Tuesday, February 23, 2016

လစာ လေးသိန်းအထက် ဝင်ငွေရှိသူများ အခွန်ဆောင်ရတော့မည်

မဇ္ဈိမ

ပြည်တွင်း အခွန်များဦးစီးဌာန၏ ဖေဖေါ်ဝါရီ ၁၉ ရက် အသိပေး ရှင်းလင်းချက်အရ တစ်လဝင်ငွေ လေးသိန်းအထက် ရရှိသူများ အခွန်ဆောင်ရတော့မည်ဖြစ်သည်။ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ အခွန်ကောက်ခံမှုသည် ဧပြီလ ၁ ရက်တွင် စတင်မည် ဖြစ်သည်။

ပြည်တွင်းအခွန် ဦးစီးဌာန၏ ဖေါ်ပြချက်တွင် တစ်နှစ်အတွင်း ဝင်ငွေ ၄၈ သိန်းနှင့်အထက် ရရှိပါက အခွန်ဆောင်ရမည် ဖြစ်ခြင်းကြောင့် တစ်လ လေးသိန်းအထက် ဝင်ငွေရှိသူများ အခွန်ဆောင်ရမည့် သဘောဖြစ်သည်။

လေးသိန်းအထက် ရရှိသူ တစ်ဦးသည် တစ်နှစ်အတွက် အခွန် ၁၄,၀၀၀၀ ပေးဆောင်ရမည်ဖြစ်ပြီး တစ်လအတွက် အခွန်ငွေ ၁၁,၀၀၀ ကျော် ကျသင့်မည်ဖြစ်သည်။ အခွန်ကို ကျသင့်ငွေကို လစာ ထုတ်ပေးသူမှ ဖြတ်တောက် ခုနှိမ်ထားပြီး လစာ ထုတ်ပေးရမည်ဟုလည်း ပြည်တွင်း အခွန်များ ဦးစီးဌာနက ဆိုသည်။

ဝင်ငွေခွန် ကောက်ခံရန် တွက်ချက်မှုပုံ သဏ္ဍာန်မှာ အောက်ပါအတိုင်း ဖြစ်သည်



No comments: