Saturday, March 26, 2016

ကန်ကြီးထောင့် ပြည်ခိုင်ဖြိုး တွဲဖက်အတွင်းရေးမှူးအမှု အမိန့်ချမည့်ရက်ပြန်ချိန်း

စည်သူမောင်မောင်

ကန်​ကြီး​ထောင့်​မြို့နယ်​တရားရုံးတွင်​ ဒေါ်အောင်ဆန်းစုကြည်ပုံအား ညစ်ညမ်းစွာဖြန့်ချိမှုကြောင့် ဆက်သွယ်ရေးပုဒ်မဖြင့် တရားစွဲခံထားရသည့် ကန်ကြီးထောင့် ပြည်ခိုင်ဖြိုး တွဲဖက်အတွင်းရေးမှူးအား အမိန့်ချမည်ဟု ယနေ့ချိန်ဆိုထားသော်လည်း မတ် ၂၈ရက်နေ့တွင် အမိန့်ချမှတ်ရန် ပြန်လည်ချိန်းဆိုလိုက်သည်။

"အမှုကို အမိန့်​ချမှတ်​မယ်ဆိုပြီး ဒီ​နေ့ချိန်းထား​ပေမယ့်တရားသူကြီးက အဆင့်​သင့်​မဖြစ်​​သေးလို့ အမိန့်​ချမှတ်​မယ့်ရက်​ ပြန်​လည်​ချိန်းလိုက်​တယ်​၊ တရားသူကြီးက ရုံးချိန်​ကုန်​ခါးနီးမှပြန်​​ရောက်​လာတယ်။ အစည်းအ​ဝေးရှိလို့​တော့​ပြောတယ်​။ ရုံးချိန်းက​နောက်​တစ်ပတ်​ဆိုဆယ်​​ခြောက်​ကြိမ်​​မြောက်​"ဟု တရားလိုဦးစည်​သူ​အောင်​က ပြောသည်။

တရားစွဲဆိုခံရသူဘက်​မှ ရှေ​နေဦးပြုံးချိုက အမှုနှင့်​ပတ်​သက်​ပြီး​ပြောကြားရန်​မရှိ​ကြောင်း ​ဖြေဆိုသည်​။

ကန်​ကြီး​ထောင့်​မြို့နယ်​ ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီတွဲဘက်​အတွင်းအ​ရေးမှူး ဦးသန်းထွန်းက လူမှုစာမျက်​နှာ facebook​ပေါ်တွင်​ Thu Thu အ​ကောင့်​ဖြင့် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီဥက္ကဋ္ဌ​ဒေါ်​အောင်​ဆန်းစုကြည်​ပုံများ ညစ်​ညမ်းပုံတင်​သဖြင့်​ တရားလိုဦးစည်​သူ​အောင်​မှ အမှုအားတရားလိုပြုတိုင်းတန်​ခဲ့ပြီး နိုဝင်​ဘာ၂၅ရက်​​နေ့တွင်​တရားစွဲဆိုခဲ့သည်​။

No comments: