မျိုးသူအောင်
နိုင်ငံတော် သမ္မတ၏ ကိုယ်ရေးအရာရှိအား လက်ဆောင်အဖြစ် ငွေကျပ် သိန်း ၅၀ ပေးသည့် မီဒီယာ ကုမ္ပဏီကြီးတစ်ခုအား နောက်နောင်တွင် ဘောင်ကျော်၍မလုပ်ဆောင်ရန် နိုင်ငံတော် သမ္မတရုံးက အကြောင်းကြားခဲ့ကြောင်း သိရသည်။ အစိုးရသစ်လက်ထက်တွင် ပထမဆုံးပေါ်ပေါက်သည့်အတွက် ပညာပေးကာလဟုသတ်မှတ်ပြီး အရေးယူဆောင်ရွက်မည်မဟုတ်ဟု သမ္မတရုံးက ထုတ်ပြန်ချက်တွင်ပါရှိသည်။
သမ္မတရုံး ၀န်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ဧပြီလ ၂၀ရက်နေ့ ညနေပိုင်းတွင် သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယခုကဲ့သို့ ရေးသားခဲ့ခြင်း ဖြစ်သည်။ ၎င်းး၏ဖော်ပြချက်အရ လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်ကို လိုက်နာခြင်းမရှိပဲ ဆောင်ရွက်လာသည့် မီဒီယာ ကုမ္ပဏီကြီးတစ်ခုအား နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် အသိပေးအကြောင်းကြားစား ပေးပို့ခဲ့ကြောင်း သိရသည်။
နေပြည်တော် သင်္ကြန်တွင် မဏ္ဍပ်ဆောက်၍ ပါဝင်ဆင်နွဲခဲ့သည့် မီဒီယာကြီးအနေဖြင့် အစိုးရအဖွဲ့ တာဝန်ရှိသူများကို ဖိတ်ကြားရေး ဧည့်ခံရာတွင် အရေးကြီးပုဂ္ဂိုလ်၏ ကိုယ်ရေးအရာရှိအား ငွေကျပ် သိန်း ၅၀ပါ အထုပ်ကို ပေးအပ်ခဲ့ကြောင်း ယင်းအကြောင်းကြားစာတွင် ဖော်ပြထားသည်။ ထို့ပြင် အဆိုပါ ငွေကျပ် သိန်း ၅၀အား နွေရာသီတွင် ရေရှားပါးသဖြင့် သောက်သုံးရေရရှိရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနကို အလှူငွေအဖြစ် ပြန်လည် လှူးဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment