ဆင်ဟွာ
၂၀၁၅ ခုနှစ်၊ ဧပြီလမှ ၂၀၁၆၊ မတ်လအထိကာလအတွင်း မြန်မာ့ကုန်သွယ်ရေးလိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလျံအထိရှိခဲ့ပြီး ယမန်နှစ်ကထက် ၁ ဒသမ ၁၂ ဘီလျံမြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ကပြောကြားသည်။
ကျန်ခဲ့သည့်ဘဏ္ဍာရေးနှစ်အတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ဘီလျံရှိခဲ့သော်လည်း သွင်းကုန်ပမာဏမှာ ၁၅ ဒသမ ၈ ဘီလျံအထိရှိခဲ့ပြီး ကုန်သွယ်ရေးလိုငွေပြမှုမှာ ဒေါ်လာ ၅ ဒသမ ၃ ဘီလျံအထိ ရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် သဘာဝဓါတ်ငွေ့၊ ကျောက်စိမ်း နှင့် ဆန်တို့ကို အဓိကတင်ပို့လျှက်ရှိပြီး လောင်စာဆီ၊ စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းများနှင့် ကားပစ္စည်းများကို တိုင်းပြည်အတွင်းသို့ အများဆုံးတင်သွင်းလျှက်ရှိသည်။
မြန်မာနိုင်ငံအတွင်းတွင် ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နိုင်ငံမှုအားနည်းခြင်းကလည်း ကုန်သွယ်ရေးလိုငွေပြမှု မြင့်မားနေခြင်း၏ အဓိကအကြောင်းတစ်ရပ်ဖြစ်လျှက်ရှိသည်။
ထို့ပြင် ကုန်သွယ်ရေးလိုငွေပြမှုသည် မြန်မာပြည်အတွင်း၌ အမေရိကန်ဒေါ်လာကဲ့သို့သော ငွေမာများကို ၀ယ်လိုအား မြင့်တက်လာမှု နှင့် နိုင်ငံခြားအရံငွေပမာဏ နည်းပါးခြင်းတို့ ဖြစ်ပေါ်ရခြင်း၏ နောက်ကွယ်မှအကြောင်းရင်းတစ်ရပ် ဖြစ်သည်ဟု မြန်မာစီးပွားရေးပညာရှင် ဒေါက်တာဦးအောင်ကိုကို ကပြောကြားထားသည်။
No comments:
Post a Comment