သျှမ်းသံတော်ဆင့်- ယိင်းတိုင်း
၂၈ ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲ သုံးစားမှုနှင့် တရား မဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်း အနားတွင် သျှမ်းပြည်နယ် အတွင်း ဖမ်းဆီး ရမိသော မူးယစ် ဆေးဝါးများ ၊ဓါတုပည်းများ နှင့် ဆက်စပ် ပစ္စည်းများ တန်ဖိုး အမေ ရိကန် ဒေါ်လာ (၈၂)သန်းကျော် ခန့်မီးရှို့ဖျက်ဆီး ခဲ့ကြောင်း တာဝန် ရှိသူများ ထံမှ သိရသည် ။
လက်ရှိသျှမ်းပြည်နယ်တစ်ပြည်နယ်လုံးတွင် ဘိန်းစိုက်ပျိုးမှု (၅၇၆၀၀) ဟတ် တာခန့်ရှိပြီး (၁ ဟတ်တာ= ၂.၅ ဧက ) ယခင်နှစ်ကထက် ဟတ်တာ (၂၀၀) ခန့် လျော့ကျသွား သည်ဟု မူးယစ်တပ်ဖွဲ့ခွဲ (၂) ၊တပ် ဖွဲ့ခွဲမှူး ရွှေညာမောင် က ပြောသည် ။
" ဒီမူးယစ်ဆေးဝါးတွေအများဆုံးဖမ်းဆီးရမိတဲ့ဒေသတွေကတော့ ရွှေတြိဂံ နယ်မြေ (မြန်မာ၊ထိုင်း၊ လာအို)နယ်စပ်ဖြစ်တယ်၊ ဒီနှစ်သျှမ်းပြည် နယ် အတွင်း ဘိန်းဖျက်ဆီးနိုင်မှုဧက ပေါင်း ၂၈၁၉၄.၂ ဧကလောက်ရှိတယ် ။ သျှမ်းတောင် မှာပင်လုံ၊ လွိုင်လင်၊ ဟိုပုံး တွေမှာ UNODC နဲ့ပူးပေါင်း ဆောင် ရွက်ပြီး ဘိန်းစိုက်တောင်သူတွေကို အစားထိုးသီးနှံ နှစ်ရှည် သီးနှံတွေ အပြင် နှစ်တိုသီးနှံ တွေကိုလည်းစိုက်ပျိုးပေးတယ် ။ သျှမ်းရှေ့မှာဆိုရင် ထိုင်းနိုင်ငံ ONCT နဲ့ပူးပေါင်းပြီး ၆ နှစ်စီမံကိန်း ဘတ်သန်း ပေါင်း ၃၅၀ ကူညီပံ့ပိုးမှုနဲ့ အစားထိုးသီးနှံတွေကို မိုက်ဆတ် ခရိုင်နဲ့တာချီလိတ် ခရိုင်တွေမှာ စိုက်ပျိုး ပေးနိုင်ခဲ့တယ်၊ သျှမ်းမြောက်မှာ ကျနော်တို့ တရုတ်နိုင်ငံ NNCC နဲ့ပူးဆောင် ရွက်ဖို့ပြင်ဆင်ထားတယ် ၊ တာမိုးညဲနဲ့ကောင်ခါးဒေသကို ကွင်းဆင်းလေ့လာ ပြီး ဖြစ်တယ် " ဟု ၄င်းကဆက်လက်ရှင်းပြသည် ။
သျှမ်းပြည်နယ်သည် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဘိန်းစိုက်ပျိုးမှု (၉၂) ရာခိုင် နှုန်းခန့် ရှိ ပြီး ၆၀ ရာခိုင်နှုန်းမှာစားဝတ်နေရေး အဆင်မပြေမှု နှင့် ဆင်းရဲမွဲတေမှု ကြောင့်စိုက်ပျိုးခြင်း ၊ ၃၅ ရာခိုင်နှုန်းမှာ ငွေကြေးချမ်းသာ လိုမှုကြောင့် စိုက်ပျိုးခြင်းဖြစ်ပြီး ကျန် ၅ ရာခိုင်နှုန်းမှာ အကြောင်းအမျိုးမျိုး ကြောင့် စိုက်ပျိုးခြင်းဖြစ်သည်ဟု UNODC ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြ ထားကြောင်း တာဝန်ရှိသူများထံမှ ဆက်လက်သိရသည် ။
"ဒီနှစ်က လောက်ကိုင်ဒေသမှာအများဆုံးဖမ်းဆီးရမိတာက အိုက်စ် ၊ အမျိုးအစားပေါ့ ၊ သျှမ်းရှေ့မှာကတော့ ဘိန်းဖြူဘလောက်တုံးတွေကိုအများ ဆုံးဖမ်းဆီးရမိတယ် " ဟု သျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ၀င်းထွန်းက ပြောသည် ။
၂၀၁၃ ခုနှစ်က သျှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ ၊ဓါတုပစ္စည်းများ နှင့်ဆက်စပ်ပစ္စည်းများ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၄) သန်းကျော် ခန့်၊ ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၈၈) သန်းကျော်ခန့် မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး ယခုနှစ်တွင် အမေရိကန်ဒေါ်လာ (၈၂)သန်းကျော် ခန့်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါသည်။
No comments:
Post a Comment