Thursday, March 3, 2016

တောင်တွင်းကြီး မီးလောင်မှု အိမ်ခြေ ၁၀၂လုံး ဆုံးရှုံး

ဒေါင်းလူ၊ တင်ရွှေ

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ညာဂမိုးအုပ်စု ဖျောက်ဆိပ်ကုန်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၉ ရက်၊ ညနေ ၃ နာရီအချိန်ခန်က မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၁၀၂လုံး ပျက်ဆီးဆုံးရှုံးခဲ့သည်ဟု တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

"လက်ရှိမှာ မီးဘေးကယ်ဆယ်ရေးစခန်းကို ဖျောက်ဆိပ်ကုန်း အမက(၈၁)မှာ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်။ တောင်တွင်းကြီးမြို့က ပြည်သူတွေအနေနဲ့ မီးဘေးသင့်ပြည်သူများအတွက် ထမင်း၊ ရေသန့်၊ အဝတ်အထည်များ ပံ့ပိုးကူညီ လှူဒါန်းကြစေလိုပါတယ်။" ဟု တောင်တွင်းကြီး မြို့ဒေသခံ ဦးအောင်ကျော်ကျော်က မဇ္ဈိမသို့ ပြောသည်။

မီးလောင်ကျွမ်းမှုမှာ ဦးမင်းမင်းဆိုသူ၏ လေးပင် သွပ်မိုး၊ ထရံကာ နေအိမ်မှ စတင်လောင်ကျွမ်းခဲ့ပြီး သုံးပင်ထရံကာ၊ သွပ်မိုး(၁၀)လုံး၊ လေးပင် သွပ်မိုးထရံကာ(၈၅)လုံး၊ တိုက်အိမ် နံကပ်(၇)လုံး စုစုပေါင်းအိမ်ခြေ(၁၀၂)လုံး လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာသို့ မြို.နယ်အုပ်ချုပ်ရေးမှူး၊ မြို.နယ် မီးသတ်ဦးစီးမှူး နှင့် ဆက်သွားမီးသတ်စခန်းများမှ မီးသတ်ယာဉ် (၃)စီး၊ တောင်တွင်းကြီးမြို့မှ မီးသတ်ယာဉ် (၁၈)စီး၊ မကွေးခရိုင်မီးသတ် ယာဉ် (၁)စီး ရေသယ်ယာဉ်(၂)စီး၊ ဆက်သွားမီးသတ်စခန်းမှ(သန္ဓေ) ၈ ဦး၊ တောင်တွင်းကြီးမီးသတ်(သန္ဓေ) ၂၂ ဦး၊ အရန်မီးသတ်(၁၀၀)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင်(၄၀)ဦး၊ တပ်မတော် ခ.မ.ရ (၁၀၃)မှ တပ်ရေးဗိုလ်ကြီးပါ(၇၀)ဦး၊ စုစုပေါင်း အင်အား(၂၄၀)ဦးခန့်နှင့် ဒေသခံ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃နာရီ ၄၅ တွင် မီးညွန့်ကျိုးပြီး ၄နာရီခွဲတွင် မီးငြိမ်းခဲ့သည်။

No comments: