Monday, July 6, 2015

မဲစရင်းကြည့်ရန် ကော်မရှင်အဖွဲ့များ တိုက်တွန်းရန်လိုအပ်

သီတာအောင်

ရွးကောက်ပွဲမဲဆန္ဒရှင်စာရင်းများကဒ်ထားပြီးနောက် ပြည်သူများက လာရောက်ကြည့်ရှု့သူ နည်းနေသည့် အပေါ်တွင် ကော်မရှင်အဖွဲ့ခွဲ့များ နှင့် တာဝန်ရှိသူများက တိုက်တွန်းမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ကယားပြည်နယ် ကော်မရှင်ဥက္ကဌဦးစိန်ဝင်းက ပြောသည်။

“မဲစာရင်းနဲ့ ပတ်သက်လို့ ကိုယ့်နာမည် ပါမပါဆိုတာက သွားကြည့်ဖို့ လိုတယ်။ သွားကြည့်လို့ ကိုယ့်နာမည် မဲစာရင်းမတွေ့ဘူး ဆိုလို့ ရှိရင် အဲမှာတာဝန်ကျ ထမ်းဆောင်နေတဲ့ ကျေးရွာ ရပ်ကွက်ကော်မရှင် အဖွဲ့ ခွဲတွေရှိတယ်။ ကိုယ့်မိဘနာမည် မှားနေတယ်။ နာမည်မပါဘူးဆိုရင် ပြောရုံနဲ့ မရဘူး။ ပုံစံသုံးတွေနဲ့ လျောက်ထားဖို့ လိုတယ်” ဟု ဦးစိန်ဝင်းက ပြောသည်။

မဲစာရင်းကပ်ရာတွင် မည်သူက မဲစာရင်း လာကြည့် မကြည့် စစ်ဆေးရန်နှင့် လာကြည့်ကြရန် တိုက်တွန်းမှုများ ပြုလုပ်ရမည်ဟု ဇူလိုင်လ ၂ ရက်နေ့က ပထမအကြိမ် လွိုင်ကော်ခရိုင် ကော်မရှင်ရုံး တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ ဆိုင်ရာ ဆင့်ပွားသင်တန်းတွင် ပြောကြား သွားခြင်းဖြစ်သည်။

မဲစရင်းစတင် ကပ်သည့်ပထမအကြိမ် ဇွန်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိတွင် လွိုင်ကော်မြို့အတွင်း လူမှုအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ မဲစာရင်းကြည့်ရန် လိုက်လံ ဆော်အော်ခဲ့ကြသည်ဟု လွိုင်ကော်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအရာရှိ ဦးညီညီမင်းက ပြောသည်။

“မဲစာရင်းကြည့်ဖို့လုပ်ဆော်တယ် ။ ဒါမယ့် ကြည့်တာ အားနည်းတယ်။ ပထမဆုံး စကပ်လိုက်တဲ့ ချိန်မှာ သွားကြည့် ကြဖို့ အားနည်းတယ်။ CBO တွေနဲ့ ပေါင်းပြီး မဲစာရင်းကြည့်ဖို့ လုပ်ဆော်တယ်။ လက်ကမ်းစာစောင်တွေဝေတယ်။ လူမြင်များတဲ့ နေရာတွေမှာကပ်တယ်။ ကားနဲ့လည်း မဲစာရင်းဘယ်နေ့ကြေငြာမယ် လိုက်ကြည့်ကြပါဆိုတော့လည်း သွားကြည့်တဲ့ သူကနည်းတယ်” ဟု ဦးညီညီမင်းက ပြောသည်။

လက်ရှိအချိန်တွင် မဲဆန္ဒရှင် အမှားအယွင်းစာရင်းများကို ပြုစုနေပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကို ကပ်ရန် ပြည်ထောင်စုကော်မရှင်အဖွဲ့ ညွန်ကြားချက်ရမှသာလျှင် ပြန်ကပ်မည်ဟု သိရသည်။

ကော်မရှင်များလုပ်ဆောင် ရမည့်လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ၎င်းရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းတွင် နိုင်ငံရေးပါတီများနှင့် စပ်လျဉ်းသည့် အခွင့်အာဏာများ၊ ပါတီများစာရင်းကို စစ်ဆေးခြင်း၊ စစ်ဆေးရာတွင် အစိုးရအဖွဲ့ထံမှ အကူညီတောင်းခံခြင်း၊ ဥပဒေမလိုက်နာသည့် ပါတီများကို လိုက်နာရန် အချိန် ကာလ သတ်မှတ်ညွန်ကြားခြင်း စသည့်အချက်များကို ပို့ချသွားသည်ဟု သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ကော်မရှင်မှ တာဝန်ပေးထားသည့် ဌာနခွဲ ၉ဦးနှင့် ၎င်းတို့ ယုံကြည်အားကိုးသည့် ဌာနဆိုင်ရာ ပုဂ္ဂိုလ် ၆ဦးတို့က တက်ရောက်ခဲ့သည်။

No comments: