မျိုးသူအောင်
အာဖရိကတိုက်ရှိ ယုဂန္ဓာနိုင်ငံ၌ သီလရှင် စာသင်တိုက်ဖွင့်နိုင်ရန် ယုဂန္ဓာဆရာတော် ဗုဒ္ဓရက္ခိတသည် စစ်ကိုင်းမြို့ရှိ သကျဓီ တာ သီလရှင်စာသင်တိုက်သို့လာရောက်၍ အကူညီတောင်းခံကြောင်း အဆိုပါ သီလရှင်စာသင်တိုက် တိုက် အုပ် ဆရာကြီး ဒေါ်ကုသလ၀တီထံမှ သိရသည်။
အာဖရိကနိုင်ငံ ဆရာတော် ဗုဒ္ဓရက္ခိတ (Uganda Buddhist Centre – UBC )နှင့် မယ်တော်ဓမ္မကာမီ (only African Buddhist Nun) သည် ဇန်န၀ါရီ ၂၇ ရက်နှင့် ၂၈ ရက် နေ့က စစ်ကိုင်းမြို့ နန်းဦးမြို့သစ်ရှိ သကျဓီတာ သီလ ရှင်စာသင်တိုက်သို့ ကြွရောက်၍ သီလရှင်ကျောင်းတိုက်တည်ထောင်မှု လုပ်ငန်းစဉ်များကို လာရောက်မေးမြန်းခဲ့ ကြောင်းသိရသည်။
" အခုလောလောဆယ်တော့ အဲဒီမှာ သီလရှင်တစ်ပါးမှမရှိပဲနဲ့ သီလရှင်စာသင်တိုက်ဖွင့်လို့မရဘူး။အဲဒီမှာက လောလောဆယ် သီလရှင်တစ်ပါးပဲရှိတာဆိုတော့ အသက်ကြီးမှ သီလရှင်ဝတ်တာ ဆို တော့ သီလရှင်အကြောင်း ဘာမှမသိသေးပဲနဲ့ သီလရှင်စာသင်တိုက်လုပ်လို့မရသေးဘူး။ အဲတော့ သီလရှင် စာ သင်တိုက်ဖွင့်ချင်တယ်ဆိုရင် အဲဒီက သီလရှင်စာသင်သားတွေပို့ပြီးတော့ လေ့လာပြီးတော့မှ ပြန်ပြီးသီလရှင် စာသင်တိုက်လုပ်လို့ရမယ်ဆိုတာကို ဆရာလေးတို့က ရှင်းပြတာလေ"ဟု တိုက်အုပ်ဆရာကြီး ဒေါ်ကုသလ၀ တီက ပြောသည်။
ယင်းသို့ ရှင်းပြခဲ့သည့်အတွက် အာဖရိကနိုင်ငံ၊ ယုဂန္ဓာနေ ဆရာတော် ဗုဒ္ဓရက္ခိတ ကိုယ်တိုင် အာဖရိကမှ စာ သင်သားပို့လိုသော ရည်ရွယ်ချက်ရှိ၍ စာသင်သားလက်ခံမှုပိုင်းဆိုင်ရများ ထပ်မံမေးမြန်းခဲ့ပြီး သကျဓီတာ သီ လရှင်စာသင်တိုက်မှ အနည်းဆုံး(၃)ပါးကိုတာဝန်ယူကာ သင်ကြားပို့ချသွားမည်ဟု ပြန်လည်ဖြေကြားခဲ့ ကြောင်းသိရသည်။
သကျဓီတာ သီလရှင်စာသင်တိုက်ကို စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ နန်းဦးမြို့သစ်တွင် သာသနာ သ က္ကရာဇ် (၂၅၄၂)၊မြန်မာသက္ကရာဇ်(၁၃၆၀) နတ်တော်လ၊ခရစ်နှစ်(၁၉၉၈)ခုနှစ် ဒီဇင်ဘာလတွင် စတင် တည် ထောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ယုဂန္ဓာဆရာတော်သည် ၁၉၉၀ အိန္ဒိယနိုင်ငံသို့ရောက်ရှိကာ ဗုဒ္ဓစာပေများကို လေ့လာခဲ့ပြီးနောက် ၂၀၀၁ခုနှစ်တွင် သင်္ကန်းဝတ်ခဲ့ပြီး၂၀၀၅ခုနှစ် ဧပြီ ၁၀ရက်နေ့တွင် Uganda Buddhist Centre ကိုတည်ထောင်ကာ ဗုဒ္ဓဘာသာပြန့်ပွားရေးကို ဆောင်ရွက်နေသော ဆရာတော်လည်းဖြစ်သည်။
No comments:
Post a Comment