မင်းမင်း
ရွေးကောက်ပွဲရလဒ်များအရ အစိုးရဖွဲ့ခွင့်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ နိုဝင်ဘာ ၁၉ရက် နံနက်က လွှတ်တော်ဝင်းအတွင်း နှစ်နာရီနီးပါးကြာ တွေ့ဆုံမှုတွင် သဘောတူညီမှုရခဲ့သည့် အချက်များကို နှစ်ဖက် ပူးတွဲကြေငြာလိုက်သည်။
အချက်(၅)ချက် ပါဝင်သည့် ပူးတွဲကြေငြာချက်တွင် လွှတ်တော်ဆိုင်ရာကိစ္စများအပြင် အခြားအရေးကြီးသော လုပ်ငန်းတာဝန်များအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကာ အစဉ်အလာကောင်းများ ချမှတ်နိုင်ရန်၊ လွှတ်တော်များကို ဥပဒေနှင့်အညီခေါ်ယူရေး ပူးပေါင်းဆောင်ရွက်ကြရန် စသဖြင့် ပါဝင်သည်။
ပူးတွဲကြေငြာချက်အပြည့်အစုံမှာ နိုဝင်ဘာလ(၈)ရက်နေ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ပြည်သူ့ဆန္ဒကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျအကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာမြင့်မားရေးနှင့် ပြည်သူပြည်သားများ နှလုံးစိတ်ဝမ်းအေးချမ်းမှု ရရှိစေရန်၊ လွှတ်တော်၏ မူဝါဒ ဆောင်ပုဒ်နှင့်အညီ ပြည်သူများ၏ ရွေးချယ်တာဝန်ပေးမှုကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လွှတ်တော်များဖွဲ့စည်းရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပါ အလေးအနက်ထား ရှေးရှုဆောင်ရွက်ရန်၊ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ၊ အခြားအရေးကြီးသော လုပ်ငန်းတာဝန်များအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် ယုံကြည်လေးစားပြီး သဟဇာတဖြစ်သော အစဉ်အလာကောင်းများ ချမှတ်နိုင်ရန်နှင့် ဒုတိယအကြိမ် လွှတ်ေ
No comments:
Post a Comment