Saturday, April 16, 2016

ကမ္ဘာ့သြဇာအရှိဆုံး စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်က တတိယ နေရာရရှိ

DVB


ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ စစ်တမ်းအရ ကမ္ဘာ့သြဇာအရှိဆုံး စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်က တတိယ နေရာရရှိပါတယ်။

ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်ကို တိုင်းမ်မဂ္ဂဇင်းက ပဏာမရွေးချယ်တဲ့ လူ ၁၀၀ ထဲက စာဖတ်သူတွေက မဲပေး ရွေးချယ်ရကြတာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် သြဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် အမေရိကန် ဒီမိုကရက်တစ်ပါတီရဲ့  သမ္မတလောင်း ဘာနေ ဆန်ဒါးစ်က မဲအများဆုံး ရရှိပါတယ်။ သူ့နောက်မှာ တောင်ကိုရီးယား တီးဝိုင်းဖြစ်တဲ့ Big Bang က ဒုတိယ ရရှိပါတယ်။

တတိရရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာက်မှာ အမေရိကန် သမ္မတ အိုဘားမားက စတုတ္ထရရှိပါတယ်။

ပါကစ္စတန်က နိုလ်ဘယ်ဆုရှင် မာလာလာ၊ လေဒီဂါဂါ၊ တေလာဆွစ်ဖ်၊ အမေရိကန် သမ္မတကတော် မီချယ် အိုဘားမား၊ ပုပ်ရဟန်းမင်းကြီး ဖရန်နဲ့ သရုပ်ဆောင် လီယိုနာဒို ဒီကက်ပရီယိုလည်း ထိပ်ဆုံးက သြဇာအရှိဆုံး ပုဂ္ဂိုလ်စာရင်းမှာ ပါဝင်ကြပါတယ်။

No comments: