Thursday, March 17, 2016

ဝန်ကြီးဌာန ( ၂၁) ခုသာ NLDအစိုးရထားရှိမည်

မင်းမင်း

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ဝန်ကြီးဌာန(၃၆)ခု ထားရှိခဲ့ရာမှ လာမည့်ဧပြီလ (၁)ရက်တွင် စတင်တာဝန်ထမ်းဆောင်မည့် NLDအစိုးရက ဝန်ကြီးဌာန(၂၁)ခုကိုသာ ထားရှိမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေငြာလိုက်သည်။

ဝန်ကြီးဌာန ၂၁ခုနှင့် ဝန်ကြီးဦးရေ (၁၈)ဦးတို့ကိုသာထားရှိမည်ဟု မန်းဝင်းခိုင်သန်းက ဆိုသည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဦးထင်ကျော်ကတင်ပြသော ပြည်ထောင်စုအစိုးရဝန်ကြီးဌာနအရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေသတ်မှတ်ခြင်းတို့ကို မတ်လ ၁၇ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မန်းဝင်းခိုင်သန်းက လွှတ်တော်တွင် တင်ပြလိုက်ခြင်းဖြစ်သည်။

လွှတ်တော်အမတ်များအနေဖြင့် ယင်းကိစ္စအပေါ်ဆွေးနွေးလိုပါက မနက်ဖြန် မတ်လ ၁၈ရက်တွင် ဆွေးနွေးမည်ဟု မန်းဝင်းခိုင်သန်းက ပြောသည်။

ထားရှိမည့် ပြည်ထောင်စုဝန်ကြီးဌာနများမှာ
၁) နိုင်ငံခြားရေးဝန်ကြီးဌာန
၂) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၃) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
၎) ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန
၅) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီးဌာန
၆) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
၇) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၈) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
၉) စက်မှုဝန်ကြီးဌာန
၁၀) ကျန်းမာရေးဝန်ကြီးဌာန
၁၁) ပညာရေးဝန်ကြီးဌာန
၁၂) ဆောက်လုပ်ရေးဝန်ကြီးဌာန
၁၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၄) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
၁၅) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၆) ပြန်ကြားရေးဝန်ကြီးဌာန
၁၇) တိုင်းရင်းသားရေးရာဝန်ကြီးဌာန
၁၈) သမ္မတရုံးဝန်ကြီးဌာန
၁၉) ကာကွယ်ရေးဝန်ကြီးဌာန
၂၀) ပြည်ထဲရေးဝန်ကြီးဌာန
၂၁) နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ဖြစ်သည်။

No comments: