Wednesday, February 3, 2016

အရှည်​ ၂၉ ​ပေခန့်​ရှိ​ဝေလငါးတစ်ေ​ကာင်​ မာန်​​အောင်​ကမ်း​ခြေတွင်သောင်​တင်​​ သေဆုံး

ဝဏ္ဏခွာညို


ရခိုင်​​ပြည်​နယ်​၊မာန်​​အောင်မြို့နယ်၊မျှော်တော် ဦးကျေးရွာ​ မျှော်တော်ဦးကမ်းခြေတွင် ဇန်​နဝါရီ၂၅ရက်​​ယနေ့ နေ့ လယ်ပိုင်း ၄ နာရီက ပေ၂၉ ပေခန့် ရှိဝေလငါးကြီး တစ်​​ကောင်​​သောင်​တင်သေဆုံး လျှက်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

” ကျွန်တော်တို့သွားကြည့်တော့ဒီ နေ့ညနေ ၄ နာရီလောက်မှာကမ်းလျှက်ခြေမှာတင်နေတာ။ ဝေလ ငါးအရှည်က ၂၉ပေလောက်ရှိမယ်။ ခန်မှန်းလုံးပတ်က​ပေ၂၀ လောက်ရှိမယ်။တော်တော့်ကိုကြီးတာဗျ။ ငါးကြီးကတော့ဒဏ်ရာဒဏ်ချက်တွေတော်တော်များတယ်
ကျောက်ဆောင်ကျောက်သားတွေကြားကဆင်းမရ ဘဲ သေ နေတာဖြစ်မယ်ဟု” သွားရောက်ကြည့်ရှုခဲ့သူစာရေး ဆရာဝေဟင်အောင်မှနိရဉ္စရာသို့ပြောသည်။

ယင်းသေဆုံးနေသောဝေလငါးကြီးအား ကမ်းခြေနားတွင်မြေမြုပ်ရန်ရွာသူရွာသားများက စီစဉ်နေကြောင်းသိရသည်။

No comments: