Wednesday, February 3, 2016

ဟံသာဝတီလေဆိပ်သစ်တည်ဆောက်ရေး သဘောတူညီမှုရ

ဘန်ကောက်ပို့စ်

ရန်ကုန်မြို့ပြင်တွင် တည်ဆောက်မည့် လေဆိပ်သစ်စီမံကိန်းအတွက် အစိုးရနှင့် ဂျပန်ဆောက်လုပ်ရေး JGC ကော်ပိုရေးရှင်းအပါအဝင် ပူးပေါင်းကုမ္ပဏီအုပ်စုတို့ကြား ကနဦးသဘောတူညီမှုတစ်ရပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

ပူးပေါင်းကုမ္ပဏီစုတွင် စင်ကာပူ ချန်ဂီလေဆိပ်အုပ်စုလည်း ပါဝင်ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကုန်ကျမည်ခန့်မှန်းထားသည့် ယင်းလေဆိပ်တည်ဆောက်ရေးစီမံကိန်းအတွက် တရားဝင်ကန်ထရိုက်အား ချုပ်ဆိုမည်ဖြစ်သည်။


အစိုးရက တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း ဝင်ဆံ့သည့် ဟံသာဝတီလေဆိပ်သစ်အား ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ စုစုပေါင်း ကုန်ကျစရိတ်၏ တစ်ဝက်ကို ဂျပန်အစိုးရ၏ ဖွံ့ဖြိုးရေအကူအညီဖြင့် တည်ဆောက်မည်လည်းဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် လေဆိပ်သစ်က ဝန်ဆောင်မှုစတင်နိုင်မည်ဖြစ်သည်။

 မြန်မာနိုင်ငံက တံခါးဖွင့်လှစ်ပြီးနောက် နိုင်ငံခြားဧည့်သည်များ ဝင်ရောက်မှုများလာသဖြင့် လေဆိပ်သစ်အား တည်ဆောက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည် ၅ သန်းနီးပါး ရှိခဲ့ပြီး ၂၀၂၀ တွင် ၇ ဒသမ ၅ သန်း ရောက်ရှိမည် ခန့်မှန်းထားသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နှစ်စဉ် ခရီးသည် ၂ ဒသမ ၇ ကျော် ဝင်ရောက်ပြီး ခရီးသည် ဝင်ဆံ့မှုကို ၃ ဒသမ ၈ သန်းအထိ ဝင်ဆံ့နိုင်ရန် ပြင်ဆင်တည်ဆောက်ထားရေးလည်း စီစဉ်လျက်ရှိသည်

No comments: