Tuesday, April 5, 2016

ဧရာဝတီတိုင်းတွင် ဝန်ကြီး ငါးဦးအမည် ယနေ့တင်သွင်းမည်၊ ပညာရှင် သုံးဦး၊ ကိုယ်စားလှယ် နှစ်ဦးပါမည်

စည်သူမောင်မောင်

ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်​ ဝန်​ကြီး ၅ ဦး၏ အမည်စာရင်းကို တိုင်း​ဒေသကြီးလွှတ်​​တော်​သို့ တိုင်းဝန်​ကြီးချုပ်​မန်း​​ဂျော်​နီမှ ဧပြီလ ၅ ရက်​​တွင်​ တင်သွင်းမည်​ဖြစ်​​ကြောင်း သိရှိရသည်​။ တိုင်း​ဒေသကြီးဝန်​ချုပ်​​ပေးပို့သည့်​ ဝန်​ကြီးများစာရင်​တွင်​ ကိုယ်​စားလှယ်​မဟုတ်​သူများမှ ဝန်​ကြီးစာရင်း တင်​သွင်းခံရသူ၃ဦးပါရှိပြီး၊ ကိုယ်​စားလှယ်​များထဲမှ ၂ဦးသာပါရှိသည်။

 ယင်းအမည်စာရင်းကို လွှတ်​​တော်​ကိုယ်​စားလှယ်​များက ​ဆွေး​နွေးရန်​မရှိပါက ထိုငါးဦးကို အတည်ပြုမည်ဖြစ်ကာ လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်တွင် ကတိသစ္စာပြုရမည်ဖြစ်သည်။ "ပြင်​ပသူ​တွေ ပညာရှင်​​တွေပါလာတယ်​​။ ကိုယ်​စားလှယ်​က ၂​ယောက်​ပဲပါတယ်​"ဟု ကိုယ်​စားလှယ်​တစ်ဦးထံမှ သိရှိရသည်​။

 အရပ်​သားမှ​ရွေးချယ်​သူများတွင် စိုက်​ပျိုးရေးပညာရှင်​များ၊ စာရင်းအင်းပညာရှင်​နှင့်​ ​ဆောက်​လုပ်​​ရေးပညာရှင်​တို့ ဖြစ်​​ကြောင်းသိရှိရပြီး စည်​ပင်​သာယာ​ရေးနှင့်​ လူမှု​ရေးဝန်​ကြီး​နေရာတို့အား ကိုယ်​စားလှယ်​များထဲမှ တာဝန်ယူမည်ဟု သိရသည်။

No comments: