Friday, March 18, 2016

ဝန်ကြီးဌာန ၂၁ခုထားရှိမည့်အပေါ် အမတ်(၅)ဦး ဆွေးနွေး၊ ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်က ဆွေးနွေးခြင်းမရှိ

မင်းမင်း

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်
သို့တင်ပြလာသော ဝန်ကြီးဌာန (၂၁)ခုထားရှိမည့်အပေါ် ပြည်ထောင်စုလွှတ်တော်အမတ် (၅)ဦးက ယနေ့မတ်လ
(၁၈)ရက်၊ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်သည်။

ဆွေးနွေးမည့်သူ (၅)ဦးအနက် သုံးဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၃)ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ
ဦးဂျေယောဝူနှင့် ရခိုင်အမျိုးသားပါတီမှ ဦးဘရှိန်တို့ဖြစ်သည်။

လာမည့် ဧပြီ(၁)ရက်တွင် စတင်ထမ်းဆောင်မည့် NLDအစိုးရလက်ထက်တွင် ဝန်ကြီးဌာန(၂၁)ခုနှင့် ဝန်ကြီး(၁၈)ဦး
ထားရှိမည်ဟု ဦးထင်ကျော်က တင်ပြထားကြောင်း လွှတ်တော်နာယကမန်းဝင်းခိုင်သန်းက မတ်လ ၁၇ရက်က လွှတ်တော်သို့
တင်ပြထားခြင်းဖြစ်သည်။

ဝန်ကြီးဌာန ၂၁ခုအနက် ဝန်ကြီး(၁၈)ဦးထားရှိမည်ဖြစ်ကာ ကျန်ဝန်ကြီဌာန(၃)ခုဖြစ်သော ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့်
ပြည်ထဲရေးဝန်ကြီးဌာနတို့ကိုမူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခြေခံဥပဒေအရ ခန့်အပ်ခွင့်ရမည်ဖြစ်သည်။

ထားရှိမည်ဟု တင်ပြထားသော ဝန်ကြီးဌာန(၂၁)ခုမှ အောက်ပါအတိုင်းဖြစ်သည်။

၁) နိုင်ငံခြားရေးဝန်ကြီးဌာန

၂) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

၃) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

၎) ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန

၅) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီးဌာန

၆) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

၇) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

၈) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

၉) စက်မှုဝန်ကြီးဌာန

၁၀) ကျန်းမာရေးဝန်ကြီးဌာန

၁၁) ပညာရေးဝန်ကြီးဌာန

၁၂) ဆောက်လုပ်ရေးဝန်ကြီးဌာန

၁၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

၁၄) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန

၁၅) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

၁၆) ပြန်ကြားရေးဝန်ကြီးဌာန

၁၇) တိုင်းရင်းသားရေးရာဝန်ကြီးဌာန

၁၈) သမ္မတရုံးဝန်ကြီးဌာန

၁၉) ကာကွယ်ရေးဝန်ကြီးဌာန

၂၀) ပြည်ထဲရေးဝန်ကြီးဌာန

၂၁) နယ်စပ်ရေးရာဝန်ကြီးဌာန

No comments: