မဇ္ဈိမ
မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရှိနေသူတို့အပေါ် ခွဲခြားဆက်ဆံမှုကို ကိုင်တွယ်မည့် အစီအစဉ်တစ်ခုကို အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ဆိုင်ရာ ကုလသမဂ္ဂ၏ ပူးတွဲအစီအစဉ် (UNAIDS) က ဆောင်ရွက်လျက်ရှိပြီး လာမည့် မတ်လ ၁ ရက်နေ့သည် Zero Discrimination Day(ခွဲခြားမှုမရှိသည့်နေ့) ဖြစ်သည်။
UNAIDS ၏ရည်ရွယ်ချက်မှာ အိုင်ခ်ျအိုင်ဗွီနောက်ထပ်ကူးစက်မှုမရှိရေး၊ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရှိနေသူများအပေါ် ခွဲခြားဆက်ဆံမှုမရှိရေးနှင့် အေအိုင်ဒီအက်စ်ကြောင့် မသေဆုံးရေးတို့ဖြစ်သည်။
ခွဲခြားဆက်ဆံမှုမပပျောက်ပါက အိတ်ခ်ျအိုင်ဗွီနောက်ထပ်ကူးစက်မှု သို့မဟုတ် အေအိုင်ဒီအက်စ်ကြောင့် သေဆုံးမှုပပျောက်ရေးတို့မှာ လုံးဝဖြစ်နိုင်မည်မဟုတ်ကြောင်း ဖေဖော်ဝါရီ ၂၆က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ထို့ကြောင့် UNAIDS သည် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နှင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးအတွက် UNAIDS ၏ကမ္ဘာလုံးဆိုင်ရာတောင်းဆိုသူ ဒေါ်အောင်ဆန်းစုကြည်နှင့်ပူးပေါင်းကာ zero discrimination လှုံ့ဆော်မှုစစ်ဆင်ရေးကို ၂၀၁၃ ဒီဇင်ဘာက စတင်ခဲ့သည်။
အဆိုပါစည်းရုံးလှုံ့ဆော်မှုက ခွဲခြားဆက်ဆံမှုမရှိရေးအတွက် အသွင်ပြောင်းလဲရေးပြုလုပ်ရန်နှင့် ခွဲခြားမှုမရှိရေးအတွက် အသွင်ပြောင်းလဲမှုသင်္ကေတအဖြစ် လိပ်ပြာကို အသုံးပြုရန်တောင်းဆိုခဲ့သည်။
လှုံ့ဆော်မှုက နှစ်တိုင်း မတ်လ ၁ ရက်တွင် ကျင်းပမြဲဖြစ်သည့် Zero Discrimination Day နေ့အထိဖြစ်သည်။ လူတိုင်းက ခွဲခြားဆက်ဆံမှုပပျောက်ရေးအတွက် လူမှုမီဒီယာများကို စည်းရုံး၍ လည်းကောင်း၊ အခြားသူများအား လှုံ့ဆော်မှုတွင် ပါဝင်ရန် အားပေးခြင်းဖြင့်လည်းကောင်း မိမိတို့၏ ကတိကဝတ်ကို ပြသနိုင်သည်။
ယင်းအပြင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် Zero Discrimination ၏ Global Advocacy အဖြစ် ခန့်အပ်ခံထားရသူဖြစ်သည်။
No comments:
Post a Comment