NK NEWS
အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က မြောက်ကိုရီးယားနိုင်ငံ၏ လက်နက်ကုန်သွယ်မှုတွင် ပါဝင်မှုဖြင့် ဘလက်လစ်စာရင်းသွင်းကာ ဒဏ်ခတ်ပိတ်ဆို့ထားသည့် မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ကင်ဆော့ချောင်အား လူစားထိုးမည်ဖြစ်သည်။
မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြန်လည်စတင်ချိန်မှစကာ ပထမဆုံးသံအမတ်ကြီးအဖြစ် ကင်ဆော့ချောင်က ၂၀၀၇ ခုနှစ်မှစကာ တာဝန်ယူခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားအနေဖြင့် ကင်ဆော့ချောင်နေရာတွင် ဂျူဟိုဘွန်အား မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီးအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။
“မြောက်ကိုရီးယားနိုင်ငံက သံအမတ်ကြီးကင်ကို ပြန်ခေါ်ဖို့ရှိပြီး မြန်မာအစိုးရသစ်နှင့် ဆက်ဆံရေးချောမွေ့စေရေးအတွက် သံအမတ်ကြီးသစ်ကို ခန့်အပ်သွားဖို့ရှိပါတယ်။”ဟု ဗြိတိန်နိုင်ငံ Royal United Service Institute မှ နျူကလီးယားမူဝါဒရေးရာ လက်ထောက်ညွန်ကြားရေးမှူးချုပ် အင်ဒရာအာဂါက NK News သို့ ပြောသည်။
ကုလသမဂ္ဂက မကြာသေးမီက မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံပြဌာန်းလိုက်ခြင်းကြောင့် မြောက်ကိုရီးယားလက်နက်ကုန်သွယ်မှုတွင် ပါဝင်သူများအပေါ် ကုလအဖွဲ့ဝင်နိုင်ငံများက လက်မခံနိုင်ဖွယ်ဖြစ်လာသည်။
“မြန်မာနိုင်ငံက မြောက်ကိုရီးယားသံအမတ်ကြီး ကင်ဟာ KOMID အတွက် အလုပ်လုပ်ပေးနေသူပါ မြောက်ကိုရီးယားအစိုးရတာဝန်ရှိသူအဖြစ် ခန့်အပ်ထားတာဖြစ်ပါတယ်။”အမေရိကန် ဘဏ္ဍာရေးဌာနက သတင်းထုတ်ပြန်သည်။
ကိုရီးယားသတ္တုတူးဖော်ကုန်သွယ်ရေးကော်ပိုရေးရှင်း KOMID သည် ဖျက်အားပြင်းဒုံးကျည်များနှင့် စစ်လက်နက်ပစ္စည်းများကို ကုန်သွယ်နေသည့် ကော်ပိုရေးရှင်းအဖြစ် သတ်မှတ်ခံထားရသည်။
No comments:
Post a Comment