Xinhua
မြန်မာနိုင်ငံနှင့် အီတလီ နှစ်နိုင်ငံကြား အထူးသဖြင့် စိုက်ပျိုးရေး၊ အစားအစာဘေးကင်းလုံခြုံရေး၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍများတွင် အပြန်အလှန်းပူးပေါင်းဆောင်ရွက် လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းတွင် ဧပြီ ၇ ရက်က ဖော်ပြသည်။
မြန်မာနိုင်ငံတွင် အစိုးရသစ်တက်ပြီးနောက် ရောက်ရှိလာသည့် အီတလီနိုင်ငံခြားရေးဝန်ကြီး ပါအိုလိုဂျန်တဲလိုနီဆီဗာရီက သမ္မတသစ်ဦးထင်ကျော်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာတွင် အီတလီအစိုးရက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းကို ကတိပြုခဲ့သည်။ အဆိုပါချေးငွေက ပြည်နယ်နှင် တိုင်းဒေသကြီးများမှ ကျေးရွာ ၂၁၅ ရွာတွင် လျှပ်စစ်မီးနှင့် ရေရရှိရေး၊ မိလ္လာစနစ်နှင့် ကျန်းမာရေးဝန်ဆောင်မှုများအတွက် အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် ချေးငွေဖြစ်သည်။
မြန်မာအစိုးရ၏ ကျေးလက်ဒေသ ဝင်ငွေတိုးရေးနှင့် ဆင်းရဲမှုလျှော့ပါးရေးအတွက် မြစိမ်းရောင်စီမံကိန်းအပါအဝင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် နိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်းအနက် တစ်ခုအပါအဝင်ဖြစ်သည်။
No comments:
Post a Comment