Wednesday, February 3, 2016

ဒုသမ္မတ နှစ်ဦး လွှတ်တော်မတက်

နေသာ

(ဖေဖော်ဝါရီ ၁ရက်) စတင်ကျင်းပသည် ဒုတိယအကြိမ် ပြည်သူလွှတ်တော်အစည်းအဝေးသို့  ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လက်ရှိဒုတိယသမ္မတ နှစ်ဦး တက်ရောက်လာခြင်းမရှိခဲ့ပေ။

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု လားရှိုးမြို့ နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည့် ဒုတိယသမ္မတ ဖြစ်သူ ဒေါက်တာစိုင်းမောက်ခမ်း နှင့် ဇီးကုန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းတို့ သည့် ပြည်သူ့ လွှတ်တော်အစည်းအဝ၀းသို့ တက်ရောက်ခြင်းမရှိဘဲ ခွင့်တိုင်ကြားခဲ့သည်။


၎င်းတို့ နှစ်ဦးသည် အလုပ်တာဝန်များကို ထမ်းဆောင်နေရသည့်အတွက် အစည်းအဝေးသို့  မတက်ရောက်နိုင်ခြင်း ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များ အခွင့်အရေးကော်မတီက ခွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

 ဒုတိယသမ္မတ နှစ်ဦးအပြင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် မင်းကင်းမဲဆန္ဒနယ်မှ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့် နှင့် အခြားကိုယ်စားလှယ်တစ်ဦးသည်လည်း ခွင့်တိုင်ကြားခဲ့သည်။ ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ၄၃၃ ဦးအနက် ၄ ဦးခွင့်တိုင်ကြားခဲ့ပြီး ၄၂၉ ဦးတက်ရောက်ခဲ့သည်။

No comments: