ဝါဆို
သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့ထိ ၆ရက်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနသို့ ရောက်ရှိလာသည့် လူနာ တစ်ထောင့်ငါးယောက်ရှိပြီး သေဆုံးသူမရှိဟု ရန်ကုန် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက မဇ္ဈိမကိုပြောသည်။
အရေးပေါ်ဌာနသို့ ယာဉ်မတော်တဆမှုနှင့် ခိုက်ရန်ဖြစ်ပွားခြင်းကြောင့် ရောက်ရှိလာသည့် လူနာများကြောင်း ၎င်းကပြောသည်။
“ဒီနှစ်က ပြင်ထန်းတဲ့လူနာနည်းတယ်၊ ဒီနှစ်က မနှစ်ကထက် ဆယ်ဂဏန်းလောက်များပေမယ့် သေဆုံးမရှိခဲ့ဘူး”ဟု ဒေါက်တာ အေးကိုကိုက ပြောသည်။
ယခုနှစ်သင်္ကြန်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် ကျန်းမာရေးဝန်ကြီးဌာနမှ ချက်မှတ်ထားသည့် စည်းကမ်းလမ်းညွှန်ချက်များကို ရေပတ်ကစားသူများ သေချာ လိုက်နာဆောင်ရွက်မှုကြောင့် ပြင်ထန်လူနာ အရေးပေါ်ဌာနသို့ ရောက်ရှိမှု လျှော့နည်းလာခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
အရေးပေါ်ဌာနသို့ လူနာ ၁၀၀၅ဦးတွင် အတွင်းလူနာအဖြစ် ခွဲစိတ်ဆောင်သို့ ၁၃ ဦးကို အရေးပေါ်ခွဲစိတ်ပေးခဲ့ရပြီး ဦးနှောက်နှင့်အာရုံကြောဌာနသို့ ၃၀၄ ဦး ၊ အရိုးအကြော ၁၂၉ ဦးစုစုပေါင်း ၄၄၆ ဦးကို ဆေးကုသပေးခဲ့ရသည်။
ယခင်နှစ်က သင်္ကြန်ကာလအတွင်း အရေးပေါ်ဌာနသို့ ရောက်ရှိလာသည့် လူနာ ၉၀၀ကျော်တွင် သေဆုံးသူနှင့်ဒဏ်ရာပြင်းထန်သူများ ရှိခဲ့သည်ဟု သိရသည်။
No comments:
Post a Comment