သျှမ်းသံတော်ဆင့်
သျှမ်းပြည်နယ် အစိုးရ အဖွဲ့မှ ပယ်ချ ခဲ့သော အများနှင့် သက်ဆိုင်သော ပစ္စည်း ကာကွယ်စောင့် ရှောက်ရေး ဥပဒေ ပုဒ်မ (၃) အား ပြည်ထဲရေး ဝန်ကြီးဌာနမှ တရားစွဲဆို ခွင့်ပြုလိုက် သည် ဟု သတင်း ရရှိသည် ။
ရပ်စောက် မြို့နယ်ရဲစခန်းမှ သစ်မှောင်ခို ကိစ္စနှင့်ပတ်သက်၍ ဖမ်းဆည်းခံ ထားသော တရားခံများအား အများနှင့် သက်ဆိုင်သော ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ (၃) အရတရားစွဲဆိုရာတွင် သျှမ်းပြည်နယ်အစိုးရ အဖွဲ့မှယင်းပုဒ်မအားပယ်ချခဲ့ သော်လည်း ပြည်ထဲရေးဝန်ကြီး (ပြည်ထောင်စု) ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို မှ ဂျွန်လ (၂၅) ရက်နေ့က တရားစွဲဆိုခွင့်ပြုလိုက်ကြောင်းတာဝန်ရှိ သူများထံမှသိရသည် ။
" ကျနော်တို့ကတော့ အပက(၃) နဲ့တရားစွဲတယ်ဆိုတာ ဥပဒေလုပ်ထုံးလုပ်နည်း နဲ့အညီ ခရိုင် တရားရုံးမှာ တရား စွဲဆို ထားတာ ဖြစ်ပါတယ် " ဟု ယင်းဖြစ်စဉ်နှင့်ပတ် သက်၍ ရပ်စောက်မြို့မ ရဲစခန်းမှ ရဲမှူး ခင်မောင်ဝင်းက ပြောကြားသည် ။
သျှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်တွင် မတ်လ(၂၃)ရက်နေ့က သစ်တော ဦးစီးဌာနနှင့် ပြည်နယ်ဗဟို ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိသောတရားမဝင် အင်သစ်အမျိုးအစားအလုံးရေ (၅၅) လုံး ၊ တန်ချိန် (၂၈.၆၅၄) တန် အမှုကိစ္စနှင့် ပတ်သက်၍ မြို့ နယ် ရဲစခန်းမှတရားခံအား အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၃) အရ တရားစွဲဆို နိုင်ရေးအတွက် သျှမ်းပြည် နယ်အစိုးရအဖွဲ့ထံတင်ပြရာတွင် ယင်းပုဒ်မအားပယ်ချရန် သျှမ်းပြည် နယ်အစိုးရအဖွဲ့မှ ညွန်ကြားထားသော်လည်း ပြည်ထဲ ရေးဝန်ကြီး ဌာနမှ တရားစွဲဆိုခွင့် ပြုလိုက်ခြင်းဖြစ်သည် ။
မတ်လ(၂၄) ရက် နေ့ကသစ်တောဦးစီးဌာနနှင့် ပြည်နယ်ဗဟို ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိ သော သစ်လုံး များအား တိုင်းတာအပ်နှံရန် ဆောင်ရွက်နေစဉ် (ဦးစိုးလွင် AD/AE သစ်ထုတ် လုပ်ရေးကုမ္ပဏီ) ၏ညီဖြစ်သူ ဦးစိုးခိုင်နှင့် အပေါင်း အပါ ၄ ဦးမှ ရဲအုပ်အ ဆင့်ရှိသူကို ထိုးကြိတ်ရိုက်နှက်ခဲ့ခြင်းတို့ ကြောင့် ဦးစိုးခိုင်နှင့် အပေါင်းအပါ (၅) ဦးအား ရပ် စောက်မြို့မရဲစခန်းမှ ပြည်သူပိုင်ပစ္စည်း ကာကွယ် ရေး အက်ဥပဒေပုဒ်မ ၆(၁) ၊ ပြည်သူ့ ၀န်ထမ်းကို ပြင်းထန်စွာနာကျင်စေမှု ပုဒ်မ ၃၃၃ နှင့် တစ်ဦးတည်း မဟုတ်ပဲပူး ပေါင်းပါ ၀င်ရိုက်နှက်မှု ပုဒ်မ ၁၄၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ ခြင်းဖြစ်သည် ။
သျှမ်းပြည်နယ်အတွင်း အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့် ရှောက်ရေး ဥပဒေပုဒ်မ(၃) နှင့် အရေးယူခဲ့သည့်အမှု ပေါင်း (၁၄) မှုရှိခဲ့ ကြောင်း တာဝန်ရှိသူများ ထံမှဆက်လက်သိရှိရပါသည် ။
No comments:
Post a Comment