Monday, March 14, 2016

ရခိုင်ပြည်နယ် လမ်းပမ်းဆက်သွယ်ရေးအတွက် JICA က စက်ယန္တရားများ ထောက်ပံ့

မဇ္ဈိမ

ရခိုင်ပြည်နယ်အတွင်း လမ်းဆောက်လုပ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ဂျပန်အစိုးရမှ မြန်မာ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ စက်ယန္တရားများ ထောက်ပံ့ပေးအပ်ခဲ့သည်။

JICA မှ လမ်းဆောက်လုပ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ စက်၊ ယာဉ်၊ ယန္တရားပေါင်း ၅၇ ခုကို ထောက်ပံ့ပေး အပ်သည့်အခမ်းအနားကို မတ် ၇ ရက်တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း လမ်း ကွန်ရက်များ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

အဆိုပါ ပစ္စည်းများ ထောက်ပံ့ပေးအပ်ရန် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက် က နေပြည်တော်၌ မြန်မာဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ လက်မှတ်ရေးထိုးခဲ့ကြပြီး တန်ဖိုးငွေ ဂျပန်ယန်း ၇၃၈ သန်းအတွက် သဘောတူညီခဲ့ကြသည်။

ယင်း စက်ယန္တရားကြီးများ အသုံးပြု၍ တောင်ကုတ်-မအီလမ်းပိုင်း ကီလိုမီတာ ၁၄ဝ အား လည်းကောင်း၊ တောင်ကုတ်-မအီ-အမ်းလမ်းပိုင်း ကီလို မီတာ ၂ဝဝ ခန့်အား လည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမြအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးလှဟန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်လင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E Mr.Tateshi HIGUCHI ၊ JICA မှ Mr. Akihito SANKO Senior Representative တို့လည်း တက်ရောက်ခဲ့ကြသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းဖော်ပြထားသည်။

No comments: