Wednesday, March 16, 2016

တောင်ကုတ် မအီစစ်ဆေးရေးဂိတ်တွင် စိတ်ကြွဆေးပြား ၄ သိန်းကျော် ဖမ်းမိ

နိရဉ္စရာ၊


ရန်ကုန် မြောက်ဒဂုံမှ စစ်တွေသို့ သယ်ယူလာသော ကျပ် သိန်းပေါင်း တစ်သောင်း ရှစ်ထောင်ကျော် တန်ဖိုးရှိသော စိတ်ကြွဆေးပြား ၄ သိန်းခွဲကို တောင်ကုတ်မြို့နယ် မအီ စုပေါင်း စစ်ဆေးရေးဂိတ်တွင် မတ်လ ၇ ရက်နေ့က ဖမ်းဆီးမိခဲ့သည်ဟု တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကိုကိုဦးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

ဆေးပြားများကို သယ်ဆောင်လာသည့် ရန်ကုန်မြို့ မြောက်ဒဂုံမှ ဦးသိန်းကျော် (၄၆) နှင့် ဇနီးဖြစ်သူ သန္တာဦး (၄၅) အား ဖမ်းဆီးထားပြီး စစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေကြောင်း မြို့နယ်မှူးက ပြောကြားသည်။

“ ဖမ်းမိတာက မတ်လ ၇ ရက်နေ့၊ နေ့လယ် ၁၄ နာရီ ၃၀ မိနစ်၊ ကားအမှတ်က 2L-၁၁၉၅၊ အမှုအမှတ်က မအီရဲစခန်း (ပ) ၁/ ၂၀၁၆ နဲ့ ပုဒ်မ ၁၅/၁၉ က / ၂၁ နဲ့ အမှုဖွင့်ထားပြီး ဆက်လက် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” ဟု ပြောသည်။

ယခင်က ဖမ်းဆီးမှုများ ရှိခဲ့သော်လည်း ယခု ဖမ်းဆီးရမိသော အရေအတွက်မှာ တောင်ကုတ်မြို့နယ် အတွင်း အများဆုံးဖြစ်ကြောင်း သိရှိရသည်။

No comments: