Saturday, July 30, 2016

၂၁ ရာစုပင်လုံညီလာခံကို ကိုယ်တိုင် ကိုယ်ကျ တက်ရောက်လိုကြောင်း AA စစ်ဦးစီးချုပ်ပြော

ခင်စုကြည်

၂၁ ရာစု ပင်လုံညီလာခံသို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တက်ရောက်ချင်ပြီး ၎င်းတို့အား ချန်ထားခဲ့ပါကလည်း ငြို ငြင်မည်မဟုတ်ကြောင်း ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (AA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောသည်။

၂၁ ရာစု ပင်လုံ ညီလာခံကို သြဂုတ်လကုန်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါညီလာခံတွင် အားလုံးပါ ၀င် နိုင် ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ကိုယ်စားလှယ်များ ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံဆွေးနွေးမှုများ ပြု လုပ်ခဲ့ကြသည်။

“တကယ်လို့များ အခြားအဖွဲ့တွေက ကျွန်တော်တို့ မပါဘဲ သွားမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်ကတော့ မငြိုငြင်ပါဘူး။ ကျွန်တော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတွေရဲ့  အကျိုးကိုတော့ ကိုယ်စားပြုမယ် ပြီးရင် ကျွန်တော်တို့က ကိုယ့်လူမျိုး တစ်ခုတည်းဆိုတာထက် ပြည်ထောင်စုသားတွေပဲပေါ့လေ။ အဲ့ဒါအတွက် ကြောင့် လဲ ကျွန်တော်တို့ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ချင်တာပေါ့လေ။ သူတို့သွားမယ်ဆိုရင်လည်း ကျွန်တော်တို့က ကန့် ကွက်စရာ အကြောင်းမရှိ ဘူး။သူ တို့ အဖွဲ့အစည်းတွေ ဆုံးဖြတ်ပိုင်ခွင့်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

မြန်မာတပ်မတော်အနေဖြင့် လက်နက်ကိုင်လမ်းစဉ်စွန့်လွတ်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လာ ရောက်ခွင့်ပြု မည်ဟု ပြောဆိုထားခြင်းကြောင့်၂၁ရာစုပင်လုံ ညီလာခံကို တတ်ရောက်ရန်အတွက် NCA ကိုဖြတ် ကျော်ရဦး မည်ဆိုပါက အားလုံးပါဝင်ရေးမူမှာ အောင်မြင်နိုင်မည်မဟုတ်ကြောင်း ဗိုလ်မှူးချုပ် ထွန်းမြတ် နိုင်က ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ လက်ထပ်တွင် AA၊ MNDAA၊ TNLA သုံးဖွဲ့ပေါင်းပြီး အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးလိုကြောင်း စာတစ်စောင်ပို့ထားပြီး ယင်းအပေါ်မှာ မည်သို့ တုန့်ပြန်လာမည်ကိုလည်း မသိသေးကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် NCA(အပစ်အခက်ရပ်စဲရေးသဘောတူစာချုပ်)ကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ KNU/ KNLA-PC၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့က လက်မှတ်ရေးထိုးထားသည်။

မွန်ပြည်သစ်ပါတီ(NMSP)၊ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တို့မှာ လက်မှတ်မရေးထိုးထားသည့် အဖွဲ့များဖြစ်ပြီး အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားသည့်အဖွဲ့များ ဖြစ်သည်။

No comments: