Wednesday, July 15, 2015

ကျန်းမာရေးအခြေအနေအရ ဒုတိယသက်တမ်းအတွက် ဝင်မပြိုင်တော့ဟု သမ္မတဦးသိန်းစိန်ဆို

ရိုက်တာ

မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ ၈ တွင် ပြုလုပ်ရန်စီစဉ်ထားသော ပါလီမန်ရွေးကောက်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ဇူလိုင်၁၃ တွင် ပြောကြားခဲ့သည်ဟု ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

ဆိုလိုသည်မှာ နိုင်ငံတော်အကြီးအကဲအဖြစ် ဒုတိယသက်တမ်းအတွက် ဝင်ရောက်မယှဉ်ပြိုင်ဟု အဓိပ္ပါယ်သက်ရောက် နေသည်။

"သမ္မတကြီးက သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် လာမည့်အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တဲ့အကြောင်း အာဏာရပြည်ခိုင်ဖြိုးပါတီရဲ့ဥက္ကဋ္ဌ ဦးရွှေမန်းဆီကို စာတစ်စောင်ပို့ခဲ့ပါတယ်"ဟု ၎င်းအရာရှိက ရိုက်တာသို့ပြောကြားခဲ့သည်။

No comments: