Friday, March 11, 2016

ဦးထင်ကျော်နှင့် ဦးဟင်နရီဗန်ထီးယူ ဒုသမ္မတများအဖြစ် အနိုင်ရ

ဧရာဝတီ


NLD ပါတီ မှ အဆိုပြုခဲ့သည့် ဦးထင်ကျော် နှင့် ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မှ အဆိုပြုတင်သွင်းခဲ့သည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးခင်အောင်မြင့် တို့ ကို မဲအပြတ်အသတ်အနိုင်ရကာ ဒုသမ္မတနေရာ အတွက် အနိုင်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

ယနေ့ မနက် ၁၀ နာရီက ပြုလုပ်သည့် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ အစည်းအဝေးတွင် ဒုသမ္မတလောင်းများ ကို ဆန္ဒမဲပေးသည့် စနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

NLD ပါတီမှ အဆိုပြုခဲ့သူ ဦးထင်ကျော် က ပြည်သူ့လွှတ်တော်တွင် ထောက်ခံမဲ ၂၇၄ မဲ ဖြင့် ၂၉ မဲ ရရှိခဲ့သည့် USDP ပါတီမှ ဒေါက်တာစိုင်းမောက်ခမ်းကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်တွင် ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ က ထောက်ခံမဲ ၁၄၆ မဲ ဖြင့် ဒုသမ္မတ အဖြစ် အနိုင်ရကာ ဦးခင်အောင်မြင့် က ၁၃ မဲ ဖြင့် ရှုံးနိမ့်ခဲ့သည်။

တပ်မတော်သားကိုယ်စားလှယ်များဘက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းလာဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

နိုင်ငံတော်သမ္မတရွေးချယ်မှု အစီအစဉ် ကို မတ် ၁၈ ရက် လွှတ်တော်တွင် ပြုလုပ်ရွေးချယ်မည်ဖြစ်သည်ဟု သိရသည်။

No comments: