Monday, April 18, 2016

ဗိုလ်တစ်ထောင်မြို့နယ် တိုင်းစစ်၊ ခရိုင်စစ် စတုတ္ထတန်း အဌမတန်း ယခင်နှစ်ထက် အောင်ချက်ကောင်း

ဝါဆို

ဗိုလ်တစ်ထောင်မြို့နယ်ရှိ တိုင်းစစ်၊ ခရိုစစ် စတုတ္ထတန်းနှင့် အဌမတန်း စာမေးပွဲ အောင်စာရင်း ရလဒ်များတွင်ယခင်နှစ်ထက် အောင်ချက်ကောင်းတယ် ဟုဗိုလ်တစ်ထောင် မြို့နယ် ပညာရေးမှူး ဦးမြင့်အောင်က မဇ္ဈိမ ကိုပြောသည်။

ဗိုလ်တစ်ထောင်မြို့နယ်အတွင်း အစိုးရ ကျောင်းပေါင်း ၁၃ ကျောင်းရှိပြီး ကိုယ်ပိုင်းကျောင်း ၁ကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်း ၁ကျောင်း စုစုပေါင်း ၁၅ကျောင်း ရှိကာ စာမေးပွဲဖြေဆိုသူ လေးတန်း ကျောင်းသားဦးရေ ၁၀၉၆ အောင်မြင်သူ ၁၀၆၅ ဦး ရှိသည့်အတွက် တစ်မြို့နယ်လုံးချက် ၉၇ဒသမ ၁၇ ၇ာခိုင်နှုန်း ရှိပြီးအဌမတန်းဖြေဆိုသူ ၁၁၉၄ဦးတွင် အောင်မြင်သူ ၁၁၃၀ ဦးရှိသည့်အတွက် ၉၄ဒသမ ၆၃ ရာခိုင်နှုန်းသည်ဟု ၎င်းကပြောသည်။

“ ယခင်နှစ်က လေးတန်းက ကုစားရှိလို့အောင်ကြတယ်၊ ဒီနှစ်ကုစားမရှိပဲအောင်တော့ ကလေးတွေကလည်းကြိုးစားတော့ အောင်ချက်ကောင်းတယ်လို့ပြောရမယ်”ဟု၎င်းကပြောသည်။

ပညာရေး စနစ်ကို ခရိုင်စစ၊် တိုင်းစစ် စနစ်ကို ပြုလုပ်လိုက်သောကြောင့် ကျောင်းသားများအနေဖြင့် အပြိုင်အဆိုင်ကြိုးစားလာသည့် အတွက် ပညာရေးစနစ် ပြုပြင်းပြောင်းလဲမှု ရလဒ်ကောင်း ရလာသည်ဟု ၎င်းကပြောသည်။

ဘုန်းတော်ကြီး ပညာသင်ကျောင်းမှ ပညာရမိက ကျောင်းမှ စတုတ္ထတန်း ကျောင်းသား ၁၉ဦးဖြေဆိုခဲ့ရာ ၄ဦးအောင်မြင်ခဲ့သည် ဟု၎င်းကပြောသည်။

ဗိုလ်တစ်ထောင်တစ်မြို့နယ်ရှိအစိုးရစာသင်ကျောင်း ၁၃ ကျောင်းတွင် သူငယ်တန်း မှ ဒသမတန်းထိ ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၂၂၅၆ ဦးရေရှိကြောင်း မြို့နယ် ပညာရေးမှူးရုံး၏ စာရင်းဇယာအရသိရသည်။

No comments: