Thursday, March 10, 2016

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးဆောင်ကာ ဖောင်ဒေးရှင်းဖွဲ့ရန်စီစဉ်

စည်သူမောင်မောင်

ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးဆောင်ကာ ပညာ​ရေး၊ကျန်းမာ​ရေးနှင့်ဘက်​စုံဖွံဖြိုးတိုးတက်​​ရေး​ဖောင်း​ဒေရှင်း တစ်ခု ဖွဲ့စည်း၍ ဒေသအကျိုး​ဆောင်​ရွက်​​ပေးမည်​ဖြစ်​​ကြောင်း ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့​မှ ဘဏ္ဍာ​ရေးဝန်​ကြီးဦးဝင်းကိုကိုက ​​ပြောကြားသည်​။

"အရပ်​ဖက်​လူမှုအဖွဲ့အစည်း​တွေ​ဆောင်​ရွက်​လုပ်​ကိုင်​တာကို တိုင်း​ဒေသကြီးအစိုးရအအဖွဲ့က လက်​ခံယုံကြည်​​သ​ဘောကျနှစ်​ခြိုက်​လို့ ​နောင်​ကာလ​တွေမှာ ကိုယ်​​တွေပါတီကအစိုးရမဖွဲ့နိုင်​​တော့ဘူး၊ ပါတီအ​နေနဲ့မဟုတ်​ပဲ အရပ်​ဖက်​လူမှုအဖွဲ့အစည်းတရပ်​အ​နေနဲ့ကျယ်​ကျယ်​ပြန့်​ပြန့်​လူတိုင်းပါဝင်​နိုင်​​သော ​ဖောင်း​ဒေရှင်းတရပ်​အ​နေနဲ့ထူ​ထောင်​ပြီးလုပ်​ဖို့ကိုဝန်​ကြီးချုပ်​ကြီးကရည်​ရွယ်​တာ"ဟု ဘဏ္ဍာ​ရေးဝန်​ကြီးဦးဝင်းကိုကိုက မဇ္ဈိမသို့​ပြောသည်​။

ဆုံးဖြတ်ချက်အပြီးသတ်မချမှတ်ရသေးကြောင်း လုပ်ဆောင်ရန်အတွက်လည်း မူဝါဒသဘောများချမှတ်ပြီး အဖွဲ့အစည်းကို တရားဝင်မှတ်ပုံတင်ရန်အတွက် ပထမအကြိမ် တွေ့ဆုံညှိနှိုင်းမှုများ လုပ်ပြုပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။ "​တိတိကျကျဆုံးဖြတ်​ပြီးရင်​ ​ဖောင်း​ဒေရှင်​လိုဂို၊​ဖောင်း​ဒေရှင်​သွားရမယ်​မူဝါဒသ​ဘောထား၊​သုံးစွဲမယ်​ရန်​ပုံ​ငွေကို ဘယ်​လိုနည်းနဲ့ရှာမယ်​၊ဘယ်​​နေရာ​တွေမှာဖွင့်​မယ်​ အ​သေးစိတ်​ညှိနှိုင်းပြီးရင်​ အားလုံးကိုတင်​ပြ​ပေးပါမယ်​ "ဟု၎င်းက​ပြောသည်​။

No comments: