Thursday, April 21, 2016

လိုင်ဇာ အနီး တိုက်ပွဲတွင် KIA ဘက် ထိခိုက် သေဆုံး ဒဏ်ရာရ

Kachinnews


ယမန်နေ့ နေ့လယ်ပိုင်း အစိုးရတပ်မှ ကချင်လွတ်လပ်ရေး တပ်မတော် KIA ပေါင်စေး (Pau Se) ရှေ့တန်းစခန်းကို တိုက်ခိုက်ရာတွင် KIA မှ သေဆုံး ဒဏ်ရာရမှုရှိခဲ့ကြောင်း သိရပါသည်။

တိုက်ပွဲမှာ ယမန်နေ့ မနက်ပိုင်း ၁၁ နာရီခန့် တနင်္ဂနွေ ဝတ်ပြုအပြီး အစိုးရမှစစ်ကြောင်း သုံးကြောင်းဖြင့် တိုက်ခိုက်လာခြင်းဖြစ်ပြီး KIA ဘက် ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KIA ရှေ့တန်းသတင်းများ ပြောပါသည်။

ထို့ကြောင့် ယင်း KIA စခန်းကို ထပ်မံ ဆုတ်ခွာ ပေးလိုက်ရပြီ ဖြစ်ကြောင်း သိရပါသည်။

ယခုအကြောင်းနှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIA ဒု ဗိုလ်မှုးကြီး နော်ဘူကို မေးမြန်းရာတွင် ထိခိုက်ကျဆုံးမှု စာရင်းကို မသိရသေးကြောင်း ကချင်သတင်းဌာန KNG ကိုပြောခဲ့ပါသည်။

ယခု သိမ်းပိုက်မှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရတက်ပြီး သုံးပတ်အတွင်း အစိုးရတပ်၏ သုံးခုမြောက် KIA ရှေ့တန်းစခန်းကို သိမ်းပိုက်မှု ဖြစ်ပါသည်။

No comments: