Tuesday, February 23, 2016

စည်ပင်ပိုင်မြေမှာ ဆိုင်ခန်းဆောက်ရင် အရေးမယူတဲ့ မြို့နယ်ကို ဖော်ပြပေးချင်ပါတယ်

မဇ္ဈိမ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်မှာနေတဲ့ ကိုသီဟအောင်က မဇ္ဈိမ စာဖတ်သူကဏ္ဍကို မေးလ်နဲ့ စာတစ်စောင် ဓာတ်ပုံတစ်ပုံ ပေးပို့လာပါတယ်။ သူ့စာထဲမှာ ရေးထားတာ ကတော့ သူဟာ ကျောင်းတက်နေဆဲ ကျောင်းသားတစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ဦး ဖြစ်တယ်လို့ ပြောပါတယ်။ လူငယ်တစ်ဦးပီပီ နေရာအနှံ့ ရောက်တဲ့အခါ သူသတိထားမိတာက ရန်ကုန်မြို့ စည်ပင်သာယာ နယ်နမိတ်အတွင်းမှာ ကွမ်းယာဆိုင်၊ ကွမ်းယာနဲ့အတူ စုံစီနဖာရောင်းတဲ့ ဆိုင်တွေကို အများအပြား တွေ့ရ ပါတယ်။

 ဒီဆိုင်တွေဟာ တရားဝင် ပိုင်ဆိုင်မှုရှိတဲ့ မြေနေရာတွေမှာ မဟုတ်ဘဲ စည်ပင်ပိုင်တဲ့ မြေတွေမှာ တရားမဝင် ကျူးကျော်ဆောက်လုပ်ပြီး ရောင်းနေကြတာ တွေ့နေရလို့ သူ့စိတ်ထဲမှာ သိချင် လာတဲ့ မေးခွန်းတွေကို ဘယ်သူ့မေးရမှန်း မသိလို့ မဇ္ဈိမ စာဖတ်သူကဏ္ဍ ကိုရေးသား ပေးပို့ခဲ့တာပါလို့ ဆိုပါတယ်။ ရန်ကုန်စည်ပင်သာယာရေး နယ်နမိတ်အတွင်းမှာ စည်ပင်က ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတွေဟာ တစ်မြို့နယ်မှာ တစ်မျိုးစီလား၊ စည်းကမ်းနဲ့ မညီဘဲ စည်ပင်ပိုင်မြေတွေမှာ ဆောက်လုပ်နေတဲ့ ဆိုင်ခန်းတွေကို ဘယ်လိုပုံစံနဲ့ ခွင့်ပြုနေသလဲဆိုတာ သိချင်ပါတယ်။

သူနေထိုင်တဲ့ ဗဟန်းမြို့နယ်မှာ စည်ပင်ပိုင်မြေမှာ ဆိုင်ခန်းတွေကို ဘယ်လိုပုံစံနဲ့ ခွင့်ပြုနေသလဲဆိုတာ သိချင်ပါတယ်။ သူနေထိုင်တဲ့ ဗဟန်းမြို့နယ်မှာ စည်ပင်ပိုင်မြေမှာ ဆိုင်ခန်းကို အခိုင်အခန့် ဆောက်လုပ်ပြီး ရောင်းချနေတဲ့ ဆိုင်တစ်ဆိုင် ရှိပါတယ်။ အရင်က ကွမ်းယာကို တဲလေး ထိုးပြီး ရောင်းတာပါ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဘာကိစ္စနဲ့လည်း မသိဘဲ သူ့ကွမ်းယာဆိုင်ကို စကားများကြတာ ကြားရပြီး ဖျက်လို့ ပျောက်သွားတာကို အခုလို အခိုင်အခန့် သံတံခါးတွေ သွပ်မိုး တွေနဲ့ နေရာအကျယ်ကြီးယူပြီး ဆောက်လုပ်ခဲ့တာပါ။

သူတို့ဆောက်စဉ်ကတည်းက တာဝန်ရှိသူတစ် ဦးက လာရောက် ဟန့်တားမယ် ထင်ထားခဲ့တာ။ အခုချိန်ထိ ဘယ်သူမှ မလာဘဲ ခမ်းခမ်းနားနား ဆောက်ပြီး ရောင်းနေတာကို တွေ့ရလို့ အံ့သြမိပါတယ်။ ရန်ကုန်မြို့အနှံ့နီးပါးမှာ ဒီလိုဆောက်လုပ်ပြီး ရောင်းချနေကြတာ ဘာသာခြား၊ လူမျိုးခြားတွေ များပါတယ်။ အခြားနေရာတွေက ထားပါတော့ အခု သူပြောချင်တဲ့ အဆိုင်နေရာက ဗဟိုဘဏ်နဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှာ ဖွင့်ထားတာကတော့ စည်ပင်ဥပဒေကို မထေမဲ့မြင် ပြုရာ ကြနေပါတယ် လို့ ပြောပါတယ်။ စည်းကမ်းမဲ့တဲ့ ဘယ်ဆိုင်မဆို လူမျိုးခြား၊ ဘာသာခြားမှ မဟုတ်ပါဘူး။ မည်သူ့ကိုမ ဆို တိတိကျကျ အရေးယူ ဖယ်ရှားစေလိုတာကြောင့် ဓာတ်ပုံနဲ့တကွ ရေးသား ပေးပို့ခဲ့တာ ဖြစ်ပါ ကြောင်း ရေးလာတဲ့ စာကို ဖော်ပြပေးလိုက်ရပါတယ်။

No comments: