Thursday, July 2, 2015

ရွေး​ကောက်​ပွဲနှင့်​ ပြည်​လုံးကျွတ်​ဆန္ဒခံယူပွဲ ပူးတွဲပြုလုပ်​နိုင်

Mizzima

အခုနှစ်​ နိုဝင်​ဘာလဆန်းထဲမှာကျင်းပဖို့ရှိ​နေတဲ့ အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲမှာ ပြီးခဲ့တဲ့ရက်​က လွှတ်​​တော်​မှာ အတည်​ပြုထားတဲ့ ပုဒ်​မ ၅၉(ဃ)ပြင်​ဆင်​နိုင်​​ရေး ပြည်​လုံးကျွတ်​ဆန္ဒခံယူပွဲကိုပါ ပူးတွဲကျင်းပသွားမယ်​လို့ ပြည်​​ထောင်​စုလွှတ်​​တော်​နာယကဖြစ်​သူ သူရဦး​ရွှေမန်းက ဒီက​နေ့ကျင်းပတဲ့ လွှတ်​​တော်​အစည်းအ​ဝေးအစပိုင်းမှာ ​ပြောဆိုလိုက်​ပါတယ်​။

ရွေး​ကောက်​ပွဲနဲ့ ပြည်​လုံးကျွတ်​ဆန္ဒခံယူပွဲကို ပူးတွဲကျင်းပတာဟာ ဘဏ္ဍာ​ငွေကုန်​ကျမှုလည်း သက်​သာနိုင်​တာ​ကြောင့်​ ဒီကိစ္စနဲ့ပတ်​သက်​ပြီး ပြည်​​ထောင်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ကို အ​ကြောင်းကြားသွားမယ်​လို့လည်း သူရဦး​ရွှေမန်းက ​ပြောပါတယ်​။ ပြည်​လုံးကျွတ်​ဆန္ဒခံယူရမယ့်​ ဖွဲ့စည်းပုံအ​ဃြေံဥပ​ဒေကိုပြင်​ဆင်​သည့်​ ဥပ​ဒေကြမ်းပါ ပုဒ်​မ ၅၉(ဃ)ပြဌာန်း​ချက်​အ​နေနဲ့ နိုင်​ငံ​တော်​သမ္မတဟာ ကာကွယ်​​ရေးအမြင်​ရှိရမှာဖြစ်​ပါတယ်​။

No comments: