင်ငံတကာရေအောက်ကေဘယ်သွယ်တန်းမှုများကိုလည်း လုပ်ကိုင်လျက်ရှိနေသည်။

No comments: