Thursday, November 19, 2015

ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းခန့် အရေးပေါ် အကူအညီလိုအပ်

စိုးသူအောင်

ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ပြည်သူ တစ်သောင်းခန့် မှာအရေးပေါ် အကူအညီ လိုအပ်နေကြာင်း လာရှိုးအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် အလုပ်အမှုဆောင် စိုင်းဆိုင်မိန်းက မဇ္ဈိမသို့ ပြောသည်။

အထူးသဖြင့် စစ်ဘေးရှောင်ရွာများဖြစ်သည့် တူယားရွာတွင် ဒုက္ခသည် ၃၂၃ ဦးနှင့် ၀မ်ဝါ့ရွာတွင် ၉၄၇ ဦးရှိပြီး လတ်တလောအခြေအနေတွင် စားစရာပြတ်လပ်သည် အထိဖြစ်နေသည်ကြောင်း ၊သောက်သုံးရေ ၊အိမ်သာ အခက်ခဲများဖြစ်နေပြီး စောင်ခြင်ထောင်များလည်း လိုအပ်နေကြာင်း ၄င်းကပြောသည်။

" စားစရာနှစ်ပတ်စာလောက်ကျန်မယ်" စိုင်းဆိုင်မိန်းပြောကဆိုသည်။

မိုင်းရှူးမြို့တွင် စစ်ဘေးရှောင်စခန်း ၃ခုဖွင့်လှစ်ထားပြီး ဒုက္ခသည် ၁၀၀၀ကျော်ရှိနေကြောင်း၊ဟိုက်ပါရွာက စခန်းတွင် ဒုက္ခသည် ၁၅၀၀ကျော်ရှိကြောင်း ၊တချို့သူများကလည်း စခန်းများသို့ လာရောက်ခြင်းမရှိဘဲ နီးစပ်ရာနေရာများတွင် ခိုလှုံနေသူများရှိကြောင်း၊ သိန္နီမြို့အခြေစိုက် မြန်မာနိုင်ငံလုံဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် အလုပ်အမှုဆောင် စိုင်းဝမ်းလှိုင်က ပြောသည်။

" ၀မ်ဆော့ရွာစခန်းက ဗုံးကျဲလို့ထိပြီးပျက်သွားပြီ "စိုင်းဝမ်းလှိုင်းပြောသည်။

စစ်ဘေးရှောင်စခန်းများကို မိုင်းရှူးမြို့၊၀မ်ဝရွာ ၊လဲချားမြို့ဟိုက်ပါရွာ ၊၀မ်စိမ်းရွာ တို့ဝင်ဖွင့်လှစ်ထားပြီး လတ်တလောအခြေအနေထိ ဒုက္ခသည်များ လာရောက်နေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

No comments: