မူအက်စတာ
ကယားပြည်နယ်၊ နောင်ပုလဲအုပ်စုတွင် ရွေးကောက်ပွဲအတွက် မဲစာရင်းများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်တွင် ကပ်ထားရာ မဲစာရင်းကို သွားရောက်ကြည့်ရှုသူတိုင်း လက်မှတ်ထိုးရကြောင်း ဆိုဘောသဲကျေးရွာ ဥက္ကဌ ဦလေဝီးက ပြောသည်။
မှန်တယ်ဆိုရင် လက်မှတ်ထိုးခိုင်းထားတယ်၊ မှားတယ်ဆိုရင်တော့ သူတို့ဖောင်ပြန်ဖြည့်ခိုင်းထားတယ် ̋ ဟု ဦးလေဝီးက ပြောပြသည်။
နောင်ပုလဲအုပ်စုတွင် မဲစာရင်းကို သွားရောက်ကြည့်ရှုသူ ပြည်သူတိုင်းကို မဲစာရင်းများမှန်လျှင် လက်မှတ်ထိုး ပြန်ရကြောင်း၊ မဲစာရင်းမမှန်သူများကို လျှောက်လွှာနှင့် ပြန်ပြင်ခိုင်းထားခြင်းဖြစ်သည်ဟု သိရသည်။
̏ ကျတော်က နာမည်တော့မှန်တယ်၊ မွေးသက္ကရာဇ်တော့မှားနေတယ်၊ အဲ့ဒါကြောင့် ကျနော်လျှောက်လွှာပြန်ဖြည့်ပြီး ဥက္ကဌဆီပြန်တင်ရတယ် ̋ ဟု ဦးလေဝီးက ဆက်ပြောသည်။
ထိုကဲ့သို့ မဲစာရင်းလာကြည့်သူများကို လက်မှတ်ထိုးရေးထိုးခိုင်းခြင်းကို တခြားသောမြို့နယ် ကျေးရွာအုပ်စုများတွင် မကြုံဖူးကြသည့်အတွက် ယခုကဲ့သို့ လက်မှတ်ထိုးခိုင်း ခြင်းကို ဒေသခံများက ထူးဆန်းနေကြသည်ဟု ပြောဆိုနေကြသည်။
တချို့သောသူများသည်လည်း မဲစာရင်း မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ကပ်ထားမှန်းကို မသိလိုက်ကြောင်း ၊ ထိုကဲ့သို့ လက်မှတ်ထိုးခိုင်းသည်ကိုလည်း မသိရှိရကြောင်း ၎င်းအုပ်စု ကျေးရွာတွင်းရှိ ဒေသခံ တစ်ဦးက ပြောသည်။
̏ မဲစာရင်းဘယ်မှာကပ်ထားလဲ ကျတော်မသိပါဘူးဗျ၊ ဒါပေမယ့် ကျတော်သွားကြည့်ဖို့တော့ အစီအစဉ်ရှိပါတယ် ̋ ဟု ဒေသခံတဦးက ပြောသည်။
နောင်ပုလဲအုပ်စုတွင် မဲစာရင်အမှားများ များစွာရှိနေကြောင်း သိရသည်။ နာမည်မှားသူ၊ မွေးသက္ကရာဇ်မှားသူ ခန့်မှန်းခြေ လူဦးရေ ၁၀၀ ကျော်ခန့် ရှိနေကြောင်း ဦးလေဝီးကပြောသည်။
ထို့အတူ ငွေတောင်ကျေးရွာအုပ်စုတွင်လည်း လူတဦးကို နာမည် ၃ခေါက်ထပ်နေခြင်း၊ မွေးသက္ကရာဇ်များ မှားနေခြင်း စသည့်အမှားများ များစွာရှိကြောင်း မဲစာရင်းကို သွားရောက်ကြည့်ရှုသူထံမှ သိရသည်။
ကယားပြည်နယ်တွင် မဲစာရင်းကို ဇွန်လ ၈ ရက်နေ့မှ ၂၁ ရက်အထိ ပထမအကြိမ် ကဒ်ထားခဲ့ပြီး မဲပေးနိုင်သောစာရင်းများ၏ မှားယွင်းပြင်ဆင်ချိန်ကို ဇူလိုင်လ ပထမပတ်အထိ ထပ်မံသက်တမ်းတိုးထားသည်ဟု သိရသည်။

No comments:
Post a Comment