Thursday, February 4, 2016

ကျောင်းသုံး ဗလာစာအုပ်များနှင့် သင်ရိုးညွှန်းတမ်း စာအုပ်များ NLD အလှူခံ

မဇ္ဈိမ

ချို့တဲ့ ကျောင်းသူ၊ ကျောင်းသားများကို ပံ့ပိုးပေးရန် ရည်ရွယ်လျက် ကျောင်းသုံး ဗလာ စာအုပ်များနှင့် သင်ရိုးညွှန်းတမ်းများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အလှူခံလျက် ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ အစီအစဉ်ကို “မျှဝေခြင်း” ဟု အမည်ပေးထားပြီး လိုအပ်ချက်ရှိနေသည့် ကျောင်းသူ ကျောင်းသားများထံ ပြန်လည် မျှဝေပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။ လုပ်ငန်းစဉ်ကို ရပ်ကွက် ကျေးရွာ အဆင့်မှ မြို့နယ်အဆင့်အထိ အဆင့်ဆင့်သော ကျောင်းသား၊ ကျောင်းသူများ၏ စာရင်းများကို ပြည်နယ်တိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များက ဖေဖေါ်ဝါရီ ၇ ရက်မှ ၁၄ ရက်အထိ ကောက်ယူမည်ဖြစ်သည်။


 ကျေးရွာ၊ ရပ်ကွက်များမှ ချို့တဲ့ ကျောင်းသူ ကျောင်းသားများစာရင်းကို ပြည်နယ်နှင့် တိုင်း ဥက္ကဋ္ဌများထံ ဖေဖေါ်ဝါရီ ၁၅ ရက်မှ ၂၂ ရက်အတွင်း ပေးပို့ရမည်ဖြစ်သည်။ တစ်ဘက်တွင်လည်း ဖေဖေါ်ဝါရီ ၁၅ ရက်မှ မတ်လ ၃၁ ရက်အထိ မြို့နယ် ကျေးရွာ ရပ်ကွက်များတွင် ကျောင်းဝတ်စုံများ အလှူခံမည်ဖြစ်သည်။ ရရှိလာသည့် လှူဒါန်းပစ္စည်းများကို ချို့တဲ့ကျေးရွာများရှိ ကျောင်းသူ ကျောင်းသားများထံ ဧပြီလ တစ်လုံး အိမ်တိုင်ရာရောက် ပေးပို့ မျှဝေပေးမည်ဖြစ်သည်။

No comments: