Thursday, September 2, 2010

ကြံ့ဖွံ့ပါတီ အနိုင်ရ ရမည်ဟု ဦးသိန်းစိန်ပြော

မျိုးချစ်သူ / ၀၂ စက်တင်ဘာ ၂၀၁၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အနိုင်ရကိုရမည်ဟု ယုံကြည်ချက်ထားရန် ပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်က ပါတီကိုယ်စားလှယ် အမတ်လောင်းများအား ပြောကြားကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ်တွင် နေပြည်တော်မှ ရန်ကုန်သို့ ဦးသိန်းစိန်ရောက်ရှိလာရာတွင် ယင်းသို့ ပြောခြင်းဖြစ်ကြောင်း အဆိုပါ ကိုယ်စားလှယ်လောင်းက ပြောဆိုသည်။

နအဖအနေဖြင့် နိုင်ငံတော်မူဝါဒများကို စနစ်တကျရေးဆွဲထားပြီးဖြစ်ကာ ယခုရွေးကောက်ပွဲတွင်လည်း ကြံ့ဖွံ့ပါတီက မဖြစ်မနေအနိုင်ရစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု သိရသည်။

“ကျနော်ဟာ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ နားလည်မှု မရှိတာ အမှန်ပါ။ အခုလည်း ကျနော့်ကို မဲပေးပါလို့ ဘယ်လို ကျနော် ပြောနိုင်မလဲ၊ ဘယ်သူ့ကို ပြောရမှာလဲ၊ ဘယ်လို မဲဆွယ်စည်းရုံးရမှာလဲ ဆိုတာ ကျနော့်ပြဿနာပဲ” ဟု အဆိုပါ ကိုယ်စားလှယ်လောင်းဖြစ်သူက ပြောဆိုသည်။

ကြံ့ဖွံ့ပါတီမှ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်စည်းရုံးရေးမှူးတဦးကမူ ကိုယ်စားလှယ်လောင်းများအနေဖြင့် အနိုင်မရမည်ကို စိတ်ပူရန်မလိုကြောင်း၊ ကြံ့ဖွံပါတီအနေဖြင့် ကြိုတင်မဲများ ကောက်ခံခြင်း၊ ကိုယ်စားလှယ်စာရင်းအများဆုံး တင်နိုင်ခြင်းက အသာစီးရရှိပြီးဖြစ်သည်ဟု ညွှန်ကြားထားကြောင်း ပြောဆိုသည်။

၎င်းက “ကျနော်က မြောက်ဥက္ကလာပမြို့နယ်မှာ ပါဝင်မယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပါ။ မဲဆန္ဒနယ်ကိုတော့ မပြောတော့ဘူး။ ကျနော့်ကို ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ အထူးခေါင်းဆောင်က ပြောတယ်။ မနိုင်ဖို့မပူနဲ့တဲ့၊ အလိုလို ကိုယ်စားလှယ်ဖြစ်တယ်တဲ့၊ ပြိုင်မယ့်သူမရှိ အရွေးချယ်ခံရမှာပါတဲ့” ဟု ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်းတွင် ကြံ့ဖွံ့ပါတီက အခြားပါတီများထက် လုပ်ပိုင်ခွင့်များရရှိကာ မဲဆွယ်စည်းရုံးမှုများကို နေ့စဉ်ပြုလုပ်နေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

“ကျမတို့ တောင်ဒဂုံမှာဆိုရင်လည်း ကြံ့ဖွံ့က နေ့တိုင်းရပ်ကွက်တွေမှာ လိုက်ပြီး ဆွယ်တရားတွေ ဟောနေတယ်။ ကျမတို့ကတော့ သွားနားထောင် မအားပါဘူး၊ စားရေးသောက်ရေးကိုပဲ ဦးစားပေးနေရတာလေ။ ဘယ်သူတက်တက် ကိုယ့်ကိစ္စကို ကိုယ်ပဲတာဝန်ယူရတာ၊ အလုပ်ရှုပ်တယ်” ဟု (၇၀) ရပ်ကွက်နေ ပြည်သူတဦးက ပြောသည်။

ပါတီဝင်ပါက ငွေချေးမည်ဟု ကြံ့ဖွံ့ပါတီ လယ်သမားများကို စည်းရုံး

တက်လူ / ၀၂ စက်တင်ဘာ ၂၀၁၀

ကြံ့ဖွံ့ပါတီက ရန်ကုန်တိုင်းအတွင်း လယ်သမားများကို ပါတီဝင်ခိုင်းကာ ပါတီဝင်ပါက ငွေထုတ်ချေးမည်ဟု စည်းရုံးနေကြောင်း ကော့မှူးမြို့နယ်မှ လယ်သမားများက ပြောသည်။

လယ်တဧကလျှင် ငွေကျပ် (၁) သောင်းနှုန်း ထုတ်ချေးမည်ဟုပြောဆိုကာ ကော့မှူးမြို့နယ်အတွင်းမှ ကြံ့ဖွံ့ခေါင်းဆောင်များက လယ်သမားများအား လိုက်လံစည်းရုံးနေကြောင်း လယ် ( ၁၁) ဧက ပိုင်ရှင် လယ်သမားကြီးတဦးက ပြောသည်။

“တဧကကို (၁) သောင်းလောက်နဲ့တော့ သူတို့ပါတီကို မ၀င်ဘူး၊ သူတို့က အစိုးရပါတီလေ။ ကျနော်တို့ လယ်သမားတွေက အစိုးရကိုမှ မကြိုက်တာ” ဟု ၎င်းကပြောသည်။

ကော့မှူးမြို့နယ်မှ လယ်သမားများကို ကျပ် (၁၀၀) လျှင် အတိုးနှုန်း (၂) ကျပ်ခွဲဖြင့် ချေးပေးနေသော်လည်း ကွမ်းခြံကုန်းမြို့နယ်အတွင်းမှ လယ်သမားများကိုမူ ကျပ် (၁၀၀) လျှင် အတိုး (၂) ကျပ်နှုန်းဖြင့် ချေးပေးသည်ဟုလည်း ကွမ်းခြုံကုန်းမြို့နယ်မှ လယ်သမားများထံမှ သိရသည်။

“ပါတီဝင်ရမယ်၊ ပြီးတော့ ကြံ့ဖွံ့ကိုပဲ မဲထည့်ရမယ်လို့ပြောတယ်။ ကျနော်တို့ လယ်သမားတွေကတော့ လယ်ယာနဲ့ပတ်သက်တဲ့ ကျနော်တို့လိုအပ်ချက်တွေကို ဘယ်အစိုးရ တက်လာတက်လာ အဆင်ပြေအောင် ဆောင်ရွက်ပေးရင် အကောင်းဆုံးပဲ၊ ဘယ်သူ့ကိုပဲ မဲထည့်ထည့်ပေါ့။ သူတို့ကို မဲပေးရရင်ကော လယ်သမားတွေအတွက် ဘယ်လိုအကျိုးဖြစ်လာမလဲ။ ဒါကို သိချင်တယ်။ အခု မသိရဘူး။ ဒါ့ကြောင့် သူတို့ကို မဲမထည့်ဘူး” ဟု ကွမ်းခြံကုန်းမြို့နယ်သား လယ်သမားတဦးက ပြောသည်။

ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် အတိုးနှုန်းမတူခြင်းမှာ ငွေထုတ်ချေးပေးသည့် ကြံ့ဖွံ့တာဝန်ခံများက လယ်သမားများအပေါ် စားပေါက်ရှာသည့် နည်းလမ်းဖြစ်နိုင်ကြောင်း ကော့မှူးမြို့နယ်မှ လယ်သမားကြီးတဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်းတွင် လယ်သမားအများစုရှိသော မြို့နယ်များမှာ ကော့မှူး၊ ကွမ်းခြံကုန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ဒလ၊ မှော်ဘီ၊ ထောက်ကြန့်၊ သံလျင်တို့ ဖြစ်ကြသည်။

လယ်သမားများကို ငွေထုတ်ချေးသည်ဆိုသောသတင်းမှာ ဟုတ်မှန်ကြောင်း ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်နယ် ကြံ့ဖွံ့ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းတင်ထားသူတဦးက အတည်ပြုပြောကြားသည်။

၎င်းက “လယ်သမားတွေကို ငွေထုတ်ချေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ကို မဲပေးအောင်ပေါ့ဗျာ။ ဒါက အထူးပြောနေစရာမလိုဘူး။ ကျနော်တို့မှာ လူတွေခွဲထားတယ်။ ဘယ်လောက်ချေးပါ၊ ဘယ်လိုဆွယ်ပါဆိုတာ ပြောထားပြီးသား။ သက်ဆိုင်ရာမြို့နယ်က ပြည်ခိုင်ဖြိုးတွေကပဲ ဒီကိစ္စကိုလုပ်ကြတာဖြစ်တယ်။ အတိုးကိစ္စ၊ အရေအတွက်ကိစ္စ ကျနော် အတိအကျမသိဘူး။ ငွေထုတ်ချေးတယ်ဆိုတာ ဟုတ်တယ်” ဟု ပြောသည်။

လယ်သမားအများစုမှာ စပါးစိုက်ပျိုးချိန်မှ စပါးပေါ်ချိန်ထိ လယ်ယာအသုံးပြု လုပ်ငန်းအတွက် ငွေကြေးလိုအပ်ချက်များရှိရာ လယ်သမားတိုင်းက ထုတ်ချေးသောငွေကို လိုလားကြသော်လည်း မဲပေးရမည်၊ ပါတီဝင်ရမည်ဆိုသည့် ကြံ့ဖွံ့၏မဲဆွယ်မှုများကြောင့် မယူသူက များကြောင်းလည်း ကော့မှူးမြို့ခံတဦးက ပြောသည်။

လယ်သမားများအား နှစ်စဉ်ငွေထုတ်ချေးပေးနေသူ ကော့မှူးမြို့ခံတဦးက “ကျနော်တို့က ကော့မှူးမှာတော့ ငွေကြေးပြည့်စုံတဲ့ မိသားစုပါ။ ကျနော်တို့ဆီက ငွေတိုးချေးပြီး လယ်လုပ်တဲ့သူတွေ အများကြီးပါ။ အခု ကြံ့ဖွံ့က ငွေချေးပေးပေမယ့် သူတို့က ကျနော်တို့ဆီပဲ လာချေးတယ်။ မေးကြည့်တော့ သူတို့အနေနဲ့ ပါတီမ၀င်ချင်လို့ပဲ ပြောတယ်” ဟု ဆိုသည်။

သို့သော် အချို့လယ်သမားများကမူ ပါတီကိုလည်းမသိ၊ မဲပေးရမည်ကိုလည်း နားမလည်ဘဲ ချေးငွေကိုသာ ယူကြသူများလည်း ရှိကြောင်း သိရသည်။

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲ မ၀င်တော့

NEJ / ၀၂ စက်တင်ဘာ ၂၀၁၀

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းမရှိတော့ဘဲ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်တော့ကြောင်း ပါတီအထွေထွေအတွင်းရေးမှူးချုပ် ဦးသိန်းထွန်းက ပြောကြားသည်။

၎င်းက “၂၀၁၀ ရွေးကောက်ပွဲမှာတော့ ပါဝင်ဖို့ မရှိတော့ဘူး။ ကျနော်တို့က ဒီကိုယ်စားလှယ်တွေ မတင်ဘူးလေ။ ငွေကြေးအခက်အခဲ ရှိလို့ပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ ယခုနှစ် ဧပြီ (၅) ရက်တွင် ပါတီ တည်ထောင်ခွင့် ရရှိခဲ့ပြီး မေ (၂၇) ရက်နေ့တွင် ပါတီ မှတ်ပုံတင်ခွင့်ပြုချက် ရရှိခဲ့သည့် ပါတီဖြစ်သည်။

“ကျနော်တို့က အကျပ်အတည်း အခက်အခဲတွေ အများကြီးရှိလို့ပါ။ ငွေရေးကြေးရေး အခက်အခဲပါ။ ကော်မရှင် ဥပဒေအရကတော့ တကယ်လို့ ပါတီကိုယ်စားလှယ်တွေ မတင်နိုင်ခဲ့ရင် သုံးဦးပေါ့။ လွှတ်တော်သုံးရပ်မှာ မရပ်တည်နိုင်ရင် ပါတီကို ဖျက်သိမ်းမယ့်သဘော ရှိတယ်လေ။ ကျနော်တို့ လူအင်အားစာရင်း (၂၄) ရက်နေ့ သွားတင်တယ်။ ကော်မရှင်က တခြားပါတီတွေဆို ကြေညာပေးတာပေါ့နော်။ အဲဒါလည်း ကျနော်တို့ကို မကြေညာသေးဘူး။ နောက်တခါ ဒီလွှတ်တော်ကိုယ်စားလှယ် စာရင်းတွေပေါ့နော် အဲဒါလည်း ကျနော်တို့ မတင်တဲ့အခါကြတော့ ဒီကော်မရှင်က ဘာပြောမလဲတော့မသိဘူး။ အဲဒါစောင့်နေတယ်” ဟု ဦးသိန်းထွန်းက ပြောသည်။

နိုင်ငံရေးပါတီ တခုအနေဖြင့် အနည်းဆုံး မဲဆန္ဒနယ်သုံးခုတွင် မိမိပါတီကို ကိုယ်စားပြု၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင် ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိစေရဟု ၂ဝ၁ဝ ခု မတ် (၈) ရက်တွင် ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါရှိသည်။

ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိတဦးကမူ လွှတ်တော် (၃) ရပ်အတွက် အနည်းဆုံး မဲဆန္ဒနယ်မြေ (၃) ခုတွင် ကိုယ်စားလှယ်လောင်း (၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းနိုင်ခြင်း မရှိသည့် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် တရားဝင် ရပ်တည်ပိုင်ခွင့် မရှိတော့သည့် ပထမဦးဆုံး ပါတီ ဖြစ်လာနိုင်ကြောင်း ပြောဆိုသည်။

၎င်းက “မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်ပါတီဟာ ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတာ မတွေ့ရဘူး။ ဒါကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ နိုင်ငံရေးပါတီအနေနဲ့ ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ဘူး။ ဒါကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကပဲ တရားဝင်ကြေညာမလား၊ ဒါမှမဟုတ် အကြောင်းကြားစာ ပို့တာလောက်ပဲ လုပ်မလားဆိုတာ မပြောတတ်ဘူး” ဟု ဆိုသည်။

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်ပါတီ၏ ဥက္ကဋ္ဌမှာ ဦးဇင်အောင်ဖြစ်ပြီး ၎င်းသည် ၁၉၈၈ အရေးအခင်းနောက်ပိုင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ရာတွင် ပါဝင်လှုပ်ရှားခဲ့သူတဦးဖြစ်သည်။ ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူးချုပ်မှာ ဦးအောင်ကြီးဖြစ်သည်။

ယခုအခါ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ပြုပြီးသည့်ပါတီ (၄၂) ပါတီရှိပြီး ပါတီဝင်အင်အား စာရင်းတင်ပြပြီးသည့် နိုင်ငံရေးပါတီပေါင်းမှာ စက်တင်ဘာ (၁) ရက်နေ့ထိ (၃၃) ပါတီရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည်။

လုပ်ကြံခံရမည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိုးရိမ်

ဧရာဝတီ Thursday, September 02, 2010

စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းရာထူး အပြောင်းအလဲများ မကြာသေးမီက အကြီးအကျယ် ပြုလုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လက်ဖြောင့် သေနတ် သမားများဖြင့် လုပ်ကြံခံရခြင်းနှင့် ကားဖြင့် အသေခံ ဗုံးခွဲလုပ်ကြံခံရခြင်းများ ဖြစ်မည်ကို အထူး စိုးရိမ် လျက်ရှိကြောင်း စစ်ဖက်ဆိုင်ရာ လုံခြုံရေး (စရဖ) အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။

“ဗိုလ်ချုပ်မှူးကြီးကို ပြည်ပကနေ လက်ဖြောင့် သေနတ်သမားတွေ လာပြီး လုပ်ကြံမှာတို့၊ အသေခံဗုံးခွဲ လုပ်ကြံမှာတို့ ရွေးကောက်ပွဲ မတိုင်မီ အစီအစဉ် ရှိတယ်လို့ ကျနော်တို့ကို အထက်လူကြီးက ပြောထားပါတယ်။ ဒါကြောင့် လုံခြုံရေး သတိရှိဖို့ဆိုပြီး ပြောပါတယ်”ဟု စရဖ အငယ်တန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

“ဗိုလ်ချုပ်မှူးကြီးကို လုပ်ကြံမယ့် သူတွေက မြဝတီ၊ မဲဆောက်တို့ ဘက်က လာမယ်ကြားလို့ အဲဒီဘက်က လာတဲ့ ယာဉ်တွေကို အဓိကထား စစ်နေရတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

နေပြည်တော်သို့ လာရောက်သော အဝေးပြေး မော်တော်ယာဉ်များတွင် လိုက်ပါသူမဲ့ ကုန်ပစ္စည်းများအား သေချာစွာ စစ်ဆေး ရန်၊ ခရီးသည်များ၏ အမည်၊ မှတ်ပုံတင် အမှတ်များကို သေချာစွာ စာရင်းပြုစု ထားရန်နှင့် ခရီးသည် စိစစ်ရေး ကတ်များကို ခရီးသည်တိုင်းအား ချိတ်ဆွဲစေရန် ညွှန်ကြားထားကြောင်း နေပြည်တော်-ရန်ကုန် အဝေးပြေးယာဉ်လိုင်း တခုမှ ယာဉ်မောင်း တဦးက ဆိုသည်။

“ကျနော်တို့ အဝေးပြေးယာဉ်လိုင်းတွေကို မသင်္ကာစရာတွေ့ရင် သဲအိတ် ပတ်ပတ်လည် ကာထားတဲ့ ပုံစံထဲ ထည့်ထားပြီး လုံခြုံရေးကို အကြောင်းကြားဖို့ မှာထားပါတယ်”ဟု အထက်ပါ ယာဉ်မောင်းက ပြောသည်။ သို့သော် မည်သူမျှ အရေးတယူ လိုက်နာလုပ်ဆောင်ခြင်း မရှိဟု သိရသည်။

ထို့ကြောင့် ရှေ့ပြေးလုံခြုံရေးတပ်များက လမ်းကြောင်းရှင်းရာတွင် လမ်းများကို ပိတ်ထားခြင်း၊ လမ်းကြောတလျောက် ရပ် မပေးသည့် ယာဉ်(ဆိုင်ကယ်၊ ကားများ)ကို လုံခြုံရေးများက ခါးပတ်၊ သေနတ်ဒင် စသည်တို့နှင့် ရိုက်နှက်မှုများ ရှိသည်ဟု ပျဉ်းမနား ဒေသခံများက ဆိုသည်။

“ကျနော်က မသိလို့ ယာဉ်တန်းလာတာကို ရပ်မပေးမိဘူး။ ကားပေါ်မှာ လုံခြုံရေးစစ်သားက သေသွားချင်သလားဆိုပြီး သေနတ် ထောင်ပြတယ်။ ကျနော့်မိတ်ဆွေ တယောက်ဆိုရင် စစ်ကားပေါ်ကနေ ခါးပတ်နဲ့ လှမ်းရိုက်တာ ခံရတယ်”ဟု ဒေသခံ တဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို ဦးစီး လုပ်ဆောင်နေသည့် ယခင် စစ်ထောက်လှမ်းရေးမှူးချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့် (ယခု အနားပေးခံရ)၊ ယခင် ကာကွယ်ရေး ၀န်ကြီးဌာနမှ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဒု ဗိုလ်ချုပ်ကြီး ခင်ဇော် (ယခု အနားပေးခံရ)၊ ယခင် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း (ယခု စစ်ဆင်ရေး အထူးအဖွဲ့မှုး ကစထ ၄) တို့ ပါလာသည်ဟု ယူဆရသော စစ်ယာဉ်တန်းကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်များက ခြုံခို တိုက်ခိုက်ရာ ၇ ဦး ကျဆုံးကြောင်း သတင်းရရှိသည်။ စစ်ဗိုလ်ချုပ်ကြီးများမှာမူ အထိအခိုက်မရှိ လွတ်မြောက် သွားကြောင်းလည်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် စစ်အစိုးရ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများ၊ စစ်အရာရှိဝန်ကြီးများ စစ်ဘက်ဆိုင်ရာ ရာထူးများမှ အငြိမ်းစားယူခြင်း၊ နုတ်ထွက်ခြင်းများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

နေပြည်တော်တွင် ကြံ့ဖွံ့နှင့် တစညသာ ယှဉ်ပြိုင်ဖွယ်ရှိ

ဧရာဝတီ Thursday, September 02, 2010

စစ်အစိုးရက ပြည်ထောင်စု နယ်မြေအဖြစ် သတ်မှတ်ထားသည့် နေပြည်တော် ခရိုင်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) နှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ (တစည) တို့သာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ ကြောင်း သိရှိရသည်။

ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲတွင် နေပြည်တော် ခရိုင်အတွင်း လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၂၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ရန်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်သို့ တရားဝင်စာရင်း တင်ပြီးဖြစ်သည်ဟု ကြံ့ဖွံ့ပါတီ အသိုင်းအ၀ိုင်းက ပြော သည်။

နေပြည်တော် ခရိုင်အတွင်းတွင် ဇေယျာ သီရိ၊ ဇဗ္ဗူ သီရိ၊ ဒက္ခိဏ သီရိ၊ ဥတ္တရ သီရိ၊ ပုဗ္ဗ သီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း ဟူ၍ ၈ မြို့နယ်သတ်မှတ်ထားရာ ကြံ့ဖွံ့ပါတီဝင် အင်အား တသောင်း ကျော် ရှိကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ၀န်ကြီးချုပ် ဦးသိန်းစိန်က ဇဗ္ဗူသီရိ မြို့နယ်၊ မကြာသေးခင်က စစ်တပ် ရာထူးမှ အနားယူလိုက်သော ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းက ဇေယျာသီရိ မြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ရန် ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

နေပြည်တော် ခရိုင်တွင် ကြံ့ဖွံ့ပါတီ က စီးပွားရေးလုပ်ငန်းရှင်များ အပါအ၀င် ဒေသခံပြည်သူများကို ပါတီဝင် အဖြစ် အဓမ္မ စုဆောင်းမှုများ ပြုလုပ်နေကြောင်းလည်း ကြံ့ဖွံ့ပါတီဝင် စုဆောင်းခံရသူ တဦးက ပြောသည်။

တစည ပါတီအနေနှင့်မူ နေပြည်တော် ခရိုင်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ကိုယ်စားလှယ်လောင်း အရေ အတွက်ကို အတိအကျ မပြောနိုင်သေးကြောင်း၊ အခက်အခဲများစွာရှိကြောင်းနှင့် အချိန်မရွေး အပြောင်းအလဲများလည်း ဖြစ်ပေါ်နိုင်ကြောင်း တစည တာဝန်ရှိသူ တဦး ကပြောဆိုသည်။

“ကျနော်တို့ အတိအကျ ပြောလို့မရသေးပါဘူး၊ အထက်လူကြီးတွေ ခွင့်ပြုချက်ရပြီးမှ ပြောလို့ရပါမယ်၊ အခက်အခဲတွေလည်း ရှိတယ်၊ အခုက အရင် မဆလ(မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ)ခေတ်လို မဟုတ်ဘူးခင်ဗျ”ဟု တစည တာဝန်ရှိသူက ပြော သည်။

တခြားသော နိုင်ငံရေးပါတီ တခုဖြစ်သည့် ဒီမိုကရက်တစ် ပါတီ(မြန်မာ)က နေပြည်တော် ခရိုင်တွင် အစိုးရ၀န်ထမ်း အများစု ဖြစ်နေသောကြောင့် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း သိရှိရသည်။

“ကျနော်တို့ မပြိုင်ပါဘူး၊ အဲဒီမှာ အစိုးရ ၀န်ထမ်းတွေချည်းပဲ၊ ပါတီရုံးတောင် ဖွင့်ဖို့ မလွယ်ဘူး ဆိုတော့ မျှော်လင့်ချက် မရှိနိုင် ပါဘူး”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေ က ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)ပါတီအနေဖြင့် နေပြည်တော် ခရိုင် ၌ ကိုယ်စားလှယ် လေးဦး ၀င်ရောက် ယှဉ်ပြိုင်ရန် သက်ဆိုင်ရာ သို့ တင်ပြခဲ့သော်လည်း အဆင်မပြေခဲ့ဟု NDF ခေါင်းဆောင် တဦး ဖြစ်သည့် ဦးခင်မောင်ဆွေက ပြောသည်။

“ပျဉ်းမနား ၊ လယ်ဝေး အဲဒီဘက်တွေမှာ ကျနော်တို့လူ ၄ ဦးရှိလို့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ တင်ပြခဲ့ပေမယ့် အကြောင်းကြောင်း ကြောင့် အဆင်မပြေခဲ့ဘူး”ဟု ဦးခင်မောင်ဆွေက ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၏ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အခန်း တွင် နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် နေပြည်တော် ကို နိုင်ငံတော် သမ္မတ ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် ထားရှိသည့် ပြည်ထောင်စု နယ်မြေ အဖြစ် သတ်မှတ်သည် ဟု ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၁၀၀ ၊ တစည ပါတီက နိုင်ငံ တ၀န်း ကိုယ်စားလှယ်ပေါင်း ၉၇၅၊ အမျိုးသား ဒီမိုကရေစီအင်အားစု(NDF)က နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၆၀ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)က နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၅၇ ဦး ဖြင့် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း People's Daily online တရုတ် သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းကို သြဂုတ်လ ၁၆ ရက်နေ့မှ စတင်၍ သြဂုတ်လ ၃၀ ရက်နေ့ တွင် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

လားရှိုးအထင်ကရ သျှမ်းဆရာဝန် ကြံ့ဖွတ်ပါတီအတွက် စည်းရုံးရေးဆင်း

သျှမ်းသံတော်ဆင့်

လာမည့် ရွေး ကောက်ပွဲ၌ ကြံ့ဖွတ် ပါတီ အနိုင်ရရေးအတွက် လားရှိုးကြီး ‘ယူလီခ’ ဆေးခန်း ပိုင်ရှင် သျှမ်း ဆရာဝန်ဒေါက်တာ စိုင်းမောက်ခမ်းက အခမဲ့ ဆေးကုပေးမည်ဟု လူထုကျန်းမာရေး အကြောင်းပြု မက်လုံး ပေးပြီး စည်းရုံးရေး ဆင်းနေကြောင်း သျှမ်းပြည် မြောက်ပိုင်း သတင်း ရပ်ကွက်က ဆိုပါသည်။

“ဟုတ်တယ်၊ လာမယ့် စက်တင်ဘာ ၃ ရက်နေ့ လားရှိုးမြို့ အရှေ့မြောက်ဘက် ၇ မိုင်လောက်ဝေးတဲ့ မတ်ချီ့နူ ကျေးရွာအုပ်စုဘက် စည်းရုံးရေးဆင်းမယ်၊ ကျန်းမာရေးအဖွဲ့နဲ့လာမယ်၊ ဆိုင်ရာရပ်ရွာအကြီးအကဲတွေကနေ လူစု ခိုင်းထားတယ်။ မတ်ချီ့နူဘက်ပြီးရင် နမ့်ပေါ့င်ကျေးရွာအုပ်စုဘက်သွားပြီး အခမဲ့ ဆေးစစ်ဆေးပေးဦးမယ်တဲ့။ ရွေးကောက်ပွဲအတွက် ကြံ့ဖွတ်ကိုပဲ မဲပေးဖို့ ဟောပြောမယ် ဆိုဘဲ” - ဟု လားရှိုးရောက် မတ်ချီ့နူရွာသားတဦးက ပြောပါသည်။

ကြံ့ဖွတ်အသင်း နိုင်ငံရေးပါတီ အဖြစ်ပြောင်းလဲ ခဲ့စဉ်မှစ၍ လားရှိုးကြီး ‘ဟုံးယာယူလီခ’ အထူးကုဆေးခန်းပိုင်ရှင် သျှမ်းဆရာဝန် ဒေါက်တာစိုင်းမောက်ခမ်း သျှမ်း ပြည် မြောက်ပိုင်းတလွှား ဆက်တိုက် စည်းရုံးရေးဆင်းခဲ့၏။ အထူး သဖြင့် လားရှိုးမြို့နယ်အတွင်း စည်းရုံးရေး ဆင်းရာ မှာ ‘ကြံ့ဖွတ်ပါတီကို ထောက်ခံမှု မပေးပါက ထ နှစ်လုံးဘ၀ ရောက်သွား နိုင်ကြောင်း’- ပြောဆို ခြိမ်းခြောက် ခဲ့သေးသည်ဟု ဆိုသည်။

“မထင်မှတ်ဘဲ ဆရာက ကြံ့ဖွတ်ယူနီဖေါင်းကြီးနဲ့ ဆိုတော့ အသိတချို့က ဒီလူဘယ်တုန်းက ထဘီစိမ်းပြောင်းဝတ် လိုက်တာလဲ မေးဖူးတယ်။ သူကိုယ်တိုင်ကတော့ ဒီ(၈) လပိုင်းထဲမှာပြောတဲ့စကားက ကိုယ့်အမျိုးသားရေးအတွက် ကောင်း ကျိုးလုပ်ပေးချင်ရင်နှလုံးသားထက် ဦးနှောက်ကိုသုံးရမယ်။ ဦးနှောက်မသုံးဘဲ နှလုံးသားဆန္ဒတခုဘဲကြည့်ရင် ထ နှစ်လုံး နဲ့ကြံရမယ်။ ‘ထ’ တလုံးက ထောင်၊ နောက် ‘ထ’ တလုံးက (သျှမ်းဘာသာ ထိန်င်- အဓိပ္ပါယ်က ‘တော’) တောထဲ ရောက်သွားမယ် ဆိုတဲ့သဘော၊ ကြံ့ဖွတ်ကို မထောက်ခံရင် အဲဒီလမ်း ၂ ခု ဘဲ ခင်ဗျားတို့ ရွေးဖို့ရှိတယ် လို့ပြောတယ်” - ဟု လားရှိုးသားလူငယ်တဦးက ပြောသည်။

ဒေါက်တာစိုင်းမောက်ခမ်း ကြံ့ဖွတ်ဝင်ရခြင်းနှင့် ပတ်သက်၍ အဆိုပါပုဂ္ဂိုလ်က - ကြံ့ဖွတ်ပါတီဝင်ရန် ယခင်တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်ကိုယ်တိုင်နှစ်ဆန်းပိုင်းကတည်းက ဖြောင်းဖြဖိအားပေးခဲ့ကြောင်း၊ စက်မှု(၁) ၀န်ကြီးဦးအောင် သောင်းကိုယ်တိုင်လားရှိုးတိုင်းမှူးကဲ့သို့ တိုက်တွန်းခဲ့သော်လည်း နိုင်ငံကျော်တေးရေးဆရာ ဒေါက်တာစိုင်းခမ်းလိတ် က ပါးနပ်စွာငြင်းဆိုခဲ့ကြောင်း၊ ဆေးခန်းကြီး ဖွင့်ထားသည့် ဒေါက်တာစိုင်းမောက်ခမ်းမှာမူ လက်မခံလျှင် စစ်အာဏာ ပိုင်များ အနှောင့်အယှက်ပေးလာမည်ကို စိုးရိမ်သောကြောင့် မလွဲသာ ၀င်လိုက်ရကြောင်း၊သို့သော်လည်း ၎င်း၏ပြောစကားများ အပေါ် အံ့သြမိကြောင်း ထိုလူငယ်ကကောက်ချက်ချသည်။

တပြည်လုံး၏ သျှမ်းစာပေယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဌတာဝန်ယူနေသေးသူ အသက် ၆၀ ကျော် သျှမ်းဆရာဝန် ဒေါက်တာ စိုင်းမောက်ခမ်း ကြံ့ဖွတ်ပါတီအတွက် လားရှိုးမြို့နယ် ပြည်နယ်လွှတ်တော် အမတ်လောင်းအဖြစ် နာမည် မတင်သွင်းမီကပင် သျှမ်းစာပေယဉ်ကျေးမှုအသင်းဝင်အချို့က နိုင်ငံရေးလုပ်လျှင် မိမိကိုယ်ပိုင်အသိဖြင့် ဥက္ကဌနေရာမှ နှုတ်ထွက်သင့်သည်ဟု အတန်တန်ပြောဆိုကြဘူးသည်။

ကြံ့ဖွံ့ကိုသာ မဲပေးရန် ဝန်ကြီးချုပ်ညွှန်ကြား

ဧရာဝတီ Thursday, September 02, 2010

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့) ကိုသာ မဲပေးကြရန် ဟူသော အချက်ပါရှိသည့် ညွှန်ကြားချက်တရပ်ကို ပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်က စစ်အစိုးရ ၀န်ကြီးဌာနများ၊ တက္ကသိုလ်၊ ကောလိပ်များနှင့် တပ်ရင်းတပ်ခွဲများသို့ ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။

ကြံ့ဖွံ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် လောင်းများကိုသာ မဲပေးကြရန်ဟူသော ဦးသိန်းစိန်၏ ညွှန်ကြားချက်ကို ၀န်ကြီး ဌာနများနှင့် တက္ကသိုလ်ကောလိပ်များသို့ ဖြန့်ဝေပြီး သက်ဆိုင်ရာ ဌာန အကြီးအကဲများ၊ ပါမောက္ခချုပ်များက ၎င်းတို့၏ ၀န်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ဖတ်ကြားစေခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်ရှိ အစိုးရ၀န်ကြီးဌာနများ၊ သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ် အပါအ၀င် တက္ကသိုလ်တချို့တွင် ကြံ့ဖွံ့ပါတီခေါင်းဆောင် ဦးသိန်းစိန်က ၎င်းပါတီမဲပေးရေး ညွှန်ကြားချက်မိန့်ခွန်းများ၊ ရှင်းလင်းပြောကြား ပွဲများ ပြုလုပ်ခဲ့သည်ဟု နေပြည်တော်ဝန်ထမ်းအသိုင်းအ၀န်းမှ သတင်းရရှိသည်။

“ပြည်ခိုင်ဖြိုးကိုပဲ မဲပေးဖို့၊ မဲပေးမမှားကြဖို့နဲ့ တိုင်းပြည်အေးချမ်း တည်ငြိမ်ရေးကို ပြည်ခိုင်ဖြိုး ပါတီကပဲ လုပ်ဆောင်နိုင်တယ် ဆိုတဲ့ ၀န်ကြီးချုပ်မိန့်ခွန်းကို ညွှန်ချုပ်က ဖတ်ပြတယ်” ဟု နေပြည်တော်ရှိ ၀န်ထမ်းတဦးက ပြောသည်။

နေပြည်တော်အပြင် နိုင်ငံတ၀န်းရှိ အစိုးရ ၀န်ကြီးဌာနရုံးများနှင့် တက္ကသိုလ်ကောလိပ် များတွင်လည်း ကြံ့ဖွံ့ပါတီမဲပေးရေး ၀န်ကြီးချုပ် မိန့်ခွန်းနှင့် ရှင်းလင်းပွဲများ ယခုလအတွင်း ဆက်တိုက် ပြုလုပ်သွားမည်ဟု သိရှိရသည်။

ဦးသိန်းစိန်၏ မိန့်ခွန်းတွင် အစိုးရ၀န်ထမ်းများသည် သက်ဆိုင်ရာမိမိတို့၏ အသိုင်းအ၀န်းကိုလည်း ကြံ့ဖွံ့ပါတီမဲပေးရေးအတွက် တိုက်တွန်းသင့်သည်ဆိုသော မေတ္တာရပ်ခံချက်ကို ထည့်သွင်းပြောကြား ထားသည်။

တပ်မတော် တပ်ရင်း၊ တပ်ခွဲများတွင်လည်း ကြံ့ဖွံ့ပါတီမဲပေးရေး စည်းရုံး လှုပ်ရှားမှုများ ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်အခြေစိုက် ကြံ့ဖွံ့ပါတီ မြို့နယ်ဥက္ကဋ္ဌ တဦးကမူ ကြံ့ဖွံ့ပါတီသည် တပ်မတော်သားများနှင့် မိသားစုများထံမှ ကြိုတင်မဲ အရေအတွက် သန်းပေါင်းများစွာ ရရှိမည်ဟု ခန့်မှန်းသည်။

ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ကြိုတင်မဲနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ မေးမြန်းစုံစမ်းရာ မကျန်းမာသူနှင့် ခရီးထွက်မည့်သူများကိုသာ ကြိုတင်ဆန္ဒမဲပေးခွင့် ပြုသည်ဟု အကြောင်းပြန် ဖြေကြားကြောင်း ပြောပြသည်။

ကြိုတင်ဆန္ဒမဲဆိုသော မဲပြားသည် ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲ အနိုင်ရရှိရန် ဆောင်ရွက်ပေးမည့် လျှို့ဝှက်ချက်ဖြစ်ကြောင်း နိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

“ပါတီတခုရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတဦး ကို ကြိုတင်မဲ ဘယ်လောက်ပေးထားတယ်ဆိုတာ ရွေးကောက်ပွဲလုပ်တဲ့ နေ့ကျ သက်ဆိုင်ရာ မဲရုံကို သွားကြည့်မှ တရားဝင်သိရမှာ။ ရွေးကောက်ပွဲ မတိုင်ခင် အချိန်မှာတော့ ဘယ်လွှတ်တော် ကိုယ်စားလှယ် လောင်းက ကြိုတင်မဲဘယ်လောက် ရထားတယ် ဆိုတာ ဘယ်လိုမှ မသိနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

စစ်အစိုးရက ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု တရားဝင် ကြေညာထားသည်။

အတောင်မစုံမှီပြန်သန်းနေရတဲ့ငှက်ငယ်များ

စစ်မုန်းလူ၊

သူ.အသက်အရွယ်ကိုကြည့်မယ်ဆိုရင် မိဘရဲ့အရိပ်အာဝါသအောက်မှာ ငြိမ်းချမ်းစွာ နှားခိုပြီး သူငယ်ချင်းတွေ နဲ.အတူ ကျောင်းတော်ကြီး ဆီကို ပညာဆည်းပူးလေ့လာရမယ့်အရွယ်လေးပါ၊ ဒါပေမဲ့ သူ.အသက်ရွယ်နဲ. မလိုက်အောင် သူ.ရုပ်ရည်တွေကတော့ နေထိ ပန်းတပွင့် လို စိုပေခြင်းမရှိ၊ ပင်လယ်ပြင်ကျယ်ကို လက်ပစ်ကူး လို.ခြေ ကုန်လက်ပန်းကျ နွမ်းလျနေဘိ သကဲ့သို.ဖြစ်နေပါတယ်။

သူမဟာလွန်ခဲ့တဲ့ ၂ဝဝ၆ ခုနှစ်ကတည်းက မိသားစုစားဝတ်နေရေး အတွက် တစ်လ ရူပီး ၁ဝဝဝ နှင့် အိုင်ဇောလ်မြို.တွင် အိမ်ဖော်အလုပ်ကို လုပ်ကိုင် နေသူတဦးပါ။

“မြန်မာပြည်မှာ စီးပွားရေးအဆင်မပြေလို. ဒီဘက်ကိုထွက်လာပြီး အိမ်ဖော် အလုပ်လာလုပ်တာပါ တစ်လ ကို ရူပီး ၁ဝဝဝ ရပါ တယ်၊ မြန်မာငွေနှင့်ပြန် လှဲရင် ကျပ်ငွေ ၂၅ဝဝဝ ကျော်ဆိုတော့ မြန်မာပြည်က မိဘတွေဆီကို အနည်းကျင်းတော့ပို့နိုင်တာပေါ့နော်” ဆိုပြီး အိန္ဒိယ - မြန်မာ နယ်စပ် မီဇိုရမ်ပြည် နယ်အိုင်ဇောလ်မြို့တွင် အိမ်ဖော်အလုပ်လုပ်ကိုင်နေတဲ့ သူမက ပြောပြလိုက်တာပါ။

ဒီလိုလုပ်ကိုင်လာပြီး ရရှိတဲ့ လခငွေလေးကို မသုံးရက်ဘဲ မြန်မာပြည်က မိသားစုထံကို တစ်လ မှာ ကျပ်ငွေ ၁ဝဝဝဝ ခန့်တော့ ပုံမှန်ပို့ နိုင်လေ့ရှိ ပါ တယ်။

ဒါပေမဲ့သူမအလုပ်ဟာ အိမ်ဖော် အလုပ်ဆိုတဲ့အတိုင်း အိမ်ရှင်တွေရဲ့ အဝတ် အစားတွေကို နေ့တိုင်း လျှော် ပွတ်၊ထမင်း၊ဟင်းချက် အိမ်မှုလုပ်ငန်း မှန် သမျှအားလုံးကို သူမတစ်ယောက်တည်း ဒိုင်ခံလုပ်နေရတာဆိုတော့ မလွယ်ကူလှပါဘူး။ ဒါပေမဲ့ သူမရဲ့မိသားစု စားဝတ်နေရေးအတွက် ကြိုး စားပြီး ရုန်းကန်လှုပ်ရှားခဲ့ပါတယ်၊ သူတို.တွေရဲ့ဘ၀မှာ လွတ်လပ်စွာ သူ ငယ်ချင်း၊မိတ်ဆွေများနဲ.အလည်အပတ်သွား လာခြင်းတွေလုပ်ဖို. အချိန် မရှိပါဘူး၊ တစ်ပတ်မှာ တနင်္ဂနွေနေ့မှာသာ အချိန်အနည်းအငယ်တွေတော့ ရရှိကြပါတယ်၊ ဘုရားကျောင်းတက် ပြီးရင် အိမ်ပြန်ထမင်းဟင်း တွေချက် ပြုပ် ဒီလိုနဲ့ဘဲ နေ့တဓူဝကိုဖြတ်သန်းနေကြရတာပါ။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ သူ့လိုအိမ်ဖော်အဖြစ်အလုပ်လုပ်ကိုင် နေသူ မြန်မာပြည်သားများဟာ စုစု ပေါင်း (၁ဝဝဝ) ကျော်ခန့်ရှိတယ် လို့သိရ ပါတယ်၊ အများစုမှာ ချင်းလူမျိုးများဖြစ်ကြပြီး မြန်မာနိုင်ငံ စစ်ကိုင်း တိုင်း ကလေးမြို့ နယ်နှင့် ချင်းပြည်နယ်တို့ကဖြစ်ကြပါတယ်။ သူတို.တွေ ဟာ တလမှာ ရူပီး ၈၀၀ မှ ၁၂၀၀ အထိ ပုံမှန်ရလေ့ရှိပါတယ်။ နေ.တွက် စရိတ်နဲ.တွက်ကြည့်ပါက တနေ.မှာ ရူပီး ၃၀ ခန်.သာသာရရှိကြတယ်လို. ဆိုရမှာပါ။ ကမ္ကာပေါ်မှာ လုပ်အားခအနည်းဆုံးရရှိကြသူတွေလို.ပြောလို. ရ မယ်ထင်ပါတယ်။

ဒီလိုအိမ်ဖော်လုပ်ကိုင် နေသူများ မှာ မြန်မာပြည်ကတက္ကသိုလ်ကျောင်းသူ တွေလည်းရှိကြပါတယ်၊ တက္ကသိုလ် ဆက်တက်နိုင်ရန် သူ.ကျောင်းစရိတ် ကို သူများအိမ်တွင်အိမ်ဖော်နေပြီး ရှာနေရတာပါဟု ကလေးမြို.နယ် ပျဉ်း တော်ဦးကျေးရွာမှချင်းအမျိုးသမီး ပွီးသဲက ပြောပြပါတယ်။

သူက “တက္ကသိုလ်လည်းဆက်တက်ချင်တယ် အိမ်ကလည်းအဆင်မပြေ ဘူး ဆက်မထားနိုင်တော့ဘူးလို့ ပြော တယ်၊ ဒါနဲ့ကျမလည်းဒီဘက်ကို လာပြီး ကျောင်းစရိတ် အတွက် အလုပ်လာလုပ်နေရတာ ပါ”ဟုသူ့ ဘဝကိုပြော ပြခဲ့တာပါ။ သူဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က ဆန်တန်းစာမေးပွဲ အောင်မြင်ခဲ့ ပြီးဖြစ် သော်လည်း မိသားစု စားဝတ်နေရေးခက်ခဲမှုကြောင့် တက္ကသိုလ်ဆက်မတက်နိုင်တော့ပါဘူး၊ ဒါကြောင့် သူအင်မတန်တက် ချင်တဲ့ တက္ကသိုလ်ကျောင်းတက် ရောက်နိုင်ဖို.အတွက် ယခုလိုငွေရှာဖွေနေ တာပါ။

ပြည်ပမှာအမ်ဖော်လုပ်နေကြသော မြန်မာအမျိုးသမီးတွေဟာ တခါတလေ အိမ်ရှင်တွေ့ရဲ့ မညှာမတာဆဲဆိုမှု တွေ အလိုမတူဘဲ အိမ်ရှင်များ၏ အတင်း အဓမ္မပြုကျင့်ဆက်ဆံမူတွေခံရတတ်ပါတယ်။ အဲလိုအကျဉ်းတန် လှတဲ့ အဖြစ်ပျက်တွေကိုမည်သူ့ကိုမှပြန်လည်တိုင်ကြားမပြောဆိုရဲဘဲတစ်ယောက် တည်း လျှို့ဝှက်စွာတိတ်တိတ်ကလေး ငိုကြွေးခဲ့ရသူတွေလည်း မနည်း ပါဘူး။

အိမ်ဖော်တွေရဲ.ဘဝဟာလုံခြုံမူအပြည့်အဝမရှိခဲ့ပါဘူး၊ လွန်ခဲ့တဲ့၂၀၀၆ခုနှစ် ကလည်းအိုင်ဇောလ်မြို့ ဇာကော့တ် ရပ်ကွပ်မှာ အိမ်ဖော်အဖြစ် အလုပ်လုပ် နေတဲ့ချင်းပြည်နယ်၊ ဖလမ်းမြို့က မဘွဲနိုက်ဆုန်း အသက် (၁၉)နှစ် အရွယ် ကို ဒေသခံတစ်ဦးက လည်လှီးသတ်ဖြတ်ခဲ့ပါတယ်၊၊ အဲဒီချိန်ကစလို. အိမ်ဖော်အလုပ် လုပ်နေကြတဲ့ မြန်မာနိုင်ငံက ချင်းအမျိုးသမီးတွေဟာ အိမ်ဖော်လုပ်ရမှာကို ကြောက်ရွံ့လာကြရပါတယ် ဒါပေမဲ့မိသားစု စားဝတ် နေရေး အတွက်ဆိုပြီး အရဲစွန့်လုပ်ကိုင်နေကြဆဲပါဘဲ။

မြန်မာ့နိုင်ငံရေးအခြေအနေမတည်မငြိမ်မှုကြောင့် မြန်မာနိုင်ငံသူနိုင်ငံသား တွေဟာ တနေ.ထက်တနေ. စားဝတ် နေရေးကြပ်တည်းလာကြသည်နဲ. အမျှ မိဘပြည်သူများကလည်း ကိုယ့်သားသမီးများအား ပညာဆက်လက် ဆည်းပူးနိုင်ရန်ထောက်ပံ့နိုင်ဖို.ခက်ခဲလာကြပါတယ်။ ဒါကြောင့်မြန်မာ့မျိုး ဆက်သစ်လူငယ်တွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ကျောင်းထွက်ပြီးရရာအလုပ် ကိုရှာဖွေလုပ်ကိုင်နေကြရတော့တယ်။ ဒါကြောင့်လည်း မြန်မာပြည် ထက် လုပ်အားခကောင်းမွန်တဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ မြန်မာ့လူငယ်လေးတွေ ဟာ ရှိတဲ့အလုပ်ကိုထွက်လုပ် နေကြရပါတယ်။

မီဇိုရမ်ဆိုတာအိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်တွင်တည်ရှိတဲ့သေးငယ်တဲ့ပြည် နယ်တစ်ခုလေးပါ၊ သူ့ပြည်နယ် မှာဆိုရင် ဘာမှကိုမထွက်တာ၊ ထွက်တာ ဆိုလို့ ဝါး၊ ဂျင်း၊ငရုတ်သီး အဲဒီလောက် ဘဲထွက် ပါတယ် ဒါပေမဲ့ သူ့ပြည်သူ တွေ ချမ်းချမ်း သာသာနေနိုင်ကြတယ်၊ လူဦးရေ ၈ သိန်းကျော်ရှိတဲ့ သူ့ပြည် နယ်မှာ လူတိုင်းလိုလိုဟာ တီဗီ၊ ရေခဲသေတ္တာ စသည့်ဖြင့် နေနိုင်ကြ ပါတယ်။ နိုင်ငံခြားထွက်ပြီး အြလုပ်သွားလုပ်စရာလည်းမလိုဘူး သူ့နိုင်ငံက လူ တွေက စားဝတ်နေရေးဖိုလုံတာကိုး၊ မိသားစု တစ်စုမှာ အစိုးရဝန်ထမ်း တစ်ယောက်ရှိရင် သူ့ လစာနဲ့တင်ကျွေးမွေးနိုင်ပါတယ်။

ဒီလိုမျိုး ပြည်နယ်ထွက်ကုန်ဘာတခုမှမရှိတဲ့ ဆင်းရဲတဲ့ပြည်နယ်တခုမှာ နေထိုင်နေကြတဲ့ မီဇိုရမ်က လူထုတွေ ဟာ ယခုလို ချမ်းချမ်းသာသာ မဟုတ်ရင်တောင် အသင့်အတင့်နေထိုင်နိုင်ကြတာဟာ သူ့ပြည်နယ်ကို အုပ်ချူပ် တဲ့အစိုးရရဲ့ အကူအညီအထောက်အပံ့တွေကြောင့်လို. ပြောလို. ရမယ်ထင်ပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရဟာ သူ.လူထုတွေကို မိဘက သားသမီးများအပေါ် ထားရှိတဲ့မေတ္တာစစ်နဲ့အုပ်ချူပ်တယ်လို.ဆိုရမှာပါ၊ သူ့ ကိုယ်ကျိုး ထက် ပြည်သူ့ အကျိုးကို ပိုအလေးထားတယ်၊ ပြီးတော့ ဒီမို ကရေစီနိုင်ငံလည်းဖြစ် နေလို.ပါဘဲ။

မြန်မာနိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံလို့ပြောကြတယ်၊ ဆန်စပါး၊ သဘာဝဓာတ် ငွေ.၊ရွှေ၊ငွေ၊ ကျောက်မြတ်ရတနာ တွေ အမြောက်အများထွက်ရှိတဲ့ နိုင်ငံတ နိုင်ငံလို.နားလည်းထားပါတယ်။ ဒီလိုမျိုးဆန်စပါးတွေ စားမကုန်၊ သောက် မကုန်အောင်ထွက်ရှိနေတာတောင်မှဘာကြောင့်ကျနော်တို့မြန်မာနိုင်ငံသား တွေဟာ စားဖို.သောက်ဖို.အတွက် အင်မတန်ခက်ခဲနေကြရတာလဲ၊ ဘာ ကြောင့်နေ.စဉ်နဲ.အမျှစိုးရိမ်ပူပမ်မှုတွေနဲ. အသက်ဆက်နေကြ ရတာလဲ၊ ဒီလောက်ချမ်း သာတဲ့ ကိုယ့်နိုင်ငံမှာ မနေ နိုင်ဘဲ သူများနိုင်ငံမှာ သွားပြီး တော့ သူများမလုပ်ချင် တဲ့အရာအားလုံးကို မြန်မာပြည်သားတွေ လုပ်ကိုင် နေရတာလဲ၊ဘာ့ကြောင့်လဲ အရမ်းကိုစဉ်းစား စရာဖြစ်နေပါ တယ်၊ မြန်မာ နိုင်ငံမှာထွက်ရှိတဲ့ သယံဇာတ၊ ကျောက်မြက် ရတနာ၊ သဘာဝဓာတ်ငွေ့ တွေက ရတဲ့ငွေကြေး တွေဟာ ဘယ်မှာလဲ။ ဘယ် ရောက်ကုန်ပြီလဲ။ ဘယ်သူ တရားခံလဲ မြန်မာနိုင်ငံကို စိတ်ကြိုက် ခြယ်လှယ်နေ တာဘယ်သူ တွေလည်း၊ အဓိကတရာခံတွေဟာ ဘယ်သူ တွေဖြစ်မယ်ဆိုတာ မြန်မာ ပြည် သားတိုင်းသိကြမှာပါ။

အနီးစပ်ဆုံးကိုကြည့်မယ်ဆိုရင် ယခုမီဇိုရမ်ပြည်နယ်ကိုရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားအများစုတွေဟာ ကားလမ်းတိုး၊ စားပွဲထိုး၊ လွှဆွဲ၊ အိမ်ဖော်၊ ယက်ကန်း၊အရက်ချက်စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေရပါတယ်၊၊ ပညာ သင်တဲ့အရွယ်တွေမှာ ပညာဆက်မသင်နိုင်ဘဲ တိုင်းတပါးကို ထွက်ပြီး ကျေးဇူး ရှင်အမိနှင့်အဖကို လုပ် ကျွေးဖို့ကြုံရာအလုပ် ကို လုပ်ကြရတာပါ၊ ပညာကိုပြည့်စုံ အောင်မသင် နိုင်ခဲ့ရလို့ ပညာမဲ့ခဲ့ရတာ၊ တစ်သက် လုံးလမ်း တိုးနိုင်မှာလား၊ တစ်သက်လုံး စားသောက်ဆိုင်မှာ စားပွဲထိုး လုပ်နိုင်မှာလား ကျနော်တို့ လူငယ် ဘဝတွေရဲ့အနာဂတ်ဟာ မှုန်ဝါး နေတယ်၊ မရေရာဘူး၊ ဘဝအတွက်ခိုင်လုံတဲ့အဖြေဆိုတာမရှိပါဘူး။

တကယ်တော့ နိုင်ငံရေးမတည်ငြိမ်ကြောင့် နိုင်ငံ့စီးပွားရေးတွေကျဆင်း လာပြီး မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဟာလည်း လူသားတဦးကဲ့သို. အသက်ဆက်လက် ရှင်သန်ရပ်တည်နိုင်ရေးအတွက် အတောင်တွေစုံ အောင် မပေါက်ခင်မှာ၊ အသိုက်အမြုံထဲမှာ၊ မိဘရင်ခွင်ထဲမှာ၊ နေလို့တောင် မဝခင် အစာရှာဖွေရန် ပျံသန်းနေကြရ တာပါ။ တကယ်ကို အတောင်ပံတွေ မစုံသေးဘဲနဲ. ပျံသန်းနေရတဲ့ငှက်ငယ်လေးတွေပါ။

“ဗိုက်မှောက်နေရသည့် ဘဝများ” အမည်ရှိ အစီရင်ခံစာ ထုတ်ပြန်

ဖြိုးကြီး။

မြန်မာစစ်အစိုးရ၏ မတရားအခွန် ကောက်ခံနေမှုများနှင့်ပတ်သက်၍ “ဗိုက်မှောက်နေရသည့် ဘဝများ” အမည်ရှိ အစီရင်ခံစာတစောင်ကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ဖြန့်ဝေခဲ့သည်။

အဆိုပါ အစီရင်ခံစာကို လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ)က ထုတ်ဝေဖြန့်ချိခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များ ကလပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အစီရင်ခံစာထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) (ND-Burma)၏ အကြံပေးပုဂ္ဂိုလ် ဦးတိတ်နိုင်က “စစ်အစိုးရအာဏာပိုင်တွေက ပြည်သူလူထုအပေါ် ဥပဒေမဲ့၊ မတရား အခွန်တွေ ကောက်တာတွေကို သိရှိစေဖို့ ကျနော်တို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ယက်က ခေါင်းစဉ်တခု အနေနဲ့ အဲဒီအချက်အလက်တွေကို ကောက်ယူပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခွန်ကောက်ခံမှုတွေဟာ တခြားနိုင်ငံနဲ့မတူတာတွေကို မီးမောင်းထိုးပြတဲ့သဘောပါ” ဟု ပြောသည်။

ယင်းအစီရင်ခံစာတွင် အဓိကအားဖြင့် တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းများတွင် ကောက်ခံသည့် အခွန်များ၊ အသေးစားလုပ်ငန်းများ၊ လုပ်အားပေး၊ ပညာရေးနှင့် စာသင်ကျောင်းများတွင် ကောက်ခံနေလျှက်ရှိသည့် မတရား အခွန်ကိစ္စရပ်များကို သက်သေခံအထောက်အထားများဖြင့် ဖော်ပြထားခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးမှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ) စီမံခန့်ခွဲရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ လိုည်းဒါင်းဇျားက ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် တရားမဝင် အခွန်များကောက်ခံခြင်းနှင့် ဆက်စပ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန်၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လူသိရှင်ကြား အသိမှတ်ပြုပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ရာတွင် ကုလသမဂ္ဂအနေဖြင့် ထောက်ခံရန် အဓိက တိုက်တွန်းလိုကြောင်း လိုည်းဒါင်းဇျားက ဆက်ပြောသည်။

အဆိုပါအစီရင်ခံစာကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်မှ စတင်ကာ မှတ်တမ်းပြုစု၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီအစီရင်ခံစာမှာ ၂၀၀၄-၀၅ နှစ်ပိုင်းတွေအတွင်းက အခွန်ကောက်ခံမှုတွေလည်း ပါတယ်၊ နေရာဒေသတွေကတော့ ကျမတို့ (ND-Burma) အဖွဲ့ဝင်အဖွဲ့စည်းတွေ အခြေပြုလှုပ်ရှားနေတဲ့ နယ်မြေဒေသတွေကနေ ကောက်ယူရရှိတဲ့ သတင်းတွေ ဖြစ်ပါတယ်၊ သတင်းအချက်အလက်ပေါင်း (၃၄၂) ကို အခြေခံပြီး ပြုစုထားတာပါ” ဟု ဆက်ပြောသည်။

လူ့အခွင့်အရေးမှတ်တမ်း ကွန်ယက်(မြန်မာနိုင်ငံ) တွင် အဖွဲ့ဝင်ပေါင်း ၁၃ ဖွဲ့ရှိပြီး မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများတွင် ခံစားနေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နယ်မြေအလိုက် စုပေါင်း မှတ်တမ်းတင်ကာ အသွင်းကူးပြောင်းရေးကာလ တရားမျှတမှုနှင့် အမှုမှန် ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

စစ်ဗိုလ်ချုပ်နှင့် နိုင်ငံရေးသိုင်းကွက်

ဘိုဘိုကျော်ငြိမ်း

သြဂုတ်လ ၂၇ ရက်နေ့က ပြန့်ထွက်လာတဲ့ စစ်တပ်အရာရှိကြီးများ အပြောင်းအလဲသတင်းဟာ လာမဲ့ရွေးကောက်ပွဲထက် အရေးပါတယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ ၁၉၆၂ နှစ် ကတည်းက စစ်အာဏာရှင် အလွှမ်းမိုးခံရတဲ့ နိုင်ငံဖြစ်ခဲ့ရတော့ စစ်တပ်ဟာ အဓိကမဏ္ဍိုင် ဖြစ်လာရတယ်။ စစ်တပ်ရဲ့ အနေအထားနဲ့ စစ်တပ်ကို ကိုင်တွယ်အုပ်ချုပ်ရမဲ့ စစ်ဗိုလ်ချုပ်တွေကို ရွေးချယ်ခန့်ထားမှုအပေါ် အများကြီး မူတည်နေပါတယ်။ ဘာကြောင်လဲဆိုတော့ စစ်အာဏာရှင်တွေအကြိုက် စစ်အာဏာရှင်တည်မြဲရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် စောင့်ရှောက်ရမှာက ဒီစစ်တပ်ပဲဖြစ်သလို လိုအပ်လာရင် တဖန် အာဏာပြန်သိမ်း ပေးရမှာကလည်း ဒီစစ်တပ်ပဲ ဖြစ်တာကြောင့်ပါ။

ဗိုလ်ချုပ်သန်းရွှေဟာ ဗိုလ်ချုပ်နေဝင်း ပြဌာန်းခဲ့တဲ့ “စစ်အာဏါရှင်ဋီကာ” ကို နောကြေရုံမက ဗိုလ်ချုပ်နေဝင်း မှားခဲ့တဲ့ အမှားတွေကိုရှောင်ဖို့ သတိရှိခဲ့တယ်။ အာဏာရှင် တယောက်အတွက် နံပတ် ၁ အဓိကတာဝန်ဟာ (မိမိ အာဏာတည်မြဲရေး) ဆိုတာကို ဗိုလ်ချုပ်သန်းရွှေတယောက် ကောင်းကောင်းသိတယ်။

မော်စီတုန်း ခေတ်ကိုပြန်လေ့လာကြည့်ရင် မော်စီတုန်းဟာ တိုင်းပြည်အုပ်ချုပ်ရေးကို ဝန်ကြီးချုပ် ချောင်အင်လိုင်းကိုလွှဲထားတယ် ကွန်မြူနစ်နိုင်ငံဖြစ်တာကြောင့် ပါတီဥက္ကဋ္ဌ အနေနဲ့ ပါတီကိုပဲ ကိုင်ထားတယ်။ ဒါတောင် သတိနည်းနည်းလျော့တာနဲ့ လျူရှောက်ချီနဲ့ တိန်ချောက်ပိန်တို့က ပါတီကို ဦးစီးထားလိုက် နိုင်တယ်။

ဒါကြောင် အသိဥာဏ်နုတဲ့ ကျောင်းသားလူငယ်လေးတွေကို မြှောက်ပေးပြီး “ဌာနချုပ်ကိုဝိုင်းကြ” ဆိုပြီး “ယဉ်ကျေးမှုတော်လှန်ရေး” ကို ဆင်နွှဲခဲ့ရတယ် အမှန်က ယဉ်ကျေးမှုတော်လှန်ရေး ဆိုတာဟာ တကယ်တော့ မော်စီတုန်း ရဲ့ ပါတီတွင်းအာဏာသိမ်းပွဲကို ထုံးသုတ်ပြီး အလှခြယ်ပြထားတာပါ။

ယဉ်ကျေးမှုတော်လှန်ရေးမှာ တော်လှန်ရေးအတွင်းက ရွပ်ရွပ်ချွံချွံ တိုက်ခဲ့ကြတဲ့ သူရဲကောင်း တော်လှန်ရေးသမား ရဲဘော်ဟောင်း မြောက်မြားစွာကို ရက်ရက်စက်စက် ခြေမှုန်း သတ်ပစ် ခဲ့တာပဲ။ အာဏာရှင်မှန်ရင်၊ ရက်စက်ဖို့ ဝန်မလေးရဘူး။ ဟစ်တလာ၊ စတာလင်၊ ပိုပေါ့ (Pol Pot) တို့ဟာ လူတွေကို သန်းနဲ့ချီစတေးဖို့ လက်ရွံ့ ခဲ့ကြတာမှ မဟုတ်တာဘဲ။

ထိုနည်းတူ ဗိုလ်ချုပ်နေဝင်းသည်လည်းကောင်း၊ ဗိုလ်ချုပ်သန်းရွှေသည်လည်းကောင်း မိမိတို့၏ အာဏာကို ထိပါးလာလျှင် (ပစ်) မိန့်ပေးရန် လက်မတွန့်ခဲ့ကြပါ။ ဘုရားဒကာ၊ ကျောင်းဒကာ အယောင်ဆောင်ကာ ဘာသာရေးဦးထိပ်ထား ပုံသဏ္ဌာန်ဆောင်နေသော ဗိုလ်ချုပ် သန်းရွှေဟာ မိမိအာဏာကို ထိပါးလာသောအခါ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးတွင် ဘုရားသားတော် ရဟန်းသံဃာမြတ်တို့ကို ပစ်သတ်ရန် ဝန်မလေးခဲ့သလို ပခုက္ကူတွင် သံဃာ တော်တချို့ကို တိုင်တွင်ကြိုးချည်၍ ရက်ရက်စက်စက် ရိုက်နှက်ခဲ့သည် မဟုတ်ပါလား။

ဗိုလ်ချုပ်သန်းရွှေရဲ့ အားသာချက်က ဦးနု၊ ဦးနေဝင်းတို့ကဲ့သို့ ဥပဓိရုပ်မကောင်းပါ။ ထို့ကြောင့် ရုတ်တရက် ကြည့်လိုက်လျှင် ရုပ်ဆိုးဆိုး၊ မှုန်ထိုင်းထိုင်းနှင့် ခပ်နုံချာချာရုပ် ထွက်လျက်ရှိသည်။ သွက်သွက်လက်လက်နှင့် ထက်မြက်မည့်ပုံ သဏ္ဌာန် မပေါ်ပါ။ ထို့အပြင် ကြီးပွားတိုးတက်ချင်သည့်ပုံ၊ အာဏာမက်မည့် ပုံ သဏ္ဌာန် လုံးဝ မပေါ်လွင်၊ မဆလခေတ် အစည်းအဝေးများတွင်လည်း စကားများများမပြော အဆိပ်မရှိသည့် ရေမြွေပမာ နေပြနိုင်ခဲ့သည်။

အာဏာရှင် စံနစ်အောက်တွင် ခစားရသော၊ မင်းအခစားအစိုးရ အရာရှိများသည် ခိုင်းရာလုပ်၊ စေရာသွား ပြန်မပြောမည့်သူများဖြစ်မှ အာဏာရှင်များက နှစ်သက်ကြသည်။ အန္တရာယ်ပေးမည့်သူများ မဖြစ်အောင် နေပြကြရသည်။ ဥပဓိရုပ်က နုံချာ၊ ကျားသေကြီးပမာ အနေတတ်သော ဗိုလ်ချုပ်သန်းရွှေကို ဦးနေဝင်းက ဒုစစ်ဦးစီးချုပ် ခန့်လိုက်သည်။ သို့သော် ဦးနေဝင်း မသိလိုက်သည်က ဗိုလ်ချုပ်သန်းရွှေခေါင်းထဲမှာ (ဥာဏ်) အပြည့် ဥာဏ်နီ၊ ဥာဏ်နက်ဟု ဆိုရလျှင်ပိုမှန်လေမလား မသိ။

ဗိုလ်ချုပ်သန်းရွှေက ဦးနေဝင်းထက် ပိုစိတ်ရှည်သည်ဟု ပြောနိုင်မည်ထင်သည်။ ဗိုလ်ချုပ်သန်းရွှေ စစ်ဦးစီးချုပ်ဖြစ်တော့ ရာထူးသာရှိသည်၊ အမှန်တကယ် ပကဓိအာဏာ မရှိရှာ။ ဦးနေဝင်း လက်ဝေခံ (proxy) များကတဆင့် ချုပ်ကိုင်ထားဆဲ ဗိုလ်ချုပ်ခင်ညွန့်တို့က အဖေကြီး (ဦးနေဝင်း) အရှိန်နှင့် လက်ဝါးဇောင်း ထက်နေဆဲ။ တနှစ်ခန့် ဒုချုပ်ရာထူးကို လစ်လပ်အောင်ဆွဲထားပြီး ဗိုလ်ချုပ်ခင်ညွန့်နှင့် ရန်ဘက် ဗိုလ်ချုပ်မောင်အေးကို ရအောင်ရှာလာသည်။

ဒါကိုက နိုင်ငံရေးနားလည်တာနဲ့ နိုင်နင်းတာကိုပြတာပါ ဗိုလ်ချုပ်ခင်ညွန့်တို့ နေရာတကာမှာ သြဇာ ပြနေတုန်းကလည်း ဗိုလ်ချုပ်သန်းရွှေက တစက်ကလေးမှ အပြုံးမပျက်ခဲ့။ ကက(လှမ်း) ကို ကက(ကြည်း) နဲ့ တေ့ပေးထားပြီး၊ မိမိ (လူ) တွေကို ဖြည်းဖြည်းချင်းထည့်ကာ ကြိတ်ပြီး မိမိအာဏာ အုတ်မြစ် (base) ကို တည်ဆောက်ခဲ့သည်။ ပိုင်မှ၊ နိုင်မှ၊ ဦးနေဝင်းကို ဆွဲစေ့လိုက်သည်။ ဗိုလ်ချုပ်ခင်ညွန့်ကို ဝန်ကြီးချုပ်ရာထူးပေးကာ ကြိုးရှည်ရှည်လှန်ပေးသည်။ အချိန်ကျမှ ကက(ကြည်း)ကို မျက်ရိပ်ပြလိုက်သည်။

ဗိုလ်ချုပ်သန်းရွှေဟာ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ အန္တရာယ်ကို ကောင်းကောင်းသိတာပေါ့။ သို့သော် အဖေကြီးရဲ့ အရှိန်ကို မလှန်နိုင်ခင် နေသေးသပ၊ ချုံထဲက ဆိုကလို၊ မိမိအချိန်ကို စောင့်နေနိုင်ခဲ့တယ်။ ဒီလိုအချိန်ကို စောင့်နေတုန်းမှာတောင် ဗိုလ်ချုပ်ခင်ညွန့်ကို ကောင်းကောင်းအသုံးချနိုင်ခဲ့တယ်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှု (sanction)ကို ကျော်နိုင်ဖို့ တရုတ်၊ အာစီယံ၊ အိန္ဒိယတို့နဲ့ ပေါင်းစည်းတာ၊ ခွန်ဆာ၊ လော်စစ်ဟန်၊ လက်နက်ချတွေကိုကိုင်တွဲတာ ၈၈၈၈ ကျောင်းသားအုပ်စုနဲ့ အတိုက်ခံတွေကိုနှိမ်နင်းဖို့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ကက(လှမ်း) ကို ကောင်းကောင်းအသုံးချခဲ့တယ်။

အားပါးရ၊ အသုံးချပြီးမှ၊ တချီတည်း ဆွဲချပစ်လိုက်တယ် ဦးနေဝင်းလက်ထက်က ဗိုလ်ချုပ်တင်ဦး (မျက်မှန်) ကို ဖြုတ်ခဲ့စဉ်က (လူ) ကိုပဲဖြုတ်ခဲ့တာ၊ တပည့်အများကို တခြားတပ်တွေဆီ ပြန်ပို့ခဲ့တာပဲ။ ထောက်လှမ်းရေး ကက(လှမ်း) ကို မဖျက်ပစ်ဘူး။ ဗိုလ်ချုပ်ခင်ညွန့်ကိုဖြုတ်တော့ တပည့်တွေကိုလည်း ထောင်ချ၊ ညှဉ်းပန်း ကက(လှမ်း)ကိုပါ ဖျက်ပစ်တာပဲ။ အတူလုပ်လာတဲ့ ရဲဘော်စိတ်မထား အန္တရာယ်ကိုဖယ်ရှားရန် လက်မနှေး ကြူပင်ခုတ်၊ ကြူငုတ် မကျန်စေရ။ ဒါ အာဏါရှင် စစ်စစ်ဆိုတာ ထင်ရှားနေတာပဲ။

ဗိုလ်ချုပ်နေဝင်းဟာ မိမိအာဏာ ထူထောင်စဉ်ကာလမှာ စစ်တပ်ကလွဲပြီး ကျန်တဲ့ မဏ္ဍိုင်မှန်သမျှကို စနစ်တကျ ဖျက်စီးရိုက်ချိုးခဲ့တယ်။ စစ်တပ်ကြောင့်သာ တိုင်းပြည် ချောက်ထဲမကျရတာဆိုပြီး စစ်တပ်ကို သိဒ္ဓိ တင်ခဲ့ပြန်တယ်။ တဘက်က ဆိုရှယ်လစ်စနစ်ဆိုပြီး (မဆလ) ပါတီကိုထောင် ဗဟိုဦးစီးစနစ်ကို ကွန်မြူနစ်စနစ်ကခိုးချ စစ်အာဏာရှင်စနစ်ကို ရုပ်ပြကောင်းအောင် ဥပဒေဘောင်ဝင်အောင် ကြိုးစားခဲ့ပေမဲ့ ဆင်သေကို ခွေးသရေနဲဖုံးလို့မရသလို ၈၈၈၈ အရေးအခင်းမှာ ဗူးပေါ်သလို ပေါ်ခဲ့ရပါတယ်။

ဗိုလ်ချုပ်သန်းရွှေခေတ်ရောက်တော့ ဟန်ဆောင်စရာမလိုတော့ဘူး၊ ရဲရဲတင်းတင်း ဘောင်းဘီပြန်ဝတ် ခဲ့ကြပြန်တယ်။ ငါတို့စစ်တပ်၊ ငါတို့စစ်သားဆိုပြီး ရဲဆေးပြန်တင်ပေးခဲ့ပြန်တယ်။ ဆိုရှယ်လစ် စီးပွားရေးစနစ်ကနေ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲလိုက်တဲ့အတွက် (စား)ကွက်တွေ ပိုပေါ်လာပါတယ်။

အမှန်တကယ် မြန်မာနိုင်ငံရဲ့ စစ်တပ်အခြေအနေကို အနုလုံ၊ပဋိလုံ လေ့လာကြည့်ရင် စစ်တပ်ဆိုတာ လက်နက်အားကိုးနဲ့ နယ်မြေသိမ်းထားပြီး အခွင်အရေးလိုချင်ရင် ငွေပေးဆိုတဲ့ တရားဝင် အေးဓါးပြ တိုက်စားနေကြတာပါပဲ။ အခွင့်အရေးပေးနိုင်တဲ့အာဏာက စစ်ဗိုလ်တွေလက်ထဲမှာပဲ ရှိတယ်မဟုတ်လား။ ရာထူးနဲ့အတူ အာဏာ ပါလာတယ်၊ ဒီအာဏာကြောင့် ငွေ ရတယ်လေ။

စစ်တိုင်းမှူးဆိုတာ စစ်တပ်ကိုအုပ်ချုပ်ရသလို၊ မိမိနယ်မြေအတွင်းမှာရှိတဲ့ စီးပွားရေး၊ သာသနာရေး၊ လူမှုရေး အားလုံးကို ကိုင်ရတယ်။ မိမိနယ်မြေထဲမှာတော့ မိမိဟာ ဘုရားငယ်ပဲလေ။ လက်လက်ညှိုးထိုးရာ (ရေ) ဖြစ်နိုင်တာကိုး ရာထူးရရင်၊ အာဏာရော၊ ငွေပါမရှားပေါ့၊ ရာထူးလိုချင်ရင်၊ ဗိုလ်ချုပ်သန်းရွှေနဲ့ စစ်တပ်အပေါ် သစ္စာရှိ၊ နောက်ဆုံးသစ္စာ (Loyalty)ကို (ရာထူး)၊ (အာဏါ)၊ (ငွေ)နဲ့ အလဲအလှယ်လုပ်တာပါပဲ။ ဒါကြောင့် ဗိုလ်ချုပ်သန်းရွှေလက်ထက်မှာ (လာဒ်)စားခြင်းဟာ မကောင်းမှုဒုစရိုက်မမြောက် စနစ်၏ အစိတ်အပိုင်း ယဉ်ကျေးမှုပင်ဖြစ်လာပါတော့တယ်။

ဒါကြောင့် ခိုင်းတာလုပ် စေရာသွား (ပစ်)ဆို(ပစ်) ငြိမ်ငြိမ်လေးထိုင်(စား) (သစ္စာ)သာရှိ ကိုယ့်အလှည့် ရောက်လာလိမ့်မယ်ဆိုတဲ့ တိုင်းပြည်ကို မိမိကိုယ်ကျိုးအတွက်(ရောင်းစား)တဲ့ (စနစ်) ဆိုးကြီးပါပဲ။ ဒီနည်းနဲ့ ဗိုလ်ချုပ်သန်းရွှေဟာ စစ်တပ်ကိုထိန်းထားတယ်လို့ပဲ သုံးသပ်ရမှာပါ။

စစ်သားတယောက်ရဲ့ သစ္စာဆိုတာကလည်း တိုင်းပြည်အပေါ်မဟုတ်(စစ်တပ်)နဲ့ (တပ်ချုပ်) ကြီးအပေါ် သစ္စာတည်ရမှာကိုး။ ဒီမှာသတိပြုစရာတခုရှိတာက ဗိုလ်ချုပ်နေဝင်း လက်ထက်က စစ်ဗိုလ်အများဟာ ဒီချုပ် (NLD) ဗိုလ်ချုပ်တင်ဦး၊ ဗိုလ်မှူးကြီးကြည်မောင်တို့လို တော်လှန်ရေးကာလမှာ စစ်ထဲဝင်ခဲ့ကြတဲ့ စစ်ဗိုလ်တွေဖြစ်တာကြောင့် တိုင်းပြည်ချစ်စိတ်ရှိကြသေးတယ် ခုခေတ်ဗိုလ်ချုပ်တွေက ဦးနေဝင်းရဲ့ မဆလခေတ်မှာမှ စစ်ထဲဝင်ခဲ့ကြတာကြောင့် စစ်ဗိုလ်ဆိုရင်အာဏာရှိတာ အစားရချောင်တာကြည့်ပြီး စစ်ထဲဝင်ခဲ့သူတွေများမှာပါ နောက်တက်မည့် စစ်ဗိုလ်ချုပ်တွေဆိုရင်(စား) ရအောင်သက်သက် ဝင်လာတဲ့ စစ်ဗိုလ်တွေဖြစ်ကြလိမ့်မယ်။

ဦးနေဝင်း လက်ထက်ကလည်း အလှည့်ကျ (နေရာ)ပေးပြီး နောက်ဆုံးထိပ်မှာ ဦးနေဝင်းပဲ ကျန်ခဲ့တာပါပဲ။ ဦးနေဝင်းလက်ထက်က စစ်တပ်မှာနေရာတွေရှိတယ် မဆလ ပါတီမှာနေရာတွေရှိတယ် အုပ်ချုပ်ရေးအတွက် ကောင်စီမှာနေရာတွေရှိတယ်။ ဗိုလ်ချုပ်သန်းရွှေလက်ထက်မှာ စစ်တပ်အာဏာနဲ့ပဲ အုပ်ချုပ်တာမို့ (နေရာ)သိပ်မရှိလှ။ ဒါကြောင့် စကခ (Military Operation Command) တို့ ဒကစ (Regional Operational Command) ဆိုတဲ့တပ်မအဆင့်ရှိတဲ့တပ်တွေကို ထပ်ချဲ့လာရတာပါ။

ခုတော့ ရာဇဝင်တပတ်ပြန်လည်လာပြီး မဆလခေတ်ကလိုပဲ (အရပ်သား) စစ်သားနဲ့ (စစ်တပ်)စစ်သားရယ်လို့ ခွဲခြားလိုက်ပြန်တာပေါ့။ စစ်သားဘဝပြောင်း အရပ်သားက ပါလီမန်ထဲမှာနဲ့ ဝန်ကြီးအဖွဲ့မှာနေရာယူကြ စစ်တပ်ထဲကစစ်သားကတော့ တပ်မှာနေခဲ့ ထိပ်ကဒီလူကြီးတွေကပဲ အာဏာယူ ထိန်းကျောင်းပေးသွားမှာပေါ့။
ဒီနေရာမှာ ဗိုလ်ချုပ်သန်းရွှေ သတိပြုမိလားမသိပါ။

တသက်လုံး အာဏာယူထားတဲ့ အာဏာရှင်မြောက်မြားစွာဟာ မိမိကိုဆက်ခံမဲ့လူရွေးရာမှာ အခက်တွေ့တတ်ကြတယ်။ မော်စီတုန်းဟာ ပထမလျူရှောက်ချီနောက် လင်ပြောင်နောက်ဆုံး ဘယ်ကမှန်းမသိတဲ့ ဟူဂိုဖန်း (Hua Guofeng)ကို ချောင်ထဲက ဆွဲထုတ်လာခဲ့ရတယ်။ မော်သေသွားအပြီး တိန်လျောက်ပိန်ကို ဥာဏ်ချင်းမယှဉ်နိုင်တော့ တိန်လျောက်ပိန်ပဲ အာဏာရခဲ့ရတယ် မဟုတ်ပါလား။

တိန်လျောက်ပိန် အလှည့်ရောက်တော့လည်း ဟူရောင်ဘန်း (Hu Yaobang)နောက် ကျောက်ဆီယန်း (Zhao Ziyang) ၂ ယောက်စလုံးကိုဖယ်ပြီးမှ နောက်ဆုံးချောင်ထဲက ရန်ဆီမင်း (Jiang Zemin)ကို ဆွဲတင်ခဲ့ရတယ် မဟုတ်ပါလား။

ဦးနေဝင်းကိုယ်တိုင် အသေအချာမသိတဲ့ ဗိုလ်ချုပ်သန်းရွှေကိုရွေးမိခဲ့လို့ အလောင်းတောင်မဆံ့တဆံ့ အခေါင်းထဲထည့်ခံရပြီး မြေမြှုပ်ခံခ့ရတယ်မဟုတ်ပါလား။

ဒါကြောင့် ဘုရားတဆူလောက်ဖြစ်အောင် ဝိုင်းကိုးကွယ်ခဲ့ကြတဲ့ မြောက်ကိုရီးယားကခေါင်းဆောင်ကြီး ကီအင်စွန်း (Great Leader)ဟာ သုံးလို့မရတဲ့ သားတော်မောင်ကို ခေါင်းဆောင်လေး (Dear Leader)အဖြစ် ဖန်ဆင်းခဲ့ပြီး တိုင်းပြည်ခေါင်းဆောင်တင်ခဲ့ရတယ် မဟုတ်ပါလား။ ထို့နည်းတူစွာ ကျူဗားမှ ကက်စရိုတောင် ညီကိုပဲအာဏါလွှဲရဲတာပဲ ကွန်မြူနစ်တွေလည်း ပဒေသရာဇ်ဖြစ်ကုန်ကြရရှာတာပေါ့။ ကျနော့် အမြင်အရတော့ ဗိုလ်ချုပ်သန်းရွှေဟာ ဦးနေဝင်းရဲ့ အမှားမျိုးမဖြစ်ရအောင် သတိရှိတယ် အမှားခံလိမ့်မယ် မထင်ဘူး။

ဦးနေဝင်းဟာ တသက်လုံးအာဏာရှိလာတော့ မင်းလုပ်အုပ်ချုပ်ရတာကို ငြီးငွေ့သွားပုံရတယ်။ လက်ဆင့်ခံ (proxy) တွေကတဆင့်ပဲ အုပ်ချုပ်တော့တယ်။ ဗိုလ်ချုပ်ကျော်ထင်၊ ဗိုလ်ချုပ်အေးကို၊ ဗိုလ်ချုပ်စိန်လွင်တို့ဆီက တဆင့်ခံပဲ လက်လွှဲအုပ်ချုပ်စေတော့တယ် တပ်ကိုဗိုလ်ချုပ်တင်ဦး (S2) လက်ထဲထားပြီး ထောက်လှမ်းရေးကို ဗိုလ်ချုပ်ခင်ညွန့်လက်ထဲထည့်ထား၊ တပ်ချုပ်နဲ့ ဒုတပ်ချုပ်တွေက နေရာရှိပေမဲ့ ပကတိအာဏာမရှိကြတော ဘယ်သူမှအာဏာကို မစုစည်းနိုင်အောင် လုပ်ထားတာပါပဲ။

သို့ပေမဲ့ဦးနေဝင်းဝဋ်လည်ချင်တော့ တပည့်ရင်းတွေက ဆရာထက်အရင် လူ့လောကကြီးကို ခွဲခွာသွားကုန်တော့ ဦးနေဝင်းစစ်တပ်ကို လက်လွတ်သွားတယ်။ ကျားသေကြီးလို ရိုးရိုအအ ဟန်ဆောင်နေတဲ့ ဗိုလ်ချုပ်သန်းရွှေဟာ တကယ်တော့ တခေါင်းလုံး (ဥာဏ်) ချည်းပဲဆိုတာ ဦးနေဝင်းမသိလိုက်ရှာဘူး။ နောက်ကျောကိုဓါးနဲ့ အထိုးခံရမှ ဓါပြမှန်းသိလိုက်ရတော့ နောက်ကျသွားပြီး ဝဋ်လည်တယ်လို့ပဲပြောရမှာပါ။ ဦးနေဝင်း ဘယ်လောက်ဒေါသထွက် ခံစားပြီးမှ အသက်ထွက်သွားရမှာလဲ။

ဒါကြောင့်ပြောရဲတယ် ဗိုလ်ချုပ်သန်းရွှေတဆင့်ခံ(proxy)နဲ့ ကိုင်မှာ မဟုတ်ဘူး။ စစ်တပ်ကို အနီးကပ် တိုက်ရိုက်ကိုင်မှာပဲ။ နောက် ဗိုလ်ချုပ်သန်းရွှေဟာ ရာထူးတွေမခွဲဝေခင် ဘယ်သူ့ကိုမှ အကုန်မပြောဘူး။ ထိပ်ပိုင်းဗိုလ်ချုပ်တွေတောင် ဗိုလ်ချုပ်သန်းရွှေ ဘာစီမံမယ်ဆိုတာ အတိအကျမသိကြရှာဘူး။ တယေက်ကို နည်းနည်းစီ တစိပ်စီပဲ အသိပေးထားတယ်။ ဒါ အာဏာရှင် ကျမ်းအခြေခံ ၁ဝ၁ ပဲ။

ဒီတော့မှ အာဏရှင်ကျမ်းမကျေတဲ့ ဗိုလ်ချုပ်တွေရဲ့ လက်ဝေခံစီးပွားရေးသမားတွေက ကျုပ်တို့ ဗိုလ်ချုပ်ကတော့ ဘာဖြစ်မှာ၊ ဘယ်လိုတော်တာ ချီးမွမ်းခန်းဖွင့်လိုက် ဆော်သြကြတော့တာပေါ့။ အမှန်က (ဟ) ပေးလိုက်တာပါ။ အာဏာရှင်အကြောင်း ကောင်းကောင်းနားလည်တာက တရုတ်ဝန်ကြီးချုပ်ချောင်အင်လိုင်းပဲ တရုတ်တွေဟာ ကွန်မြူနစ်ဆိုပေမဲ့ အနောက်တိုင်းယဉ်ကျေးမှုဖြစ်တဲ့ ဘောဒန့် (Ball-room-dance)ကို ခုံမင်ကြတယ်။

အထူးသဖြင့် ချောင်အင်လိုင်းဟာ သိပ်နှစ်သက်တယ် အကလည်းတော်တယ် ဒါပေမဲ့ က,နေတုန်း မော်စီတုန်းဝင်လာရင် ဝန်ကြီးချုပ်ပျောက်သွားပြီ မော်ကိုပြိုင်တယ် အထင်ခံရမှာစိုးလို့။ အာဏာရှင်အောက်မှာ တိတ်တိတ်လေးနေ ငြိမ်ငြိမ်လေးထိုင်နေတတ်သူဟာ နေရာရမယ်၊ နေရာမြဲမှာပဲ၊ အာဏာဆိုတာ တပ်မက်စရာကောင်းသလို ကြောက်စရာလည်း ကောင်းပါတယ်။ အခုလည်းမထင်သူတွေကို ဆွဲတင်လာတာပဲ မဟုတ်လား။

ဗိုလ်ချုပ်သန်းရွှေရဲ့စစ်တပ်မှာ ရာထူးမတက်နိုင်လို့ ပွက်စိပွက်စိအသံတွေ ထွက်လာတယ်မဟုတ်လား။ ခုတော့တပြုံကြီး ရာထူးတိုးပေးလိုက်တော့ ဗိုလ်ချုပ်သန်းရွှေကို ကျေးဇူးတင်လို့ဘယ်ဆုံးပါ့မလဲ ပါလီမန် သက်တန်းတခုတော့ စိတ်အေးနိုင်ပြီ။ ကျနော်ကတော့ နောက်တဆင့် စစ်ဗိုလ်တွေကို ဘယ်ပုံကိုင်မယ်ဆိုတာကို စိတ်ဝင်စားတယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ အဓိကအားနဲချက်က သူ့မိသားစုပဲလို့ထင်မိတယ်။ သူ့မိသားစုကို သူနိုင်ပုံမရဘူး။ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးမှာ မိသားစုပါလာရင် အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် ဗိုလ်ချုပ်သန်းရွှေအတွက် အဓိကအရေးကြီးတာက သူမရှိတဲ့နောက်ပိုင်း သူ့မိသားစု လုံခြုံရေးနဲ့ ဥစ္စာတည်မြဲရေးအတွက်ပဲ ဖြစ်ရမယ်လို့ ကျနော် တွေးလို့ရတယ်။

ဒီအတွက်ပြင်ဆင်မှုလိုတယ်၊ အစီအစဉ်လိုတယ်၊ သူ့လိုလူမျိုးရွေးမိရင် အကျိုးနဲရချည်ရဲ့ ဝဋ်ဆိုကလည်း လည်တတ်တယ်မဟုတ်လား။ ကံလိုက်လာရင် ယတြာလည်းနိုင်ပါ့မလားမသိ။

ဗိုလ်ချုပ်သန်းရွှေဟာ စစ်တိုက်တာတော်ပုံမပေါက်ပေမဲ့ နိုင်ငံရေးကစားကွက်မှာတော့ (လျင်) တယ်လို့ အသိမှတ်ပြုရမယ်။ ဦးနေဝင်းလက်ထက်က တပါတီအာဏါရှင်စံနစ် ရှုံးစရာမရှိ။ အခုခေတ်က ပါတီစုံခေတ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ မလည်မဝယ်နဲ့ မလုပ်တတ်တော့ NLD နိုင်သွားတယ်။

လာပြန်ပြီ ပါတီစုံရွေးကေက်ပွဲ။ ဒီတခါတော့ NLD မဝင်ရင် နိုင်ချေရှိတဲ့ ပြိုင်ဘက်မရှိတော့။ ပထမဦးဆုံး အမာခံဦးဝင်းတင်ကို အစော ကြီးကြိုလွှတ်ပေးလိုက်တယ်။ တဘက်က အီးစီ အဖိုးကြီးတွေကို မျက်စပြစ်ပြလိုက်တယ်။ တဘက်နဲ့တဘက် ရန်စောင်ရင်း ကွဲသွားကြရင်အပိုဘောက်ဆူးပဲ။

တခါ ရွေးကောက်ပွဲဥပဒေကိုကိုင်ပြီး မာနကလေးတွေကို ကလိပေးလိုက်တယ် ဝင်ချင်ရင် အောက်ကျို့ပြီး ဝင်ကြလေ။ အီဖေကိုယ်ကတော့ စင်ပေါ်ကပဲ။ ဒီချုပ်မဝင်တော့ ဗြောင်မညစ်ရတော့ဘူးပေါ့။ ဇင်ဘာဘွေမှာလို ကြံ့ဖွတ်တွေနဲ့ ဝင်မရိုက်ရတော့ဖူးပေါ့။ ကျန်တဲ့ပါတီတွေကတော့ အသေးအဖွဲတွေပါ။

လိုရမယ်ရ ဥပဒေဘောင်အတွင်းက ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေးကိုမြှင့်ထားလိုက်တယ်။ အုတ်ရောရော ကျောက်ရောရော ပါတီတွေဖေါင်းပွလာမှာစိုးလို့ (ငွေ)ဆိုတာက စစ်ဗိုလ်တွေဆီမှာပဲ ရှိတာမဟုတ်လား။

တချိန်ထဲမှာ ရွေးကောက်ပွဲဥပဒေနဲ့ ဒီချုပ် (NLD)ကို ဇာတ်သိမ်းလိုက်တယ်။ ၁၉၉ဝ ရလဒ်ကိုကိုင်ပြီး မကြွေးကျော်နိုင်အောင် ကြိုကန်ထားလိုက်တာ ပါတီစုံရွေးကောက်ပွဲ လုပ်ပေးတာပဲ ဒါပေမဲ့ ဥပဒေနဲ့ စည်းဝိုင်းကိုကျပ်လိုက်တော့ရလဒ်ကို (လို)သလို ပုံဖေါ်လို့ရနိုင်တာပေါ့။ ဥရောပ ကလူတွေက ငမ်းငမ်းတက်ဖြစ်နေပြီ။ နောက်ဆုံးအမေရိကန်လည်း ဆူပူအပြစ်ရှာရင်း အစိုးရသစ်ကို ပန်ကုံးလာစွပ် မှာပါပဲ။
ဗိုလ်ချုပ်သန်းရွှေအတွက်ကရှင်းတယ် မော်စီတုန်းပြောခဲ့တဲ့ “အာဏာဆိုတာ သေနပ်ပြောင်းဝက လာတာ” ဆိုတာကို ကောင်းကောင်းသဘောပေါက်တယ် ယုံကြည်ပုံလည်းရတယ်။

စစ်တပ်ကိုနိုင်အောင်ကိုင် (ဆူ)ရင် (ပစ်) ခိုင်း သစ္စာစောင့်ရင် (ဆု)ပေး၊ သစ္စာ ဖေါက်ရင် (ထုတ်) လွှတ်တော် ကြီးတွေဆောက် ရွှေရည်စိမ်ဒီမိုကရေစီပေးပြီး စစ်အာဏာရှင်စံနစ်ကို ခေါင်းပေါင်းဆောင်းပြီး တောင်ရှည်ဝတ်ခိုင်းမှာပဲ။ ဗိုလ်ချုပ်သန်းရွှေဆီမှာ အစီအစဉ်(Plan)ရှိတယ် (အချိန်)ကို (လက်နက်)အဖြစ်သုံး ပြီး အနိုင်ယူမှာပဲ လျော့မတွက်သင့်။ ကျနော်တို့ အတိုက်ခံတွေမှာကော ဗျူဟာတွေ၊ အစီအစဉ်တွေ၊ ရှိကြပါရဲ့လား။ အချိန်က လူကိုစောင့်မည်မဟုတ်ပါ။

ကမ္ဘာကျော်စစ်ဗျုဟာမှူး ဆန်ဇူးကပြောသွားခဲ့တယ် မဟုတ်ပါလား သင်၏ရန်သူကို သိအောင်လုပ်ပါ သင့်ကိုယ်သင်လည်း သိပါစေတဲ့။ စစ်သားကို ရင်ဆိုင်ချင်ရင်၊ စစ်သားတွေးလည်း တွေးတတ်ရမှာပေါ့၊ အာဏာဆိုတာ ကြောက်ဖို့အလွန်ကောင်းပေမဲ့ နိုင်ငံရေးမှာ နိုင်ငံရေးအာဏာမရှိပဲ နိုင်ငံကိုမထူထောင်နိုင် ပြန်ဘူး။ ဒီမိုကရေစီကို ပြန်မဖေါ်ထုတ်နိုင်ဘူး။ အာဏာရှင်အများဟာလည်း အာဏယကို လွယ်လွယ်နဲ့ လက်မလွှတ်လိုကြဘူး။

နိုင်ငံရေးမှာ စာအုပ်ကြီးတွေဖတ်ပြီး တရားသေမှတ်ထားလို့မရတာတွေရှိပါတယ်။ မာက်စ် (Karl Marx)ဟာ စက်မှုတော်လှန်ရေးဖြစ်ခဲ့တဲ့ အင်္ဂလန်ကို နောက်ခံထားပြီး သူ့ကျမ်းကြီးကိုရေးခဲ့တာပါ။

သခင်စိုးနဲ့ လက်ဝဲဝါဒသမားတွေဟာ ဒီလက်ဝဲကျမ်းကြီးတွေကိုဖတ်ပြီး စက်မှုလက်မှု မတိုးတက်သေးတဲ့မြန်မာ နိုင်ငံမှာ ပစ္စည်းမဲ့တော်လှန်ရေးကြီးကို အတင်းအဓမ္မဆင်နွှဲဖို့ ကြိုးစားကြတာကြောင့် မအောင်မြင်ခဲ့ကြရှာဘူး။ စိတ်ကူးယဉ် နိုင်ငံရေးသမားတွေအဖြစ် ဇာတ်သိမ်းခဲ့ကြရရှာတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့လည်း ဒီလက်ဝဲကျမ်းကြီးတွေကိုဖတ်တာပဲ ဒါပေမဲ့ ဥာဏ်ရှိတော့ တယူသန် ဝါဒစွဲသမားတွေ မဖြစ်ခဲ့ကြဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့က ရိုးရိုးလေးတိုင်းပြည်ချစ်စိတ်ကို အခြေခံပြီး လွပ်လပ်ရေးရရှိရေးကိုပဲ စူးစူးစိုက်စိုက် ဆောင်ရွက်ခဲ့တာကြောင့် အောင်ပွဲခံခ့ကြရတယ်။ လက်တွေ့ နိုင်ငံရေးသမားတွေလို့ ပြောလို့ရမယ်ထင်ပါတယ်။

မော်စီတုန်းဟာ လက်ဝဲကျမ်းကြီးတွေ ပြီးပြည့်စုံအောင် မဖတ်ဖူးရှာပါဘူး။ သို့သော် စက်မှုလက်မှု မတိုးတက်သေးတဲ့ တရုတ်နိုင်ငံမှာ ဆင်ရဲသားလယ်သမားကိုပဲ အားကိုးရမယ်ဆိုတာကို သဘောပေါက်တယ်။ ဒါကြောင့် (နယ်) ကိုသိမ်း (မြို့)ကိုဝိုင်း ဆိုတဲ့ ဗျူဟာကိုဖေါ်ထုတ်နိုင်ခဲ့လို့ အောင်မြင်ရုံမက ကမ္ဘာကျော်ခဲ့ရတယ်။

စာအုပ်တွေမှာဖေါ်ပြကြတဲ့ (မူ)တွေက သီအိုရီတွေများပါတယ် မိမိတိုင်းပြည်အခြေအနေနဲ့လည်း ကိုက်ဖို့ သတိရှိရပါမယ်။ နိုင်ငံရေးဆိုတာ(မူ) ကြီးကိုအသေကိုင်စွဲပြီး စိတ်ကူးယဉ်နေလို့မရပါဘူး။ လက်တွေ့ကျဖို့လည်း လိုလိမ့်မယ်ထင်တယ်။ ကျနော့် ထင်မြင်ချက်ကိုပြောရမယ်ဆိုရင် (ခံ)ရဲတာ (သေ)ရဲတာပဲ (သတ္တိ)လို့ မပြောနိုင်ပါဘူး။ (သတ်)ရဲတာလည်း (သတ္တိ)ပါပဲ (တိုက်) စစ်ဟာအကောင်ဆုံး(ခံ)စစ်လို့ ဆိုကြတယ် မဟုတ်လား။ ကျနော့်အမြင် သက်သက်ပါ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Sep,2nd,2010

( 33 )မြန်မာနိုင်ငံမှ လျှပ်စစ် မဂ္ဂါဝပ် ၅၀၀ ဘင်္ဂလာမှ ၀ယ်မည်

( 32 )Trawler sinks in Bay of Bengal, seven cattle missing

( 31 )Vote USDP Orders PM

( 30 )KSPP ခေါင်းဆောင်များ တသီးပုဂ္ဂလလို ရွေးကောက်ပွဲဝင်မည်

( 29 )New Burma Election Website Launched

( 28 )နဝမအကြိမ်မြောက် NCUB ညီလာခံ ကျင်းပပြီးစီး

( 27 )Government No Help to Stranded Pegu Residents

( 26 )မီဇိုရမ်ရဲက မြန်မာနိုင်ငံသား ၈၀ ကျော်ဖမ်းဆီးပြီး နယ်စပ်ကိုပြန်ပို့ 

( 25 )Karen town eastern Burma’s ‘most deadly’

( 24 )ပဲခူးမြို့ ရေဘေးဒုက္ခသည်များအတွက် ရိက္ခာလိုအပ်

( 23 )Than Shwe to visit China

( 22 )ပဲခူးမြစ်ရေကြီးချိန် ရေဆင်းကူးသူ သေဆုံး

( 21 )Burma’s tax regime ‘arbitrary, unjust’

( 20 )တပ်ပြေး ကလေးစစ်သားကို ဖမ်းဆီးထား

( 19 )Tutu raises a hand for Suu Kyi

( 18 )AMRDP ရွေးကောက်ပွဲ၌အောင်မြင်မည်ဟု ပါတီအတွင်းရေးမှူး(၁)မှပြော

( 18 )Myanmar election commission calls for successful holding of general election

( 17 )ကေအိုင်အိုက ပင်လုံမူအတိုင်း လက်နက်စွန့်ရေး ရာဇသံကို တုန့်ပြန်

( 16 )ဘီဘီစီ မြန်မာဌာန နှစ် ၇ဝ ပြည့်

( 15 )သပိတ်မှောက်တာ ရှင်းတယ်လို့ ဧရာဝတီလူထုက ဦးတင်ဦးကိုပြော

( 14 )Commission of inquiry on Myanmar

( 13 )မြန်မာသတင်းသမား ၂၆ ဦး အိန္ဒိယမှာ သင်တန်းတက်မည်

( 12 )City authorities ignore flood victims in Pegu

( 11 )နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ခွင့် ၁၆ ကီလိုမီတာအထိ လျှော့ချ

( 10 )ဒေါက်တာတူးဂျာတို့ ပါတီလွတ် ဝင်ပြိုင်မည်

( 9 )Obama Commissions Inquiry of Burmese Human Rights

( 8 )စီးပွားရေး လုပ်ငန်းရှင်များ အခွန်ကင်းလွတ် ခံစားခွင့်ကြောင့် ပြည်သူ့ဘဏ္ဍာငွေ ထိခိုက်

( 7 )Securing China's oil imports from the Middle East

( 6 )မဲပေးပိုင်ခွင့် စာတမ်းဖြန့်မှုကြောင့် NLD မြို့နယ်အတွင်းရေးမှူး အဖမ်းခံရ

( 5 )Pro-junta groups field many candidates for Myanmar elections

( 4 )အဓမ္မ အခွန်စနစ်ကြောင့် ပြည်သူ ဆင်းရဲတွင်းပိုနက်

( 3 )Delta disability rates ‘highest in Burma’

( 2 )ကိုယ်စားလှယ် အရေအတွက် နည်းသော်လည်း လူထုအကျိုး သယ်ပိုးမည်

( 1 )Burma’s Cyber Generation Boots Up for Election

Wednesday, September 1, 2010

နယ်ခြားစောင့်တပ် ဖွဲ့ရေး KIO အပြီးသတ် ငြင်းဆို

စိုင်းဇွမ်ဆိုင်း Wednesday, September 01, 2010

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) က နယ်ခြား စောင့်တပ် ဖွဲ့စည်းမည် မဟုတ်ဟု အပြီးသတ် ငြင်းဆို လိုက်သည်။

“အခုက အသွင်ကူးပြောင်းရေး ကာလ ရောက်နေပြီဆိုတော့ နောက်တက်မယ့် အစိုးရအဖွဲ့နဲ့ကျမှ ကျနော်တို့ရဲ့ရပ်တည်မှု အပေါ်ကို ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ဒုတိယ နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်းဒေါင် က ဧရာဝတီသို့ ပြောသည်။

KIOအပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် စစ်အစိုးရက ယနေ့ နောက်ဆုံး ရက်အဖြစ် သတ်မှတ် ပေးထားသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခဲ့သည်။

နယ်ခြားစောင့်တပ် မဖွဲ့သဖြင့် နအဖ အစိုးရ စစ်ရေးအရ တိုက်ခိုက်ခြင်းများ ပြုလုပ်လာမည်ဟု မမျှော်လင့်ကြောင်း KIO လက်ထောက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါ က ဆိုသည်။

“ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ဝိုင်းဝန်းတည်ထောင်ရေး ဆိုတာက ကျနော်တို့ရဲ့ ပန်းတိုင်ပါ၊ ကျနော်တို့ ပန်းတိုင်ကို မရောက်မချင်း လက်ရှိအနေအထားကို ထိန်းသိမ်းထားဖို့ ဆိုတာပဲ ရှိတာပါ၊ လက်နက်နဲ့ အဖြေရှာဖို့ ဆိုတဲ့ သဘောထားကတော့ ကျနော်တို့ဆီမှာ မရှိပါဘူး”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွင်း၌ အင်အားအကောင်းဆုံးဖြစ်သည့် ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) ကလည်း နယ်ခြား စောင့် တပ်ဖွဲ့စည်းခြင်းသည် စစ်အစိုးရကို အလုပ်အကျွေးပြုခြင်းနှင့်တူသည်ဟု ဆိုကာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် ငြင်းဆိုလိုက်ကြောင်း သိရှိရသည်။

“နယ်ခြားစောင့်တပ် မဖွဲ့စည်းလို့ ကျနော်တို့အသင်းကို တရားမဝင်အသင်း ကြောညာမယ်ဆိုလည်း ကြေညာပေါ့၊ ကျနော် တို့ က အဲဒီအပေါ်ကို အပြေးအလွှား ဖြေရှင်းတာမျိုးတွေ လုပ်မှာမဟုတ်ပါဘူး၊ သူတို့က လုပ်ချင်တာ လုပ်တယ်၊ ပြောချင် တာပြောတယ်”ဟု UWSA ဌာနချုပ်မှ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

နအဖ ဘက်မှ တိုက်ခိုက်မှုများ ပြုလုပ်လာပါကလည်း မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ပြန်လည်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ သို့သော်လည်း ၎င်းတို့ဘက်မှ စတင်တိုက်ခိုက်မည် မဟုတ်ကြောင်း၊ ထူးထူးခြားခြား စစ်ရေးပြင်ဆင်မှုများ လည်း မရှိကြောင်း UWSA အရာရှိက ပြောဆိုသည်။

“ကျနော်တို့ နယ်ထဲကို ရွေးကောက်ပွဲကိစ္စ လုပ်မယ့်သူတွေရဲ့လုံခြုံရေးကို အကြောင်းပြပြီး လာမယ့် စစ်တပ်တွေတော့ ရှိပါတယ်၊ အဲဒီ တပ်တွေကို အနီးကပ်စောင့်ကြည့်ဖို့တော့ ပြင်ဆင်ထားပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ-မိုင်းဆတ်မြို့နယ်နှင့် ထိုင်းမြန်မာ နယ်စပ်တလျှောက် အခြေချထားသော တောင်ပိုင်း “ဝ” တပ်ဖွဲ့များကို ၎င်းနေရာများမှ ရုပ်သိမ်းကာ ၎င်းတို့ ဌာနချုပ်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆန်းမြို့သို့ ပြောင်းရွှေ့ရန် စစ်အစိုးရဘက်မှ ပြီးခဲ့သည့် တနင်္လာနေ့တွင် ညွှန်ကြားထားသည်ဟု ရှမ်းသံတော်ဆင့် သတင်းဌာနမှ ဖော်ပြခဲ့သည်။

NDAA (ခ) မိုင်းလားတပ်ဖွဲ့ကလည်း နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ယနေ့အချိန်အထိ လက်မခံကြောင်း၊ လက်ရှိ အခြေအနေ အတိုင်းသာ နေသွားလိုသည့် ဆန္ဒရှိကြောင်း UWSA နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့်တို့ တွေ့ဆုံပြီး နောက်ပိုင်းတွင် တုံ့ပြန်ခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်သစ်ပါတီ(NMSP)ကမူ ၎င်းတို့၏ တိုင်းရင်းသားအခွင့်အရေးများ မရရှိဘဲ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် သဘောတူ ညီလိမ့်မည်မဟုတ်ကြောင်း NMSP ဥက္ကဋ္ဌဖြစ်သူ နိုင်ထောမွန်က မွန်တော်လှန်ရေးနေ့တွင် ပြောဆိုခဲ့သည်ဟု နီးစပ်သူ တဦးထံမှ သိရှိရသည်။

ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားသည့် အပစ်ရပ် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSA-N မှ တပ်မဟာ (၃) နှင့် (၇) တို့ကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးမှ သြဂုတ်လ ၂၇ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ကာ လက်နက် ချခိုင်း ကြောင်း သိရှိရသည်။

ယနေ့အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ၏ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ လှိုင်းဘွဲ့မြိုနယ် ပိုင်ကျုံမြို့ ထန်းတပင် ကျေးရွာ၊ မြ၀တီမြို့နယ် မဲပလဲ့ ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာ၊ မြဝတီ မြို့နယ် အတွင်းကွင်းကလေး ဒေသတို့မှ တပ်ဖွဲ့ဝင်များနှင့် ကရင်ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ဖြစ်သော ဟောင် သရော အဖွဲ့တို့သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိ သည်။

ရွေးကောက်ပွဲ အနိုင်အရှုံး ကြိုတင်ခန့်မှန်းနိုင်

မျိုးဝင်းဇော် / ၀၁ စက်တင်ဘာ ၂၀၁၀

နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလများ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသည့်ရက် ကုန်ဆုံးပြီးနောက် အမည်တင်သွင်းမှု အခြေအနေ ထွက်ပေါ်လာပြီဖြစ်သည့်အတွက် ရွေးကောက်ပွဲအနိုင်အရှုံးကိုပင် ခန့်မှန်းနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့မှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ပြောကြသည်။

ပုဂ္ဂလိက ဂျာနယ်တခုမှ သတင်းအယ်ဒီတာတဦးက “လွှတ်တော် (၃) ရပ်အတွက် တနိုင်ငံလုံးမှာ မဲဆန္ဒနယ် စုစုပေါင်း (၁,၁၆၃) နေရာ ရှိတယ်။ အတိုက်အခံလို့ ဆိုတဲ့ ဒီမိုကရက်ပါတီတွေဟာ အဲဒီနေရာ အစွန်းထွက်လေးလောက်တောင် ဝင်မပြိုင်နိုင်ဘူး ဆိုတော့ ကြံ့ဖွံ့ကပဲ အနိုင်ရမယ်ဆိုတာ အဖြေကပေါ်နေပြီ” ဟု ပြောသည်။

ကြံ့ဖွံ့ပါတီသည် တနိုင်ငံလုံး မဲဆန္ဒနယ် အားလုံးကို ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်ကြောင်း၊ ထို့အပြင် ကြံ့ဖွံ့နှင့် မဟာမိတ်ဖွဲ့ထားသည့် ကချင် (ဒစက) ပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် အခြားပါတီများလည်း ရှိသေးကြောင်း ၎င်းက ပြောသည်။

“တစည ပါတီကတော့ နေရာပေါင်း (၇ဝဝ) ကနေ (၁,ဝဝဝ) အကြား နာမည်စာရင်းတင်သွင်းခဲ့တယ်။ အတိုက်အခံ အင်အားစုတွေထဲမှာ ကိုယ်စားလှယ်လောင်း အများဆုံးတင်သွင်းနိုင်တဲ့ ယခင် အန်အယ်လ်ဒီ ခေါင်းဆောင်ဟောင်းတွေ ဦးဆောင်တဲ့ အန်ဒီအက်ဖ် ပါတီက (၁၆ဝ) ဦးလောက်သာ ရှိတာမို့ မဲဆန္ဒနယ် စုစုပေါင်းရဲ့ (၁၄) ရာခိုင်နှုန်းတောင် မရှိဘူး” ဟု အဆိုပါ သတင်းအယ်ဒီတာက ရှင်းပြသည်။

အခြားပါတီများတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်လောင်း (၁၅ဝ) ကျော်၊ ဦးအေးလွင် ဦးဆောင်သည့် အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်နှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ကိုယ်စားလှယ်လောင်း (၅ဝ) ဝန်းကျင်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ၈၈ မျိုးဆက် (ပြည်ထောင်စုမြန်မာနိုင်ငံ) အဖွဲ့၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့မှာမူ ကိုယ်စားလှယ်ဦးရေ (၅ဝ) အောက်သာ တင်သွင်းနိုင်ပြီး ကျန်ပါတီများမှာမူ ကိုယ်စားလှယ်အမည်စာရင်း အနည်းငယ်သာ တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဒီမိုကရေစီပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ခေါင်းဆောင်များကလည်း ကြံ့ဖွံ့ပါတီသည် မပြိုင်ဘဲနှင့် နိုင်သွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

ရွေးကောက်ပွဲအကြောင်း သတင်းရေးသားနေသည့် ပြည်တွင်းမှ သတင်းစာဆရာကြီးတဦးက “လွှတ်တော်ထဲမှာ စစ်တပ်က (၂၅) ရာခိုင်နှုန်း ယူထားပြီးပြီ။ နောက် ကြံ့ဖွံ့ကတော့ ဘယ်သူမှ ဝင်မပြိုင်လို့ တဦးတည်း ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လွတ်လွတ်ကျွတ်ကျွတ် လွှတ်တော်အမတ် ဖြစ်လာမယ့် သူတွေလည်း ရှိသေးတယ်။ တစည ဆိုတာကလည်း လက်ရှိ စစ်အာဏာပိုင်တွေ ညွှန်ကြားသလို လုပ်နေတာ။ ဒါကြောင့် ရွေးကောက်ပွဲပြီးသွားရင်လည်း လွှတ်တော်တွေထဲမှာ ကြံ့ဖွံ့တွေပဲ ကြီးစိုးပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေပဲ သမ္မတ ဖြစ်လာလိမ့်မယ်။ ကျန် အစိုးရအဖွဲ့တို့ ပြည်နယ်ဝန်ကြီးချုပ်တို့ အားလုံး သမ္မတက ခန့်မှာ ဆိုတော့ ခုအခြေအနေနဲ့ ဘာမှ ကွာခြားမှာမဟုတ်ဘူး” ဟု ရှင်းပြသည်။

အတိုက်အခံ နိုင်ငံရေးပါတီ ခေါင်းဆောင်များကမူ သမ္မတ မဖြစ်၊ အစိုးရအဖွဲ့တွင် မပါဝင်ရသော်လည်း လွှတ်တော်ထဲတွင် အတိုက်အခံအဖြစ် နေခွင့်ရရန် ကြိုးစားနေကြောင်း၊ ယခုကဲ့သို့ ဖြစ်လာရန်မှာလည်း လက်ရှိ တင်သွင်းထားသည့် အမည်စာရင်းကို ကော်မရှင်က မည်မျှ ပယ်ချမည်၊ ရွေးကောက်ပွဲ မည်မျှ လွတ်လပ်၍ တရားမျှတမှု ရှိမည် မရှိမည် ဆိုသည့်အပေါ် မူတည်ကြောင်း ၎င်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမည့်ရက်ကို ရွေးကောက်ပွဲကော်မရှင်က သြဂုတ် (၁၆) ရက်မှ သြဂုတ် (၃၀) ရက်အထိ သတ်မှတ်ခဲ့သော်လည်း ရုံးပိတ်ရက်များဖြစ်သည့် ပြီးခဲ့သည့်စနေ၊ တနင်္ဂနွေ (၂) ရက်တွင်လည်း ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းခွင့်ပြုခဲ့သည်။

ယင်းသို့ တင်သွင်းခွင့်ပြုခဲ့သော်လည်း သြဂုတ် (၃၀) ရက်ကျော်လွန်ပြီးသည့်နောက်တွင် နိုင်ငံရေးပါတီအများစုမှာ ရွေးကောက်ပွဲပါဝင်ခွင့် မှတ်ပုံတင်ကြေး ကျပ်(၅) သိန်း မတင်သွင်းနိုင်သည့်အတွက် သတ်မှတ်ထားသည့်အရေအတွက်ထက် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် နည်းပါးရကြောင်း နိုင်ငံရေးပါတီများက ပြောဆိုကြသည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ (၄၇) ပါတီရှိသွားပြီး ပါတီ မှတ်ပုံတင်ခွင့်ပြုပြီးသည့် ပါတီ (၄၂) ပါတီရှိကြောင်း၊ ကော်မရှင်သို့ ပါတီဝင်အင်အားစာရင်း တင်ပြပြီးသည့် နိုင်ငံရေးပါတီပေါင်း (၃၂) ပါတီရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

နအဖ၏ ရာဇသံကို ကရင်ငြိမ်းချမ်းရေးကောင်စီ ငြင်းဆန်

ရဲရင့် / ၀၁ စက်တင်ဘာ ၂၀၁၀

နအဖစစ်အစိုးရက ရက်သတ္တတပတ်အတွင်း နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ရာဇသံပေးသည်ကို ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့က လက်မခံနိုင်ကြောင်း ယနေ့ရက်စွဲဖြင့် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ အကြောင်းပြန်ကြားလိုက်သည်ဟု အဖွဲ့၏တပ်မှူးတဦးက ပြောသည်။

စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ-ကေအန်အယ်လ်အေ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နယ်ခြားစောင့်တပ်ဖြစ်စေ၊ ဌာနေပြည်သူ့စစ်ဖြစ်စေ (၇) ရက်အတွင်း အသွင်ပြောင်းရန် နအဖ နောက်ဆုံးသတ်မှတ်ရက်ကို လက်မခံနိုင်ကြောင်း အဖွဲ့၏ အရေးပေါ်အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ စောဌေးမောင်က ပြောကြားခဲ့ပြီးနောက် အကြောင်းပြန်ကြားချက်ကို ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ တပ်မှူးက ပြောကြားသည်။

၎င်းက “ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကော့ကရိတ်မှာရှိတဲ့ဌာနချုပ် ထော့ကိုကိုးမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးပေါ် အစည်းဝေးခေါ်တယ်။ အဖိုးဌေးမောင်က စည်းဝေးပွဲမှာ ငါတို့ပြန်လာတာ နယ်ခြားစောင့်တပ် လုပ်ဖို့၊ ပြည်သူ့စစ်လုပ်ဖို့ ပြန်လာတာမဟုတ်ဘူး၊ ပြန်လာတုန်းက ပြောတာတမျိုး၊ အခု ပြောတာကတမျိုး ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒီကိစ္စ နောက်တက်မယ့်အဖွဲ့နဲ့ပဲ စကားပြောမယ်။ ကျနော်တို့ကိုလည်း အားလုံး အရင်လိုပဲ နေကြပါလို့ ပြောတယ်” ဟု ဆိုသည်။

ယခင်လ (၂၄) ရက်တွင် ကရင်ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ စောဌေးမောင်ကို အရှေ့တောင်တိုင်းတိုင်းမှူးက တပ်အသွင်ပြောင်းရေးကိစ္စအတွက် မော်လမြိုင်သို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သော်လည်း စောဌေးမောင်က လက်မခံဘဲ ကိုယ်စားလှယ်အဖွဲ့ကိုသာ စေလွှတ်ခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို တိုင်းမှူးက အသွင်ပြောင်းရန် (၇) ရက် အချိန်ပေးကြောင်း၊ သတ်မှတ်ရက်ကျော်လွန်ပါက တရားမ၀င် လက်နက်ကိုင်အဖွဲ့အဖြစ် သတ်မှတ်ကာ အရေးယူခြင်းခံရမည်ဟု ပြောကြားခဲ့ကြောင်း ငြိမ်းချမ်းရေးကောင်စီမှ ကိုယ်စားလှယ်အဖွဲ့ဝင်တဦးက ပြောသည်။

နောက်ဆုံးရက်အဖြစ် နအဖဘက်မှ သတ်မှတ်ပေးထားသည့်ရက်မှာ ယနေ့ပြီးဆုံးသွားသော်လည်း နအဖဘက်မှ တစုံတရာ လာရောက်ဆွေးနွေးခြင်း၊ စစ်ရေးအရ အင်အားသုံးတိုက်ခိုက်ခြင်းတို့ မရှိသေးကြောင်း ကရင်ငြိမ်းချမ်းရေးကောင်စီ၏ တပ်မှူးက ပြောသည်။

၎င်းက “သူတို့ဘက်က စစ်ရေးအရ အင်အားသုံးလာရင်တော့ ကျနော်တို့ဘက်က ဘယ်လို တုံ့ပြန်ရမယ်ဆိုတာ အထက်အမိန့်အပေါ်မှာပဲ မူတည်တယ်” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အဖွဲ့ဥက္ကဋ္ဌ စောဌေးမောင်နှင့် အဆင့်မြင့်ခေါင်းဆောင် (၂) ဦးတို့အား ခေတ်ပြိုင်က ဖုန်းအဆက်အသွယ် လုပ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိပေ။

နအဖက စစ်ရေးအရ အင်အားသုံး တိုက်ခိုက်လာပါက ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို မိမိတို့ နယ်မြေအတွင်း အခြေချခွင့်ပေးပြီး ပြန်လည်ဝင်ရောက်လာမည့် စစ်သည်များကိုလည်း လက်ခံကြိုဆိုသွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အဖွဲ့၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ခေတ်ပြိုင်သို့ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီသည် ၂၀၀၇ ခု၊ ဖေဖော်ဝါရီ (၁၁) ရက်တွင် ကေအန်ယူမှခွဲထွက်၍ ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအမည်ဖြင့် နအဖနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အား (၅၀၀) ခန့်ရှိသည်ဟု သိရသည်။

၁၉၈၉ ခုနှစ်မှစ၍ နအဖနှင့်ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၇) ဖွဲ့ရှိပြီး အဆိုပါတပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် နအဖစစ်အစိုးရက ယမန်နှစ် ဧပြီလမှ စတင်ကာ ဖိအားပေးလျက်ရှိသည်။

စက်တင်ဘာ ၁ ရက်နေ့သတ်မှတ်ရက်ကြောင့် တောင်ပိုင်း ၀ တပ်ဖွဲ့စစ်ရေးလှုပ်ရှား

မွေခေါင်

စက်တင်ဘာ ၁ ရက်နေ့နောက်ဆုံးထား၍ မြောက်ပိုင်း ၀ နယ်သို့တပ်ရုပ်မပြန်လျှင်ထိုးစစ်ဆင်မည်ဟု နအဖဖက်မှခြိမ်းခြောက် ထားသောကြောင့် တောင်ပိုင်း ၀ တပ်ဖွဲ့များလှုပ်လှုပ်ရှားရှားဖြစ်နေကြောင်း စုံစမ်းသိရှိရပါသည်။

“မနေ့ ညနေပိုင်း ၅ နာရီလောက် မိုင်းယွမ်းကနေ ၀ တပ် ၆ ဘီးကား ၃ စီး၊ ဖှိုးဝှီးအစီး ၂၀ ကျော်လောက်နားကောင်းမူး ကိုဖြတ်ပြီး မိုင်းကျွက်ဘက်သွားကြတယ်။ ယာဉ်တန်းအားလုံးကစစ်သားတွေအပြည့်ဘဲ” ဟု နားကောင်းမူးဒေသခံ တစ်ဦးကပြောပါသည်။

နအဖဖက်မှထိုးစစ်ဆင်လာလျှင် ပြန်လည်ခုခံရန်အတွက် မိုင်းယွမ်းအခြေစိုက် တပ်မဟာ ၅၁၈ မှ တောင်ပိုင်း ၀ ဌါနချုပ်သို့ အင်အားကူညီဖြည့်ထားခြင်းဖြစ်မည်ဟု ထိုင်းနယ်စပ်အကဲခတ်တစ်ဦးက ဤကဲ့သို့ပြောပါသည်။

ဝ တပ်အားလုံးပန်ဆန်းဖက်မပြောင်းဘူးဆိုရင် သေနတ်ဖောက်ကြရလိမ့်မယ်လို့ခြိမ်းခြောက်ထားတယ်လေ။ ၀ တပ်မှူးတွေ ကလဲ မပြောင်းနိုင်ဘူး။ သူတို့သဘောအတိုင်းဘဲတိုက်ရင်လဲတိုက်ပေါ့လို့ပြောထားတယ်။ မိုင်းကျွက်မှာ တပ်မဟာ ၇၇၂ ရှိတယ်။ အခုမိုင်းယွမ်းဖက်ကလာတာက အကူအင်အားထင်တယ်”

တဖက်၌လည်း သြဂတ်စ် ၂၈ ရက် မိုင်းတုံမြို့အနောက်ဘက်အခြေစိုက် ခလရ ၂၇၇ က နားကောင်းမူး-မိုင်းထားလမ်း မြောက်ဘက်ခြမ်း UWSA တပ်စွဲထားသည့်နေရာနှင့်မနီးမဝေး လွယ်ခီလိတ်တပ်စခန်းသို့ ၁၀၅ မီလီမီတာ အမြောက်ကြီးတစ်လက်ယူဆောင်သွားကြောင်းသိရှိရသည်။

မိုင်းဆတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌါနချုပ်(စကခ) ၁၄ မှတပ်မှူးအချို့ကလည်း မိုင်းဆတ်တောင်ဘက် နမ့်ကုတ် ချောင်းအနောက်ဘက် ဟိုပန်-ဟိုယွက်လမ်းခွဲ(၀ တပ်မဟာ ၂၄၈ ထိန်းချုပ်နယ်မြေအတွင်း)၌ စစ်စခန်းသစ် တည်ဆောက်ရန်သွားရောက်ကြည့်ရှုသတ်မှတ်ကြသည်ဟုဆို၏။

“စကခ ၁၄ ကအရာရှိတွေ သြဂတ်စ် ၃၀-၃၁ နှစ်ရက်ဆက်တိုက်လာကြည့်တယ်။ အဲဒီနေရာမှာစစ်စခန်းသစ် ဆောက်ဖို့တဲ့” ဟု တာချီလိတ်ရောက်မိုင်းဆတ်ကုန်သည်တစ်ဦးကပြောပါသည်။

မိုင်းတုံ-မိုင်းဆတ်မြို့နယ် ထိုင်းနယ်စပ်တလျှောက်အခြေစိုက် တောင်ပိုင်း ၀ တပ်ဖွဲ့စစ်ဒေသအမှတ် ၁၇၁ လက် အောက်ခံတပ်အားလုံး မြောက်ပိုင်း ၀ နယ်သို့တပ်ရုပ်ပြန်ရန် သြဂတ်စ် ၂၇ ရက်၌ နအဖဖက်မှခြိမ်းခြောက်ထား ခြင်းဖြစ်သည်။

နိုင်ငံရေး အကျဉ်းသား ခြောက်ရာကျော် မိသားစု NLD ကူညီ

ခိုင်သွယ် Wednesday, September 01, 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က လက်ရှိ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းချခံ နေရသော နိုင်ငံရေး အကျဉ်းသား ၆၄၀ (ခြောက်ရာ့ လေးဆယ်) ကျော်၏ မိသားစုဝင်များထံသို့ သွားရောက်တွေ့ဆုံ၍ ကူညီထောက်ပံ့မှုများ ပြုလုပ်ကြောင်း သိရသည်။

NLD အနေဖြင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အပေါ် စာနာသည့်စိတ်၊ ဒုက္ခကို မျှဝေသည့် ခံစားချက်၊ ကူညီအားပေးလိုသည့် စိတ်စေတနာတို့ဖြင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ ထံသို့ သွားရောက်တွေ့ဆုံနေခြင်းဖြစ်သည်ဟု NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦး က ပြောကြားသည်။

“တချို့မိသားစုတွေဆို အင်မတန် စိတ်ထိခိုက်စရာကောင်းပါတယ်။ အဖေရော အမေရော နိုင်ငံရေးလုပ်တဲ့အတွက် အကျဉ်းကျ တယ်၊ တယောက်က ဟိုး ခန္တီးမှာ ကျတယ်၊ နောက်တယောက်က မော်လမြိုင်မှာကျတယ်။ အိမ်မှာက ကလေး နှစ်ယောက် သုံးယောက်ပဲ ကျန်ခဲ့တာတွေရှိတယ်။ ကလေးတွေ ဆိုတော့ သူတို့ဟာ သူတို့ရှာဖွေလည်း မစားတတ်တော့ အနီးအနား အိမ်နီး နားချင်းတွေက ရှာဖွေပြီးတော့ ကျွေးနေကြတာတွေရှိတယ်။ အဲဒါတွေ စိတ်ထိခိုက်ရတယ်၊ ခံစားရတယ်။ အဲဒီလို နိုင်ငံရေး အကျဉ်းသား တွေအပေါ် စာနာတဲ့စိတ်နဲ့ လုပ်ပေးနေတာပါ”ဟု ဦးတင်ဦးက ဆိုသည်။

နိုင်ငံရေး အကျဉ်းသားများအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်သည့်အပြင် ဝေးလံသော နယ်ထောင်များတွင် ခွဲပို့ထားသော ကြောင့် မိသားစုဝင် အများစုမှာ ထောင်ဝင်စာတွေ့ရန်ပင် ခက်ခဲနေကြပြီး ဆင်းရဲဒုက္ခ ရောက်ကြရသည်ကို တွေ့မြင် ရသည့် အတွက် စိတ်ထိခိုက်မိကြောင်းလည်း ၎င်းက ပြောဆိုသည်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှ နိုင်ငံရေး အကျဉ်းသား တဦး၏ မိခင်ဖြစ်သူက“ဘဘဦးတင်ဦး တို့လို ခေါင်းဆောင်တွေက အခုလို လာတွေ့ပြီး အားပေးစကား ပြောတာ ကျမတို့ သိပ်ဝမ်းသာ ပီတိဖြစ်ရပါတယ်၊ အားလည်းတက်ပါတယ်၊ ဂုဏ်လည်း ယူပါတယ်၊ သားကို ထောင်ဝင်စာပို့ရင်လည်း ပြောပါမယ်၊ အဖွဲ့ချုပ်က ကူညီပေးတာကို ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။

အကျဉ်းထောင်များတွင် အစားအသောက် အခက်အခဲအပြင် ကျန်းမာရေးအတွက် ဆေးဝါးကုသမှု မရရှိခြင်း၊ ဆေးဝါး မရှိခြင်း စသည့် အခက်အခဲများကို ကြုံတွေ့နေရသောကြောင့် အကျဉ်းသားအများစုမှာ ကျန်းမာရေး ဆိုးဆိုးဝါးဝါး ထိခိုက်လျက်ရှိကြောင်း
နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များက ပြောပြသည်။

ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအား လိုက်လံတွေ့ဆုံခြင်းအားဖြင့် စိတ်ဓာတ်ရေးရာအရ ဂုဏ်ပြုရာရောက် ကြောင်း၊ ပြည်သူလူထုထဲမှ အကျဉ်းကျ မိသားစုဝင်များကို လှူဒါန်းလိုသည့် စေတနာရှင်များလည်း ရှိသည့်အတွက် NLD ဗဟို လူမှု အထောက်အကူပြုအဖွဲ့နှင့် နိုင်ငံရေးအကျဉ်းသားများ အထောက်အကူပြု အဖွဲ့အနေဖြင့် ယင်းသို့ ဆောင်ရွက် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးတင်ဦးက ပြောသည်။

ကျန်နေသေးသော အကျဉ်းသားမိသားစုများကိုလည်း ကူညီထောက်ပံ့ရန် အစီအစဉ်ရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ အတွက် ဆေးဝါး ကူညီ ထောက်ပံ့ပေးနိုင်ရန်လည်း စီစဉ်နေကြောင်း၊ သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ NLD အဖွဲ့ဝင်များက ဆောင်ရွက် လျက်ရှိကြောင်းလည်း သိရသည်။

NLD အနေနှင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအား ကူညီထောက်ပံ့ခြင်းကို ၁၉၉၀ ခုနှစ်ဝန်းကျင် ကတည်းက စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ၏ ပညာသင်စရိတ်ကိုလည်း နှစ်စဉ်ထောက်ပံ့ပေးလျက် ရှိသည်။

ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအား ကူညီထောက်ပံ့ပေးရာတွင် NLD အဖွဲ့ဝင်များသာ မကဘဲ တခြားအဖွဲ့အစည်း အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများကိုလည်း ကူညီပေးခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ ကူညီပေးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

စစ်အစိုးရက ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့တွင် အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသား ၁၂၀ ခန့်ကို လွှတ်ပေးခဲ့ သော်လည်း နိုင်ငံရေး အကျဉ်းသားများ မပါဝင်ခဲ့ပေ။

၂၀၀၉ ခုနှစ်အတွင်းကလည်း အကျဉ်းသားပေါင်း ၉၀၀၀ ကျော်ကို ၂ သုတ်ခွဲပြီး လွှတ်ပေးခဲ့ရာတွင် ပထမ အသုတ်၌ လွတ်ရက် စေ့ခါနီး နိုင်ငံရေး အကျဉ်းသားများ ဖြစ်ကြသော ဟံသာဝတီ ဦးဝင်းတင်၊ ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာ မေဝင်းမြင့် စသည့် နိုင်ငံရေး အကျဉ်းသား ၉ ဦးသာ ပါဝင်ခဲ့ပြီး ဒုတိယ အသုတ်တွင် ၃၁ ဦးသာ ပါဝင်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ မှတ်တမ်း များအရ သိရသည်။

မြန်မာ နိုင်ငံတ၀န်း အကျဉ်းထောင်များ၌ နိုင်ငံရေး အကျဉ်းသားပေါင်း၂၁၇၁ ဦးရှိနေသည်ဟု AAPP က ထုတ်ပြန်ထားသည်။

ဗိုလ်ရဲမြင့် ရာထူးမှ အနားမယူမီ မိုင်းလားတပ်ဖွဲ့အား စာဖြင့်ပါသတိပေး

မွေခေါင်

စရဖအရာရှိချုပ်ဒုဗိုလ်ချုပ်ကြီးရဲမြင့် ရာထူးမှမစွန့်ခွါမှီ သြဂတ်စ် ၂၀ ရက် မိုင်းလားတပ်ဖွဲ့ကိုယ်စားလှယ်နှင့် ကျိုင်းတုံ၌ ခေါ်တွေ့စဉ် လက်နက်ချရန်နှုတ်ဖြင့်ပြောဆိုသည့်အပြင် စာဖြင့်လည်းသတိပေးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

“နယ်ခြားစောင့်တပ်ဖွဲ့ဖို့အချိန်နှောင်းသွားပြီ။ လက်နက်ချဖို့ဘဲရှိတော့တယ်လို့ ရဲမြင့်ကနှုတ်နဲ့ပြောတဲ့အပြင် အချက် ၆ ချက်ပါစာလဲပေးသွားသေးတယ်” ဟု ကျိုင်းတုံဒေသခံတစ်ဦးကပြောပါသည်။

ထိုအချက် ၆ ချက်အနက် အရေးကြီးအချက် ၃ ချက်မှာ ၁. နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရန် အချိန် နှောင်း သွားပြီဖြစ် သော ကြောင့် လက်နက်ချ ရန်သာ ရှိကြောင်း၊ ၂. လက်နက်ချပြီးသော်လည်း အခွင့်အရေးပြည့်ဝစွာခံစားရ မည်ဖြစ်ပြီး ကုမ္ပဏီထောင်ခွင့်၊ စီးပွါးရေးလုပ်ပိုင်ခွင့်များရရှိမည်ဖြစ်ကြောင်း၊ ၃. စက်တင်ဘာ ၁ ရက်နေ့ကျော်လွန်၍ လက်နက်ချမည့်ကိစ္စအကြောင်းမပြန်လျှင် ရွေးကောက်ပွဲပြီးသည်နှင့်အလိုအလျောက်မတရားအသင်းဖြစ် သွားမည်။ အကြပ်အတည်းကြုံဒုက္ခရောက်မည်-စသည်တို့ဖြစ်သည်။

ဗိုလ်ရဲမြင့်နှင့်တွေ့ဆုံပြီးနောက် သြဂတ်စ် ၂၁ ရက်မှစ၍ ၄ ရက်ကြာ ၀နှင့်မိုင်းလားခေါင်းဆောင်များပန်ဆန်း၌ အစည်းအဝေးဆက်တိုက်ထိုင်ခဲ့သည်။

“သြဂတ်စ် ၂၄ ရက်မှာ ၂ ဖွဲ့စလုံးသဘောတူဆုံးဖြတ်ချက်ချပြီး ဗိုလ်ရဲမြင့်ဆီရိုသေသိမ်မွေ့စွာစာပြန်တယ်။ လက်နက်မချနိုင်ဘူးပေါ့။ နောင်တက်လာမဲ့အစိုးရတိုင်အောင် လက်ရှိအနေအထားတိုင်းဆက်နေသွားမယ်လို့ ကိုယ်စီ ဖြေသွားကြတယ်”ဟု တန့်ယန်းဒေသခံတစ်ဦးကပြောပါသည်။

ထို့နည်းတူ မိုင်းလားနယ်ထဲသို့ရွေးကောက်ပွဲကော်မရှင်နှင့် နအဖလုံခြုံရေးတပ်ဖွဲ့ပို့ဆောင်မည့်ကိစ္စလည်း လက်ခံမည် မဟုတ်ဟုဆို၏။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မိုင်းလားအဖွဲ့ကမဆန့်ကျင်သလိုပါဝင်မှာလဲမဟုတ်ဘူး။ ဒါကြောင့်ရွေးကောက်ပွဲ ကော်မရှင်နဲ့ သူတို့ရဲ့လုံခြုံရေးတပ်ဖွဲ့လဲ ပို့လာစရာမလိုပါဘူး” ဟု ဖြေဆိုကြောင်း မိုင်းလားခေါင်းဆောင်ပိုင်းနှင့်နီးစပ် သည့်ကျိုင်းတုံကုန်သည်တစ်ဦးကပြောပါသည်။

ဝနှင့်မိုင်းလားတပ်ဖွဲ့နည်းတူ ဗိုလ်ချုပ်ပန်ဖှဦးဆောင်သည့် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ အားလည်း လားရှိုး အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌါနချုပ်တိုင်းမှူးသစ် ဗိုလ်မှူးချုပ်အောင်ကျော်ဇောက လက်နက်သာချရေးကိုသာ ခေါ်ဆိုသတိပေးခဲ့သည်ဟုဆို၏။

Amazing Dancing Robot

His name is Titan, he’s 8-feet tall, and he’s the cylon-looking robotic entertainment machine unveiled by Panasonic at Dubai’s GITEX 2009 conference. Apart from looking like something that would run after you to kill you, Titan can actually sing and dance like you wouldn’t believe it. Check him out below.



အမေ၏ ခါးပတ်တကွင်းစာ ပီတိမျက်ရည်

စစ်မုန်းလူ၊

မီဇိုရမ်ပြည်နယ် မြို့တော် အိုင်ဇောလ်မြို့ဈေးကြီးသည် နေ့စဉ်နှင့်အမျှဈေးသွား၊ ဈေးလာ၊ ဈေးသည်တွေရဲ့ တစာစာ အော်သံ တွေနဲ့ လူမျိုးပေါင်းစုံ၊အဆင့်အတန်း မရွေး ပြွတ်သိပ်စည်ကားနေသည်။

ယနေ့ အိုင်ဇောလ်ဈေးကြီးတွင် အနိမ့်ဆုံးအဆင့် ဈေးရောင်းသူများထဲက ၆ဝ ရာခိုင် နှုန်းသည် မြန်မာပြည်သား တွေဖြစ်မည် ဟုမြန်မာပြည်သူလမ်းဘေးဈေးသည်မလေး တဦးက ပြောသည်။

သူမက “ပိုက်ဆံဟောင်းဝယ်၊ လမ်းဘေးဈေး၊ ဈေးလျှောက် ဈေးသည်တွေ အများစု ဟာကျမတို့မြန်မာပြည်ဖက်က ဈေးသည်တွေပါ၊ ဗမာစကားပြောမလား၊ ချင်းစကား ပြောမလား၊ အကုန်ရကြမှာပါ၊ ဒါပေမဲ့ နိုင်ငံခြားသားအထင်ခံမှာစိုးလို့ မပြောရဲမဆိုရဲ ဖြစ်နေကြတယ်” ဟု ပြောပြသည်။

လူငယ်တဦးသည် သူ့တကိုယ်လုံး ခါးပတ်တွေအပြည့်ချိတ်လွယ်ပြီး ဆရာခါးပတ် ဝယ်မလား၊ ဈေးချိုတယ်၊ ဘာအရောင် ကြိုက်သလဲ ဈေးသွား ဈေးလာ တွေနောက် ကို တကောက်ကောက်လိုက်ပြီး သူ့ ခါးပတ်တွေကို ကြော်ငြာရောင်း နေသည်။

မိုးဦးကာလသည် ဗမာပြည်တပြည်လုံး တက္ကသိုလ်ဝင်စာမေးပွဲဖြေထားတဲ့ ဆယ်တန်း ကျောင်းသားတွေ စိတ်အလှုပ်ရှားဆုံး အချိန်ဖြစ်သည်။ အောင်စာရင်းထွက်မည့် နေ့ကို ကိုယ်စီ မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေကြရသည်။

စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ ခါနန်ကျေးရွာသား အောင်အောင် သည်လည်း၎င်း တို့ထဲ က တယောက်အပါအဝင်ပေါ့။

၂ဝဝ၁ – ၂ဝဝ၂ ပညာသင်နှစ် ဆယ်တန်းအောင်စာရင်းကို လေလှိုင်းထဲက ကြေညာ နေသည်။အောင်အောင် သူ့ အိမ်နီးချင်း ကျောင်းဆရာ နေအိမ်မှာ အောင်စာရင်း နားထောင်နေသည်။ ညနေကိုးနာရီဆိုပေမဲ့ အောင်အောင်တကိုယ်လုံးချွေးပျံပြီး ရင်တွေ တဒိတ်ဒိတ်ခုန်နေသည်။ ခုံနံပါတ် ( )အောင်အောင် ဟု ပါလာပြီ။

“ဆယ်တန်းအောင်ပြီ၊ မိဘ လုပ်ကျွေးနိုင်တော့မယ် ”ဟုအသံကုန်ဟစ်အော်ပြီး သူ့အိမ် သို့ သုတ်ခြေတင်တော့သည်။

“ပင်ပန်းရကျိုးနပ်ပြီအဖေကြီးရေ” ဟု မျက်ရည်စက်လက်နဲ့ သူ့အဖေကိုပြောနေသည့် အမေပြောစကားအပေါ်မှာအောင်အောင်ပီတိဖြာနေသည်။

အောင်အောင်ရဲ့မိဘနှစ်ပါးဟာ ရှိစုမဲ့စုလေးတွေကိုထုခွဲရောင်းချပြီး မိဘဝတ်တရား အရ အောင်အောင်ကို ကျောင်း ပညာသင်ပေးခဲ့ကြတာပါ။ ဒါကိုသားဖြစ် သူအောင် အောင်ကလည်းနားလည်ပြီး မိဘနှစ်ပါးရဲ့ရည်မှန်းချက်မျှော်လင့်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေးအသိစိတ်၏တွန်းအားပေးမှုတွေကြောင့် စာကြိုးစားပြီး ယခုလို တက္ကသိုလ် ဝင်ခွင့်စာ မေးပွဲကို အောင်မြင် နိုင်ခဲ့တာပါ။

တက္ကသိုလ်ဝင်တန်းဆိုပေမဲ့သူ့မိသားစု၏စားဝတ်နေရေးအခြေအနေကြောင့်တက္ကသိုလ် ပညာဆက်လက်မဆည်းပူးနိုင် တော့တဲ့ အောင်အောင်တယောက် မိဘတွေရဲ့ အထောက်အပံ့မယူတော့ဘဲ အလုပ်တခု ခုဝင်လုပ်ရင်းကိုယ့်နည်း ကိုယ့်ဟန် ဖြင့် အဝေးသင်တက္ကသိုလ်ဆက်တက် မည်ဆိုပြီး အလုပ်တွေကိုလိုက်ရှာရင်း တနေ့တော့ သူတို့ရွာမှာအခြေစိုက်တဲ့ ရဲစခန်းက ရဲတ ယောက်နဲ့တွေ့ဆုံပြီး သူအလုပ်ရှာ နေတဲ့ အကြောင်း တွေကိုပြောတော့အဲဒီရဲက သူ့ကို အခုလိုပြောပါတယ် “ မင်းခုလို ဝင်ငွေတခုခုရရှိပြီးကိုယ့်နည်းကိုယ့်ဟန်နဲ့ကျောင်း တွေဆက်တက်ချင် တယ်ဆိုရင် မင်းရဲတပ်ဖွဲ့ထဲဝင်ပါလား၊ မင်းတို့ လိုလူငယ် ဆယ်တန်းအောင်ပြီးသား တွေဆိုရင် အခွင့်အရေးအများကြီးရှိတယ်၊ တခါတည်း အရာရှိတွေဖြစ်သွားနိုင်တယ်၊ လခလည်း ကောင်းတယ် တဖက်ကလည်း တက္ကသိုလ် ကိုမင်းဆက်တက်နိုင်တာပေါ့”ဆိုပြီး အသက် ၁၉နှစ်သာရှိသေးသည့် အောင်အောင် ကိုရှင်းပြပြောဆိုခဲ့ပါတယ်။

“ ဆယ်တန်းအောင်ပြီးသားလူငယ်တွေဆိုရင် ခဏလေးနဲ့အရာရှိ တွေဖြစ် လာမယ် မင်းမိသားစုတွေကို လည်းကျွေး မွေးနိုင် မယ်ဆိုပြီး ကျနော့ကိုပြောတော့ ကျနော် လည်းယုံပြီး အဲဒီရဲတပ်ဖွဲ့ထဲကိုဝင်လိုက် တယ်”ဟုအောင် အောင်ကသူ့ဘဝကို ပြန်ပြောပြခဲ့ခြင်းဖြစ်သည်။


၂ဝဝ၂ ခုနှစ်၊ ရဲတပ်ဖွဲ့ဝင်ရောက်သည့်နေ့ကစပြီး ၃ လလုံးလုံးခါနန်ရဲစခန်းမှာပဲ နေ့စဉ် နေ့တိုင်းရဲစခန်း ပတ်ဝန်ကျင်သန့်ရှင်းရေးကိုလုပ်ရတယ်လို့သူကပြောပါတယ်။

“ကိုယ့်စရိတ်ကိုယ်စားနဲ့လခလည်းမရရှိဘဲ နဲ့ နေ့တိုင်းဘဲ သန့်ရှင်းလုပ်ရ တယ်”ဟု သူကပြောသည်။

“၃ လအပြီး ပဲခူးတိုင်း ဝက်ထီးကန်မြို့မှာ ၆ လ သင်တန်းတက်ရောက် ခဲ့ပြီးခါနန် ရဲစခန်းမှာပဲ ရဲသားဘဝနဲ့ ကျနော်တာ ဝန်ကျခဲ့တယ်” ဟု သူကဆက်ပြောသည်။ ရိုးရိုးရဲဘော်တဦး၏တလစာမှာ ကျပ်ငွေ ၁၇ဝဝဝ ခန့်ဖြစ်သော်လည်း အဖြတ် အတောက်တွေများလွန်းသောကြောင့် သူ တာဝန်ထမ်းဆောင်စဉ်ကာလ အတွင်းမှာ လခအပြည့်အဝကို တခါမျှ မရှိခဲ့ဖူးဘူးဟုသူကပြောပြသည်။

“တလမှာ တစ်သောင်းလောက်ဘဲပုံမှန်ရနိုင်တယ်၊ ကျန်တဲ့ ၇ဝဝဝ လောက်ကတော့ အထက်အရာရှိတွေဖြတ်တောက်တယ် လေ၊ ကျနော်တို့ရဲဘော်တွေမှာက လူသေခ ဆိုပြီး၁၅ဝဝ၊ ဦးခေါင်းခဆိုပြီး ၁၅ဝဝ၊ ထမင်းစားခ၊ ရဲဝတ်စုံဖိုးဆိုပြီးအမျိုးမျိုးနဲ့ ဖြတ်တောက်နေတော့၊မိဘကိုလည်းမပို့နိုင်ဘူး”ဆိုပြီးသူကပြန်ပြောပြခဲ့ပါတယ်။

ယခုလိုအောက်လက်ငယ်သားရဲဘော်များ၏ရသင့်ရထိုက်သောအရာများနှင့်လခများကို အထက်လူကြီးများကဖြတ်တောက်လေ့ရှိသည့်အတွက်ရဲဘော်များ၏စားဝတ်နေရေး အတွက်ပါအတော်လေးကိုအခက်ကြုံလာခဲ့ကြရပါတယ်။ ထို့ကြောင့် ခရီးသည် ပြည်သူလူထုတွေကို ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံမှု တွေလည်းရဲဘော် တွေကပြုလုပ်လာခဲ့ကြပါတော့တယ်။

ယခုလက်ရှိမြန်မာစစ်အစိုးရလက်အောက်တွင်စစ်မှုဝန်ထမ်းဆောင်ခြင်းသည်အောင် အောင်ထင်ထားသလိုဖြစ်မလာဘဲစားဝတ်နေရေးအတွက်ခက်ခဲ့လာသည့်အပြင်သူ တက်ချင်သည့်တက္ကသိုလ်ကိုပါ တက်ရောက်နိုင်ခြင်းလည်းမရှိခဲ့ပါဘူး။

သူသည်ချင်းတိုင်းရင်းသားဖြစ်ပြီးရဲတပ်ဖွဲ့အတွင်းမှာလည်းလူမျိုးခွဲခြားဆက်ဆံမှုတွေကိုလည်း ကြုံတွေလေ့ရှိပါတယ်။

“တခုခုလုံခြုံရေးတာဝန်ယူဖို့ဆိုရင်ကျနော်တို့တိုင်းရင်းသားတွေကိုဘဲသွားခိုင်းတယ်”ဆိုပြီး သူကပြောပါတယ်။တက္ကသိုလ်ဆက်မတက်နိုင်သည့်အပြင်၊လခမလုံလောက်မှု၊လူမျိုး ရေးခွဲခြားဆက်ဆံခံရမှုတွေကြောင့် စစ်မှုထမ်းဆောင်ခြင်းသည်အောင်အောင်တ ယောက် မနှစ်မြှပ်မလိုလားတော့ဘဲ ဒီနေရာမှအဝေးတနေရာကို ထွက်ခွာ ဖို့စဉ်းစား လာပါတော့ တယ်။

၂ဝဝ၄ ခုနှစ်နှစ်ဦးပိုင်းတွင် အောင်အောင်သည်စခန်းမှူး၏ခွင့်ပြုချက်အရ အိမ်ပြန်ပြီး အနားယူခဲ့ပါတယ်။ သက်ရှိထင် ရှားရှိနေ သေးသည့် သူ့မိဘထံသို့သူရင်ဆိုင် နေရသည့် အဖြစ်အပျက်များကိုအကြောင်းစုံပြောပြပြီးမိဘနှစ်ပါးကလည်း သူ့ကို ရဲတပ်ဖွဲ့သို့မသွားခိုင်းစေချင်တော့သလိုသူကိုယ်တိုင်က လည်း ရဲဝန်ထမ်းဘဝ ကို စိတ်ကုန်နေပြီ လို့သူကပြော ပါတယ်။ထို့ကြောင့် ရဲစခန်းသို့ ပြန်မသွားတော့ဘဲ သူတို့ကျေးရွာနားက လယ်တောမှာခေတ္တ ပုန်းခိုခဲ့ပါတယ်။ ရဲစခန်း မှတာ ဝန်ရှိသူများကလည်းအောင်အောင်ခွင့်ရက်လွန်ပြီဖြစ်သောကြောင့် သူ့အိမ်သို့လိုက်လာပြီးလိုက်ရှာကြတော့သည်။

“ကျနော့ကိုဖမ်းဖို့လိုက်ရှာကြတယ်လေကျနော့အဖေကိုလည်းခင်ဗျားသားကိုရှာမတွေ့ရင် ခင်ဗျားကိုအစား ထိုးပြီးဖမ်း မယ်ဆိုပြီးခြိမ်းခြောက်ခဲ့ကြတယ် ”ဟု သူကပြော သည်။

ထို့နောက် လယ်တောထဲတွင် ၁ နှစ်ခန့်ပုန်းခိုပြီးနောက် လွန်ခဲ့သည့် ၂ဝဝ၇ခုနှစ်တွင် အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ဒေ သ မီဇိုရမ်ပြည်နယ်သို့ထွက်ပြေးလာခဲ့သည်။

မီဇိုရမ်ပြည်နယ်၏မြို့တော်အိုင်ဇော်မြို့တွင်သူရောက်ရှိလာသည့်အချိန်တွင်ခိုလှုံစရာဆွေ မျိုးတွေလည်းမရှိပါဘူး၊ သို့ပေမဲ့ကံ ကောင်းထောက်မစွာဖြင့်သူ့ ကျောင်းနေဘက်သူ ငယ်ချင်းတဦးတွေ့ဆုံပြီး အသက်မွေးဝမ်းကျောင်းဖို့အတွက်အလုပ်တခုကို သူ့သူ ငယ်ချင်းကရှာဖွေ ပေးခဲ့ပါ တယ်၊ ပထမမှာ ပိုက်ဆံအဆုတ်၊ အပျက်တွေ လှည့်ဝယ် တဲ့အလုပ်ပေါ့။

အဲဒီအလုပ်ကို လတော်တော်ကြာလုပ်ပြီးမှ တဆင့်တက်ပြီး သူများပစ္စည်းများကို ကော်မီရှင်စားဖြင့် လှည့်ရောင်းခဲ့ ပြန်သည်။အောင်အောင်၏ အဓိက ကော်မရှင် လုပ်ငန်းသည်ခါးပတ်လှည့်ရောင်းတဲ့လုပ်ငန်းဖြစ်သည်။ တနေ့သူ့အတွက် ကော်မရှင်ခ ရူပီး ၁ဝဝ ရမှ ကော်မရှင်ထံမျက်နှာပန်းလှရတယ်။

အိုင်ဇောလ်ဈေးမကြီးတွင်အောင်အောင်ကဲ့သို့ကော်မီရှင်စားနဲ့ပစ္စည်းများရောင်နေကြ သူတွေအများကြီးရှိသေးတယ်။သူတို့ သည် ဒေသခံမီဇိုးလူမျိုးတွေမဟုတ်ဘဲ မြန်မာ နိုင်ငံချင်းပြည်နယ်နှင့် စစ်ကိုင်း တိုင်း ကလေးမြို့နယ် တို့မှချင်းမျိုး နွယ်စုတွေဖြစ် ကြပါတယ်။ မြန်မာနိုင်ငံ တွင်စီးပွားရေးအလွန်ခက်ခဲမှုတွေကြောင့် ဒီဘက်ကို ထွက်လာပြီးတဝမ်းတခါး အတွက် ရုန်းကန်နေကြ ရသူတွေချည်းပါ။

မည်သို့ပင်ဆိုစေ နိုင်ငံ့တာဝန်ထမ်းဆောင်ဖို့ ပြည်သူ့ရဲ၊စစ်တပ်တွင်ဝင်ရောက်ပြီး နိုင်ငံဝန်တာကိုထမ်းဆောင်တာဟာ ကောင်းမွန်တဲ့အလုပ်တခုပါ၊ သို့ပေမဲ့အုပ်ချူပ်မှု စနစ်မကောင်းမွန်မှုကြောင့်လည်းကောင်း၊ ထို့အပြင်စစ်တပ်အကြီးအကဲ၊ ရဲအရာရှိ များနှင့် အောက်လက်ငယ် တပ်သားရဲဘော်များအကြားအဆင့်ချင်း မိုးနဲ့မြေပမာ အလွန်ကွာ ခြားလွန်းလှ သောကြောင့်လည်းကောင်းသူတို့ရဲဝန်ထမ်းဘဝကို စွန့်လွှတ်ခဲ့ကြရခြင်းဖြစ်သည်။ ခိုင်လုံပြီးအာမခံချက်မပေးနိုင်သည့် လက်နက်ကိုင် ဘဝသည် သူတို့အတွက် အကျဉ်းထောင်ပမာဖြစ်ခဲ့ရသည်။

“ကျနော့ဘဝကိုပြန်စဉ်းစားရင်အရမ်းကိုဝမ်းနည်းအားငယ်ရတယ်၊မျှော်လင့်သလိုဖြစ် မလာတော့ပဲအခုတော့မိဘမောင်နှမတွေနဲ့ဝေးကွာပြီးသူများနိုင်ငံမှာဆင်းရဲပင်ပန်းစွာ နဲ့နေထိုင်နေရတော့တယ်၊ တချိန်က ကျတော် ၁ဝ တန်းအောင်ပြီ ဆိုတဲ့ အူမြူး သံတွေ၊ ပင်ပန်းရကျိုးနပ်ပြီ ဖေကြီးရေဆိုတဲ့ အမေ့စကားသံတွေဟာ ခါးပတ်တကွင်း စာ တန်ဖိုးပဲရှိတော့တယ်”ဟုအောင်အောင်ကကြေကွဲစွာ နဲ့ပြောပြခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး ဘာရာထူးမှ မစွန့်ပါ

ဆလိုင်း ဟံသာစန်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ်တပ်မှ အနားယူလိုက်ပြီဟု သတင်းထွက်နေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ နအဖ ကောင်စီ ဥက္ကဋ္ဌနှင့် ဗိုလ်ချုပ်မှူးကြီး ရာထူးများဖြင့် ပူးတွဲ ဖော်ပြထားသည်ကို တွေ့ရသည်။

မြန်မာ့အလင်း ရှေ့မျက်နှာဖုံးတွင် ပုံမှန် ဖော်ပြလေ့ ရှိသည့်အတိုင်း (၅၃) နှစ်မြောက် မလေးရှားနိုင်ငံ လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ မလေးဘုရင်ထံ ပေးပို့ရာ၌ ပါရှိသည်။

ယခုလ ၂၇ ရက်က မြန်မာစစ်တပ် ထိပ်တန်းရာထူး အပြောင်းအလဲများအနက် အဓိက အကျဆုံး နေရာ ၂ ခုဖြစ်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို တို့ကို ခန့်အပ်ခဲ့ကြောင်း ပြည်ပ သတင်းမီဒီယာ အချို့တွင် ဖော်ပြခဲ့သည်။ သို့သော် မြန်မာအစိုးရက ယခုအချိန်အထိ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။

“ဗိုလ်သန်းရွှေဟာ စစ်တပ်ရဲ့ အကြီးအကဲလည်း ဖြစ်တယ်။ နိုင်ငံ့ဦးသျှောင်လည်း ဖြစ်တယ်။ နအဖရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ အဲဒီတော့ စစ်တပ်ထဲမှာ ဗိုလ်ချုပ်မှူးကြီးရာထူး ယူထားပေမယ့် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို အောက်က လူကို ပေးလိုက်လို့ ရတယ်။ ပြဿနာ ဘာမှ မရှိဘူး” ဟု ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာသူ ကိုအောင်နိုင်ဦးက ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူး ခန့်အပ်သည့်သတင်း မှန်ကန်ပါက ရွေးကောက်ပွဲအပြီး ပေါ်ပေါက်မည့် အစိုးရသစ်အတွက် ကြိုတင်ရည်စူးခြင်းသာ ဖြစ်နိုင်ကြောင်း သူက ဆိုသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသုံးသပ်သူ ဦးအောင်ကျော်ဇောက ဗိုလ်ချုပ်မှူးကြီး အနေနှင့် လောလောဆယ် တပ်မတော်က အနားယူရန် မဖြစ်နိုင်သေးဘဲ ရွေးကောက်ပွဲပြီး၍ နောက်အစိုးရသစ် တက်လာသည့် အခါမှသာ ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

“ဗိုလ်သန်းရွှေဟာ လောလောဆယ်မှာ စစ်တပ်ကတော့ ထွက်ဖို့ မရှိသေးဘူး။ … နောက်အစိုးရ တက်လာပြီးတော့ ပထမဦးဆုံး အမျိုးသား လွှတ်တော်ခေါ်တဲ့ အချိန်ကျတော့ တပ်မတော်ရဲ့ အုပ်ချုပ်မှု လွတ်သွားပြီပေါ့။ အဲဒီအချိန်ကျမှပဲ တပ်က ထွက်ပြီး စစ်ကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ် နောက်မှာနေချင်လည်း နေမယ်။ သူကိုယ်တိုင် သမ္မတလည်း လုပ်ချင်လုပ်မယ်” ဟု ဦးအောင်ကျော်ဇောက ဆက်ပြောသည်။

၂ဝဝ၈ ခု မေလက အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အရပ်ရပ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း စုစုပေါင်း ၃၈၆ ဦးကို ရွေးချယ်ခန့်အပ်မည် ဖြစ်သည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်အတူ ဝန်ကြီး ၂၂ ဦးက ယခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် စစ်ဘက် ရာထူးများမှ နုတ်ထွက်ခဲ့ကြပြီး စစ်အစိုးရ ကျောထောက်နောက်ခံ အဖွဲ့အစည်း တခုဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်း ဦးဆောင်ခဲ့သည်။

အရပ်ဝတ်လဲ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ဦးဆောင်သော ကြံ့ဖွတ်ပါတီသည် နိုဝင်ဘာရွေးကောက်ပွဲတွင် တနိုင်ငံလုံးရှိ လွှတ်တော် ၃ ရပ် မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ် ၁,ဝဝဝ ထက်မနည်း ဝင်ပြိုင်မည်ဟု မျှော်လင့်ရသည်။

ဝန်ကြီးများ၏ စစ်ဘက်ရာထူးများ စွန့်လွှတ်မှုအပြီး ၄ လအကြာတွင် စစ်ဘက်ထိပ်တန်း ရာထူး အပြောင်းအလဲ သတင်းများ ပေါ်ထွက်လာသည်။

စစ်ဘက်ရာထူး စွန့်လွှတ်ခဲ့ပါက ဗိုလ်ချုပ်မှူးကြီးသည် ရွေးကောက်ပွဲ နောက်ပိုင်း သမ္မတရာထူးရယူကာ အာဏာ ဆက်လက် ဆုပ်ကိုင်သွားမည်ဟု ကိုအောင်နိုင်ဦးက ဆိုသည်။

“ဒီပုံအတိုင်းဆိုရင် ရွေးကောက်ပွဲ ပြီးသွားရင် သမ္မတနေရာ ဝင်ယူလာနိုင်ပါတယ်။ စစချင်းမှာ သွားပြီးတော့ သမ္မတ မယူဘူးဆိုရင် စစ်တပ်ကို ကိုင်တာက သမ္မတက ကိုင်ရမှာကိုး။ သူက ချက်ချင်းကြီးကို ဘာမှ မလုပ်တော့ဘဲနဲ့ ထွက်လိုက်တာတော့ မဖြစ်ဖို့ များတယ်။ သူက သမ္မတရာထူးကို အနည်းဆုံး ပါလီမန် သက်တမ်းတခုလောက်တော့ ကိုင်ထားဦးမှာပဲ” ဟု သူက ပြောသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် သမ္မတ မရွေးချယ်ရသေးခင် အချိန်အထိ နအဖကောင်စီ ခေါင်းဆောင်နှင့် နိုင်ငံအကြီးအကဲ ရာထူးကို ဆက်လက် ရယူထားလိမ့်မည်ဟု မြန်မာ့နိုင်ငံရေး အကဲခတ်များက ခန့်မှန်းကြသည်။

ပုဒ်မ ၄၁၇ နှင့် နစ်နာနေရသော အမျိုးသမီးများ

ကြည်ဝေ

လိမ်လည်ပြီး ကာမ ရယူမှုဖြင့် တိုင်တန်းသူ အမျိုးသမီးများကို တရားရုံးတွင် တွေ့ရတိုင်း စာနာစိတ်ဖြင့် နာကျင် ခံစားရကြောင်း တရားရေး ၀န်ထမ်း ဒေါ်ယဉ်ယဉ်လှိုင်က ပြောပြသည်။

ပုဒ်မ ၄၁၇ ဖြင့် တရားစွဲသူ မိန်းကလေး များစွာကို တွေ့ကြုံခဲ့ရဖူးပြီ ဖြစ်ကြောင်း ဒေါ်ယဉ်ယဉ်လှိုင်က ပြောပြသည်။ ပုဒ်မ ၄၁၇ ဆိုသည်မှာ အမျိုးသားတဦးက အမျိုးသမီးတဦးကို လက်ထပ်ပါမည်ဟု ယုံကြည်အောင် လိမ်လည် လှည့်ဖျားပြီး ကာမ ရယူမှု ဖြစ်သည်။

“တရားခွင်မှာ ရှက်စိတ်၊ နာကြည်းစိတ်နဲ့ အံခဲပြီး အစစ်ခံ ထွက်ဆိုနေတဲ့ သူတို့ကို မြင်ရတိုင်း ဘာလို့ မိန်းမတွေ ဒီလောက် ယုံလွယ်ရတာ လဲလို့ ကျမ ဘ၀င်မကျ ဖြစ်ရတယ်” ဟု အသက် ၄၀ ၀န်းကျင် ရှိပြီ ဖြစ်သည့် တရားရေး ၀န်ထမ်း ဒေါ်ယဉ်ယဉ်လှိုင်က ပြောသည်။

ထိုအမှုမျိုးကို နယ်ဒေသများတွင် ပိုမို တွေ့ရတတ်ပြီး သူ တာဝန်ကျ ခဲ့သည့် တရားရုံးများတွင် လစဉ် အနည်းဆုံး ၄ မှုခန့် ရှိသည်ဟု ဆိုသည်။

“အချစ်မှာ မျက်စိ မရှိတာလား၊ ဘာလားတော့ မသိဘူး။ ပုဒ်မ ၄၁၇ နဲ့ စွဲတဲ့ အမျိုးသမီးတွေက များသော အားဖြင့် ဆင်းရဲ နွမ်းပါးသူတွေ များတယ်။ ရှေ့နေတောင် မငှားနိုင်ဘဲ တရားရုံးကို အားကိုးတကြီး လာသူတွေပါ” ဟု လုပ်သက် ၁၈ နှစ် ရှိပြီ ဖြစ်သည့် ဒေါ်ယဉ်ယဉ်လှိုင်က ရှင်းပြသည်။

မကြာသေးမီက ရုပ်ရှင်မင်းသမီးတဦးက သူ၏ ရည်းစားဟောင်းကို ထိုပုဒ်မဖြင့် တရားစွဲထားကြောင်း စာနယ်ဇင်းမှတဆင့် ဖွင့်ချလိုက်သည်။

အကယ်ဒမီ ပန်းဖြူက ဧရာဟင်္သာ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းရှိန်ကို စွဲဆိုထားသည့် သတင်းက လူပြောများခဲ့သည်။

“လက်ထပ်ဖို့ ရည်ရွယ်ပြီးတော့မှ အတူ နေခဲ့ကြတယ်။ ပြီးတော့ သူက လက်ထပ်ဖို့ ပျက်ကွက်ပြီး လမ်းခွဲ သွားပြီးနောက် သူက တော်တော်ကို မိုက်မိုက် ရိုင်းရိုင်းကို ပြောတယ်ပေါ့နော်။ အဲဒါကြောင့်လည်း တရား စွဲဖြစ်တာပါ” ဟု ပန်းဖြူက ဧရာဝတီကို ရှင်းပြထားသည်။

ရုပ်ရှင်မင်းသမီးက ထိုသို့ တရားစွဲလိုက်ခြင်းကို တရားရေးဝန်ထမ်း ဒေါ်သီတာအေးက ထောက်ခံသည်ဟု ဆိုသည်။

“အမှန်တရားကို ရင်ဆိုင်ပြီး လုပ်ရဲ၊ ကိုင်ရဲဖို့ လိုအပ်တယ်။ တရှက်ကနေ နှစ်ရှက် ဖြစ်မယ် ဆိုပြီး ဒီလို ကိစ္စတွေကို
အနိုင်ကျင့်ခံရမှန်း သိသိကြီးနဲ့ ခံကြတာမျိုးကို အားမပေးဘူး၊ အမျိုးသမီးတွေ အမြင် ကျယ်ကျယ်နဲ့ ခုလို မဟုတ်မခံရဲတဲ့ သတ္တိ ရှိဖို့ လိုတယ်” ဟု ဒေါ်သီတာအေးက ပြောဆိုသည်။

အမျိုးသမီးများ၏ ရှက်တတ် ကြောက်တတ်ခြင်း၊ တရားရုံး ရောက်မည်ကို စိုးရွံ့ခြင်းတို့ကို အသုံးချကာ မုဒိန်း ကျင့်ခြင်း၊ လိမ်လည်ပြီး ကာမ ရယူခြင်း၊ ကိုယ်ထိ လက်ရောက် ရိုက်နှက်ခြင်း စသည့် ပြစ်မှုများ ကျယ်ကျယ် ပြန့်ပြန့် ကျူးလွန်နေကြသည်ကို တွေ့နေရသည်ဟု သူက ရှင်းပြသည်။

သို့သော်လည်း မြန်မာပြည်ရှိ တရားရုံးများက ထိုအမျိုးသမီးတို့ အားကိုးနိုင်ခြင်း ရှိမရှိမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

မြို့နယ် နှင့် ခရိုင် အဆင့် တရားရုံးများက သူ့အမှုကို ပယ်ချလိုက်သည်ဟု ပန်းဖြူက ဧရာဝတီကို ပြောသည်။

ရန်ကုန်မြို့မှ မကြည်ထွန်း ဆိုသူကလည်း ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူ၏ ဖြစ်ရပ်နှင့် ဆင်တူနေသည်။

လက်ထပ်မည်ဟု ကတိပေးပြီး ပျက်ကွက်ခဲ့သူ ကိုလူဇိုင်းကို ထိုပုဒ်မ ၄၁၇ ဖြင့် ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးတွင် တရား စွဲဆိုခဲ့သော်လည်း ပယ်ချခံရကြောင်း ပြောပြသည်။

“တရားရုံးက ပလပ် လိုက်ပါတယ်၊ ဗဟို ဆက်တက်ဖို့ ဆိုတာလည်း ကျမမှာ အင်အား မရှိတော့ပါဘူး။ ငွေများ တရားနိုင် ဆိုတာမျိုးပါ၊ ကျမနဲ့သူ သမီး ရည်းစား ဖြစ်ကတည်းက သူ လက်ထပ်မယ်လို့ ပြောဆို ကတိပေးလို့ အတူတူ နေခဲ့ပါတယ်” ဟု မကြည်ထွန်းက ပြောသည်။

ရန်ကုန်ရောက်တိုင်း မကြည်ထွန်းထံ လာတွေ့သူ ကိုလူဇိုင်းက လက်ထပ်မည်ဟု ဆိုသောကြောင့် အတူ နေခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် လက်ထပ်ရန် ငြင်းဆိုခဲ့သောကြောင့် တရားစွဲရခြင်း ဖြစ်ကြောင်း၊ ကိုလူဇိုင်းက အမှုနိုင်စေရန် တရားသူကြီးကို လာဘ်ထိုးထားကြောင်း မကြည်ထွန်းက ပြောသည်။

ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် တနှစ် သို့မဟုတ် ငွေဒဏ် ချမှတ်နိုင်သော ဥပဒေ ပုဒ်မ ၄၁၇ နှင့် ရင်ဆိုင်ရသည့် အမျိုးသားများက ငွေကြေး တတ်နိုင်လျှင် အမှုကို ပလပ်စေရန် ဆောင်ရွက်လေ့ ရှိကြကြောင်း စုံစမ်း သိရှိရသည်။

တရားစွဲခံသူ အမျိုးသားများမှာ ထိုတရားလို အမျိုးသမီးတို့ထက် လူရည် ပိုလည်ပြီး ငွေ ပိုသုံးနိုင်သကဲ့သို့ အိမ်ထောင်သည်များလည်း ဖြစ်တတ်သည်ဟု တရားရေးဝန်ထမ်း ဒေါ်ယဉ်ယဉ်လှိုင်က ပြောသည်။

ထိုသို့ ကျောရရုံ ကြံခံရပါက တရားစွဲနိုင်ကြောင်း မသိနားမလည်သည့် အမျိုးသမီး အများအပြား ရှိနေကြောင်း ရန်ကုန်တိုင်း အမျိုးသမီးရေးရာအဖွဲ့မှ လုပ်ငန်းရှင် တဦးက ပြောသည်။

အမျိုးသမီးရေးရာအဖွဲ့သို့ ထိုလူမှုရေးပြဿနာများ တိုင်တန်းပါက တရားရုံးအထိ ရောက်စရာ မလိုဘဲ ဖြေရှင်းပေးကြောင်း၊ ကာမ ရယူပြီး လက်ထပ်ရန် ပျက်ကွက်သူများကို အမျိုးသမီးများ ဘက်က နစ်နာကြေး တောင်းပါက ရပ်ရွာ လူကြီးများနှင့် တိုင်ပင်ကာ ညှိုနှိုင်းပေးကြောင်း သူက ပြောပြသည်။

လက်ရှိအခြေအနေတွင် မည်သို့ တိုင်ကြားရမည် ဆိုသည်ကို သိရှိမှု နည်းပါးခြင်း၊ ငွေကြေး မတတ်နိုင်ခြင်း၊ အမှု တရားရုံး ရောက်ပါက အလုပ် အကိုင် ပျက်ကာ စားဝတ်နေရေး ထိခိုက် စေနိုင်သောကြောင့် ငုံ့ခံကြသူ အများအပြားရှိနေကြောင်း သူက ဆိုသည်။

“ပိုဆိုးတာက မြန်မာ လူမှု ၀န်းကျင် ကိုက ဒါမျိုး ဖြစ်လာရင် မိန်းကလေးတွေကိုပဲ အပြစ် တင်ကြတယ်၊ ပြီးတော့ လူကြား သူကြားထဲမှာ တရား ရင်ဆိုင်ကြရမှာလည်း ရှက်ကြောက် တတ်ကြတယ်။ မဟုတ်မခံ တိုင်တတ်ဖို့တောင် တော်တော်လေး လုပ်ယူရမယ့် အနေအထားမှာ ရှိတယ်” ဟု သူက ပြောသည်။

ဤသို့သော ပြဿနာများ၏ ရင်းမြစ်မှာ လက်မထပ်ဘဲ အတူနေခြင်းကို လက်ခံ ကျင့်သုံးလာကြခြင်းကြောင့် ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်မှ ကထိက တဦးက သုံးသပ်သည်။

“စီးပွားရေး အကျပ်အတည်းက ကျမတို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေရဲ့ အခြေခံ အကြောင်းရင်းပါပဲ၊ လူငယ်တွေ အရွယ် ရောက်လို့ လက်ထပ်ချင်တယ်၊ လက်ထပ်ဖို့ အဆင် မပြေသေးတော့ စိတ်အလို လိုက်ပြီး တည်းခိုခန်းတွေမှာ သွားနေကြတယ် အဲလို နေကြတဲ့အတွက် ကြုံကြရတဲ့ ပြဿနာတွေပါ” ဟု ကထိက ဆရာမက ပြောသည်။

လက်ထပ် ထိမ်းမြားရေးမှာ ယခင်ကလောက် မလွယ်ကူတော့သည့် အပြင် ဘ၀ မြင့်မားရေးကိုသာ အဓိက ထားလာသည့် အတွက် အိမ်ထောင်ပြု နောက်ကျလာကြကြောင်း၊ လူလတ်ပိုင်း အများအပြား လက်မထပ်ဘဲ လွယ်လွယ်ကူကူ အတူနေကြကြောင်း၊ သို့သော်လည်း ကိုယ်ကျူးလွန်ထားသော အမျိုးသမီးကို လက်ထပ် သင့်ကြောင်း ကထိက ဆရာမက ဆိုသည်။

ဤအမှုမျိုး ကြုံလာစေရန် အမျိုးသမီးများကို တွန်းပို့နေသော အခြေအနေများလည်း ရှိနေသည်ဟု မှော်ဘီ အထက ၃ မှ ဆရာမ တဦးက သုံးသပ်သည်။

“အခုခေတ်က သမီး မိန်းကလေး ဆိုရင် ပညာ သင်မပေးချင်ကြတော့ဘူး၊ အသက် ၁၂ နှစ် ၁၃ နှစ် အရွယ် ဆိုရင် အိမ်ဖော် လုပ်ခိုင်းလို့ ရနေပြီဆိုတာ သိတော့ ဆင်းရဲတဲ့ မိသားစု ၁၀ စုမှာ ၈ စုလောက်က သမီးတွေကို နည်းနည်း အရွယ် ရလာတာနဲ့ အိမ်ဖော်ပဲ လုပ်ခိုင်းကြတာ” ဟု ဆရာမကြီးက ပြောပြသည်။

ကျောင်းဆရာမကြီး ကဲ့သို့ပင် ဗဟိုတရားရုံးချုပ်ရှေ့နေ ဒေါ်နီနီသိန်း ကလည်း အမျိုးသမီးများ ဆင်းရဲ နွမ်းပါးခြင်း၊ ပညာ ဆင်ခြင်ဉာဏ် နည်းပါးကြခြင်းတို့ကြောင့် လိမ်လည်ပြီး ကာမ ရယူခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူတို့ခမျာ လုံခြုံ စိတ်ချရတဲ့ ပတ်ဝန်းကျင်လည်း မရှိတတ်တော့ အပျိုဖြစ်ပြီ ဆိုတာနဲ့တင် စိတ် ကစားပြီး ယုံမှားလွယ်ကြတယ်၊ ဒါကို ယောက်ျားတွေက အသုံးချလာကြတာ” ဟု ဒေါ်နီနီသိန်းက ပြောသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Sep,1st,2010

( 37 )အနုပညာရှင်များ ပြည်ပဖျော်ဖြေရေး သွားရန် စိုးရွံ့

( 36 )Kachin army cements ‘unwavering stance’

( 35 )“ဗိုက်မှောက်နေရသည့် ဘ၀များ” အစီရင်ခံစာ ဖြန့်ချိ

( 34 )KIO Calls for Free and Fair Election

( 33 )အခွန်ကြောင့် ပြည်သူလူထု ဒုက္ခရောက်ကြောင်း အစီရင်ခံစာ ထုတ်ဝေ

( 32 )Taxes Crippling Burmese People, Says Report

( 31 )British FM Says Bumese Junta Must be Held Accountable

( 30 )ကေအိုင်အို လက်နက်မချပဲ နှစ်ဖက်ဆွေးနွေးဖြေရှင်းရန်လိုလား

( 29 )ကရင်နီပြည် ဘိန်းစိုက်ပျိုးမှု ကလလတနှင့် ကယန်းပြည်သစ် အဖွဲ့မှ အခွန်ရဟုဆို

( 28 )USDP to provide free health care during its campaigns

( 27 )စောဝေ နရသိန်အလွန် ပန်းချီပြပွဲ

( 26 )South China sea Strom Triggers widespread rainfall, Flood In Myanmar

( 25 )ဒုက္ခသည်များစွာ ထိုင်းသို့ထွက်ပြေးလာနိုင်ဟု ကရင်ကောင်စီသတိပေး

( 24 )More areas in Myanmar flooded through heavy rain

( 23 )ကျားထိန်းသိမ်းရေး သဘာဝသစ်တောအတွက် လယ်သိမ်းမှုများကို လယ်သမားများတရားစွဲ

( 22 )Myanmar's cyber generation boots up for first-time vote

( 21 )ကချင်နှင့် ၀’ နယ်ခြားစောင့်တပ်အပြောင်းခံမှာမဟုတ်

( 20 )Asean Should Review Burma's Election

( 19 )တိုင်းရင်းသားပါတီများက မိမိတို့ဒေသတွင် အနိုင်ရမည်ဟု ယုံကြည်

( 18 )Burma Dashes Asean and UN Hopes of Disaster Cooperation

( 17 )ဂိတ်များပိတ်သော်လည်း လိုင်စင်မဲ့ကားများ မြန်မာပြည်တွင်းဝင်နေဆဲ

( 16 )Why Did U.S. Support Commission of Inquiry on Burma?

( 15 )မြန်မာ စစ်ဗိုလ်ချုပ်များ စစ်ယူနီဖောင်း ချွတ်သော်လည်း ဘာမှ မထူးခြား

( 14 )အန်အယ်လ်ဒီ အီးစီ တောင်ငူ ခရီးစဉ်

( 13 )Farce of the Burma vote

( 12 )ကချင်နှင့် ၀’ နယ်ခြားစောင့်တပ်အပြောင်းခံမှာမဟုတ်

( 11 )Myanmar forces' shake-up takes nation by surprise

( 10 )ဖျက်ပိုးကြောင့် ကချင်ကျေးရွာ ၅၀ ခန့် စပါးပင်များ ပျက်စီး

( 9 )Myanmar’s elections are a bit of a farce

( 8 )ကြံ့ဖွံ့က လွှတ်တော်တွင် အမတ်ဦးရေ အများဆုံး ရနိုင်

( 7 )Myanmar’s chief still heads Army

( 6 )စစ်အစိုးရခေါင်းဆောင် ရာထူး အပြောင်းအလဲ မရှိ

( 5 )Burma chief still heads army, state media reports

( 4 )KIO နဲ့ အပစ်ရပ် အဖွဲ့တွေ နယ်ခြားစောင့်တပ်ဖွဲ့ရေး ထပ်မံငြင်းဆန်

( 3 )Myanmar junta intact?

( 2 )ပဲခူး ရေကြီးမှုကြောင့် လူအများအပြား ရွှေ့ပြောင်းကြရ

( 1 )Critics decry Norinco outlay on Ivanhoe’s Burmese mine