မွေခေါင်
စရဖအရာရှိချုပ်ဒုဗိုလ်ချုပ်ကြီးရဲမြင့် ရာထူးမှမစွန့်ခွါမှီ သြဂတ်စ် ၂၀ ရက် မိုင်းလားတပ်ဖွဲ့ကိုယ်စားလှယ်နှင့် ကျိုင်းတုံ၌ ခေါ်တွေ့စဉ် လက်နက်ချရန်နှုတ်ဖြင့်ပြောဆိုသည့်အပြင် စာဖြင့်လည်းသတိပေးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
“နယ်ခြားစောင့်တပ်ဖွဲ့ဖို့အချိန်နှောင်းသွားပြီ။ လက်နက်ချဖို့ဘဲရှိတော့တယ်လို့ ရဲမြင့်ကနှုတ်နဲ့ပြောတဲ့အပြင် အချက် ၆ ချက်ပါစာလဲပေးသွားသေးတယ်” ဟု ကျိုင်းတုံဒေသခံတစ်ဦးကပြောပါသည်။
ထိုအချက် ၆ ချက်အနက် အရေးကြီးအချက် ၃ ချက်မှာ ၁. နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရန် အချိန် နှောင်း သွားပြီဖြစ် သော ကြောင့် လက်နက်ချ ရန်သာ ရှိကြောင်း၊ ၂. လက်နက်ချပြီးသော်လည်း အခွင့်အရေးပြည့်ဝစွာခံစားရ မည်ဖြစ်ပြီး ကုမ္ပဏီထောင်ခွင့်၊ စီးပွါးရေးလုပ်ပိုင်ခွင့်များရရှိမည်ဖြစ်ကြောင်း၊ ၃. စက်တင်ဘာ ၁ ရက်နေ့ကျော်လွန်၍ လက်နက်ချမည့်ကိစ္စအကြောင်းမပြန်လျှင် ရွေးကောက်ပွဲပြီးသည်နှင့်အလိုအလျောက်မတရားအသင်းဖြစ် သွားမည်။ အကြပ်အတည်းကြုံဒုက္ခရောက်မည်-စသည်တို့ဖြစ်သည်။
ဗိုလ်ရဲမြင့်နှင့်တွေ့ဆုံပြီးနောက် သြဂတ်စ် ၂၁ ရက်မှစ၍ ၄ ရက်ကြာ ၀နှင့်မိုင်းလားခေါင်းဆောင်များပန်ဆန်း၌ အစည်းအဝေးဆက်တိုက်ထိုင်ခဲ့သည်။
“သြဂတ်စ် ၂၄ ရက်မှာ ၂ ဖွဲ့စလုံးသဘောတူဆုံးဖြတ်ချက်ချပြီး ဗိုလ်ရဲမြင့်ဆီရိုသေသိမ်မွေ့စွာစာပြန်တယ်။ လက်နက်မချနိုင်ဘူးပေါ့။ နောင်တက်လာမဲ့အစိုးရတိုင်အောင် လက်ရှိအနေအထားတိုင်းဆက်နေသွားမယ်လို့ ကိုယ်စီ ဖြေသွားကြတယ်”ဟု တန့်ယန်းဒေသခံတစ်ဦးကပြောပါသည်။
ထို့နည်းတူ မိုင်းလားနယ်ထဲသို့ရွေးကောက်ပွဲကော်မရှင်နှင့် နအဖလုံခြုံရေးတပ်ဖွဲ့ပို့ဆောင်မည့်ကိစ္စလည်း လက်ခံမည် မဟုတ်ဟုဆို၏။
“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မိုင်းလားအဖွဲ့ကမဆန့်ကျင်သလိုပါဝင်မှာလဲမဟုတ်ဘူး။ ဒါကြောင့်ရွေးကောက်ပွဲ ကော်မရှင်နဲ့ သူတို့ရဲ့လုံခြုံရေးတပ်ဖွဲ့လဲ ပို့လာစရာမလိုပါဘူး” ဟု ဖြေဆိုကြောင်း မိုင်းလားခေါင်းဆောင်ပိုင်းနှင့်နီးစပ် သည့်ကျိုင်းတုံကုန်သည်တစ်ဦးကပြောပါသည်။
ဝနှင့်မိုင်းလားတပ်ဖွဲ့နည်းတူ ဗိုလ်ချုပ်ပန်ဖှဦးဆောင်သည့် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ အားလည်း လားရှိုး အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌါနချုပ်တိုင်းမှူးသစ် ဗိုလ်မှူးချုပ်အောင်ကျော်ဇောက လက်နက်သာချရေးကိုသာ ခေါ်ဆိုသတိပေးခဲ့သည်ဟုဆို၏။
No comments:
Post a Comment