မဇ္ဈိမ
တယ်လီနောမြန်မာသည် မကြာမီကျရောက်တော့မည့် သင်္ကြန်ပွဲတော်တွင် ၄င်း၏ အလှပြယာဉ်မှ ဖျော်ဖြေမှုများနှင့် ပထမဆုံးအကြိမ် ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
“တယ်လီနောက ပြည်တွင်းဓလေ့ထုံးတမ်းတွေကို အမြဲလေးစားပြီး လူထုနဲ့ တစ်သားတည်းဖြစ်အောင် ပါဝင်ဆောင်ရွက်လိုပါတယ်။ ဒါကလည်း တယ်လီနောက တန်ဖိုးထားရတဲ့ အချက်ဖြစ်ပြီး ဒီအလှပြယာဉ်နဲ့ ဖျော်ဖြေဖို့ စီစဉ်ရတဲ့အကြောင်းအရင်း တစ်ခုလည်းဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ Chief Marketing Officer Joslin E Myrthong က ပြောကြားသည်။
အလှပြယာဉ်များတွင် ရိုးရာသင်္ကြန်၏ အငွေ့အသက်ပါသည့် သင်္ကြန်အကများ၊သီချင်းများနှင့် ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်င်္ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဖျော်ဖြေမှုများတွင် Rဇာနည်၊ တင်ဇာမော်၊ကော်နီ၊ဖိုးသောကြာ စသည့်နာမည်ကြီးအဆိုတော်များနှင့် ဟားငါးကောင်လူရွှင်တော်အဖွဲ့ က ပါဝင်တက်ဆက်သွားမည်ဖြစ်သည်။
No comments:
Post a Comment