ကျော်ဝင်း (ကျောက်ဖြူ)
ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးမောင်အေး လွတ်မြောက်ရေးအတွက် ကျောက်ဖြူမြို့တွင် တစ်ကိုယ်တော် ဆန္ဒပြသူ တစ်ဦးကို ရဲက ထိန်းသိမ်းထားကြောင်း သတင်း ရရှိသည်။
“တစ်ကိုယ်တော် ဆန္ဒပြသူက ကိုထွန်းမြင့်စိုးဖြစ်ပါတယ်။ အခု ရဲစခန်းကို ရောက်သွားပါပြီ။ သူ့ကိုရဲစခန်းမှာ အာမခံရရှိဖို့လုပ်နေပါတယ်။ အာမခံရဖို့အတွက် ရဲစခန်းမှာ စောင့်နေပါတယ်”ဟု ကျာက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ ဦးထွန်းကြည်ကဆိုသည်။
ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာအုပ်စု၊ ရွာသစ်ရွာမှ ကိုထွန်းမြင့်စိုး၊ အသက်(၂၉)နှစ်သည်
ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်မှု စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးမောင်အေးအပါအ၀င် လူသုံးဦးအား ရုံးတင်စစ်ဆေးသည့် ယနေ့ ဧပြီလ ၁ ရက် နံနက် (၁၁) နာရီခန့်က ဦးမောင်အေးအား အပြစ်မရှိသဖြင့် လွတ်ပေးရန် တစ်ကိုယ်တော် ဆန္ဒပြ တောင်းဆို ခဲ့သည်။
၎င်းပြင် “ ဦးမောင်အေးကိုလွှတ်ပေးပါ၊ ဦးမောင်အေးသည် ရခိုင်သားအားလုံးအတွက် ဖြေရှင်းပေးသူဖြစ်၍ ဘယ်နိုင်ငံရေးနှင့်မှ (မဆိုင်)ပါ၊ AAနဲ့လည်း (မဆိုင်ပါ) ဆိုသည့် စာသားများ ပါသော ပိုစတာကိုကိုင်ဆောင်ကာ တစ်ကိုယ်တော်ဆန္ဒပြခဲ့သည်ဟု မျက်မြင်များက ပြောသည်။
ယင်းပိုစတာကိုကိုင်ဆောင်ပြီး ကိုထွန်းမြင့်စိုးသည် ကျောက်ဖြူမြို့နာရီစင်နားမှ တရားရုံး၊ ရဲစခန်းထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်သည့်စွပ်စွဲချက်ဖြင့်ဖမ်းဆီးခံရသူများဖြစ်ကြသည့် ဦးမောင်အေး၊ ဦးဇော်ဝင်းမောင်၊ ဦးထွန်းသာဖြူ တို့ကို ကျောက်ဖြူတရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်းသိရသည်။
မတ်လ ၂၁ ရက်နေ့ကလည်း ဥက္ကဋ္ဌ ဦးမောင်အေးနှင့် အဖွဲ့ကို ကျောက်ဖြူမြို့နယ် တရားရုံးသို့ ရုံးထုတ်လာစဉ် ကျောက်ဖြူဒေသခံများက ပန်းကုံးများ စွပ်ပြီး ကြိုဆို နှုတ်ခွန်းဆက်သခဲ့ကြသည်ဟု သိရှိရသည်။

No comments:
Post a Comment