Monday, March 7, 2016

အိမ်ရှေ့တွင် ယာဉ်မရပ်နိုင်ရန် တားဆီးထားပါက အရေးယူမည်

မဇ္ဈိမ

မိမိအိမ်ရှေ့များတွင် ယာဉ်များ သွားလာခြင်း၊ ရပ်နားခြင်းကို ပိတ်ပင်တားဆီးကာ အတား အဆီးများချထားမှုသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ နှင့် ညိစွန်းသဖြင့် အရေးယူမည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာရေးကော်မတီက လိုက်လံ ကြေငြာနေသည်။

"မိမိအိမ်ရှေ့ စည်ပင်သာယာလမ်းတွေအတွင်း အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် ယာဉ်များသွားလာခြင်း၊ ရပ်နားခြင်းတို့အတွက် အနှောက်အယှက်ဖြစ်စေနိုင်သည့် အတားအဆီးများ ချထားခြင်းသည် ၂၀၁၃ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ တားမြစ်ချက် ပုဒ်မ ၆၃အား ဖောက်ဖျက်ကျူးလွန်နေပါသဖြင့် မိမိတို့ချထားသော အတားအဆီးများအား ဖယ်ရှားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ထပ်မံ စစ်ဆေးတွေ့ရှိပါက စည်ပင်သာယာရေးဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်" ဟု မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာရေးကော်မတီက မတ်လ ၃ရက် နေ့လည်က မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်ရပ်ကွက်အတွင်း လိုက်လံ အသိပေးနှိုးဆော်နေခြင်းဖြစ်သည်။

No comments: