ကန္တာရဝတီတိုင်း(မ်)
ရှားတော မဲဆန္ဒနယ်အတွင်းတွင်၊ ယနေ့မနက် ၆ နာရီအချိန် အထိ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ဂျိုးဖြူငှက် အမှတ်တံဆိပ်ကြော်ငြာများ ကို ဒေသခံအိမ်များရှေ့တွင် တွေ့နေရဆဲဖြစ်သည်ဟု ကန္တာရဝတီတိုင်း(မ်)သတင်းထောက်မှ သတင်းပေးပို့ထားသည်။
“အလယ်ပိုင်းမဲရုံနဲ့လည်နီးတယ်။ တောင်ပိုင်းမဲရုံနဲ့လည်းနီးတယ်။ ဦးအောင်မင်းအိမ်နဲ့တော့ မတွက်တတ်ဘူး။ ကိုက်၅၀၀ တော့မကျော်ဘူး။” ဟု ၎င်းသတင်းထောက်က ပြောသည်။
နိုင်ငံရေးပါတီကြော်ငာဆိုင်းဘုတ်များ ၊ ကိုယ်စားလှယ်လောင်းများ၏ ကြော်ငြာ အမှတ်တံဆိပ်များကို နိုဝင်ဘာလ ၆ နေ့ည ၁၂ နာရီတွင်နောက်ဆုံးထားပြီး ဖြုတ်သိမ်းရမည် ဖြစ်သည့်အတွက် ယခုလိုတွေ့မြင်နေရခြင်း သည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး မြို့နယ်စည်ပင်မှ တရားစွဲရမည်ဖြစ်သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။
၎င်းက “စည်ပင်အက်ဥပဒေနဲ့တရားစွဲခွင့်ရှိတယ်။ ခွင့်ပြုချက်မရှိဘဲနဲ့ ရွေးကောက်ပွဲ ဥပဒေထဲမှာ လဲပါတယ်။ သူ့ရုံးမဟုတ်ဘူးဆိုရင်ပေါ့။” ဟု ပြောသည်။ ကန္တရ၀တီတိုင်း(မ်) သတင်းထောက်၏ ဓာတ်ပုံထဲတွင် အမှတ်တံဆိပ်ကြော်ငြာများ ကပ်ထားဆဲ ဖြစ်သည်ကို ထင်ထင်ရှားရှား မြင်တွေ့ရသော်လည်း ရှားတောမြို့နယ် ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ကောလာဟလ များသာဖြစ်သည်ဟု ငြင်းဆန်သွားခဲ့သည်။ “ ကပ်ထားတာတွေ မရှိဘူးပါဘူး ။ဒါကြောင့် ပိုစတာမရှိတဲ့အတွက် ဘယ်ပုဒ်မနဲ့အရေးယူမလဲဆိုတာ မပြောနိုင်ပါဘူး။ ကောလာဟလတွေဖြစ်မှာပါ။” ဟု ၎င်းက ဆိုသည်။
No comments:
Post a Comment