Friday, July 29, 2016

မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီအစည်းအဝေးသို့ ရခိုင့်ခေါင်းဆောင်အများအပြား တက်ရောက်

ကောင်းမြတ်နိုင်(မောင်တော)


နိုင်ငံရေး၊ ဖက်ဒရယ်၊ လုံခြုံရေး၊ နိုင်ငံရေးဆွေးနွေးရေးမူဘောင်သုံးသပ်မည့်ကိစ္စများနှင့်၂၁ ရာစု ပင်လုံ ညီလာခံခေါ်ဆိုခြင်းအပေါ် အဓိကထားဆွေးနွေးကြမည့် မိုင်ဂျာယန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီအစည်းအဝေးကို ရခိုင့်ခေါင်းဆောင် အများအပြား တက်ရောက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

၎င်းအစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်နေ့ထိ ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် ပြုလုပ်သွားမည် ဖြစ်သည်။

ထိုအစည်းအဝေးသို့ ULA/AA မှ(၁) ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် United League of Arakan / Arakan Army (ULA/AA) ဥက္ကဋ္ဌ စစ်ဦးစီးချုပ်၊ (၂)ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်- တွဲဖက် အတွင်းရေးမှူး (၁)၊(၃) ဗိုလ်မှူး ရွှေထွန်း- ဗဟိုကော်မတီဝင်၊ (၄)ခိုင်သုခဗဟိုကော်မတီဝင် (၅)ဦးဘစံဗဟိုကော်မတီဝင် တို့အပြင်လေ့လာသူ (၅) ဦး နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များတက်ရောက်လျှက်ရှိကြောင်း ရက္ခိုင့် တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန၏ ရေးသားဖော်ပြချက် အရ သိရသည်။

ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ(ALP)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကြံပေး ဦးဖေသိန်းက”သြဂုတ်လ ၂၅ ရက်နေ့ကျင်းပမယ့် ပင်လုံညီလာခံသို့ မတက်မီ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလို့ ရအောင်ဆိုပြီးတော့ တံခါပွင့်လာတဲ့ အချိန်မှာ နိုင်ငံတကာရဲ့တွန်အား၊ ပြည်သူလူထုရဲ့လိုလားချက်၊ နှစ်ပေါင်း ၆၀ ကျော် စစ်ဘေးဒဏ်သင့် လာတဲ့ မြန်မာပြည်ရဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရမယ့်ကိစ္စမှာ NCA ထိုးထားတဲ့ ၈ ဖွဲ့နဲ့တော့ ပြီပြည့်စုံတဲ့ ညီလာခံတစ်ခုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် NCA လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ဘဝတူ နိုင်ငံရေး အင်အားစုတွေက နိုင်ငံရေးပြဿနာကို စာပွဲဝိုင်းပေါ်ဖြေရှင်းကြမယ် ဆိုတဲ့အခါ ရခိုင့်အင်အားစု အများစု ပါဝင်တက်ရောက်နေတဲ့ ဒီမိုင်ဂျာယန် အစည်းအဝေးဟာ လိုအပ်တယ်လို့ မြင်ပါတယ်။အရေးကြီးတဲ့ အစည်းအဝေး တစ်ခုဖြစ်တာကြောင်း ဝမ်းသာ ကြိုဆိုပါတယ်”ဟု နိရဉ္စရာ သတင်းဌာနသို့ ဆိုသည်။

ရခိုင်ပြည်အမျိုးသားကောင်စီ(ANC/ AA )ကိုယ်စားလှယ်အဖွဲ့တွင် ဥက္ကဌ ဒေါက်တာခင်မောင် ၊ အထွေထွေ အတွင်းရေးမူး ဦးထွန်းဇော် ၊ ရခိုင်ပြည်တပ်မတော် ( AA ) စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းဇံဝေ ၊ ဗိုလ်မှူး မြင့်မြတ် ၊ ရဲဘော် တင်ဦး ၊ ရဲဘော် မင်းခန့် ၊ ရဲဘော် နိုင်စိုး ၊ ရဲဘော် ညိုမင်းဝေ တို့တက်ရောက် ဆွေးနွေး နေကြောင်း ရခိုင်ပြည်တပ်မတော်(AA)၏ သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ချက် အရ သိရသည်။

“အမျိုးသားရေးအတွက် လုပ်ဆောင်နေကြတဲ့ သွေးရင်းညီအစ်ကိုတွေနဲ့တွေ့ဆုံဆွေးနွေးဖို့အတွက် ဥက္ကဌကြီးက ဒေါ်စောမြရာဇာလင်း ကို လုပ်ပိုင်ခွင့် အပြည့်အဝပေးထားတယ်လို့ သိရပါတယ်။ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ဆိုပြီး ခွဲခွဲခြားခြားမနေဘဲ လက်မှတ် မထိုးသေးတဲ့ ရခိုင်အင်အားစုတွေ အကုန်လုံးနဲ့ နွေးနွေးထွေးထွေး တွေ့ဆုံဆွေးနွေးကြဖို့လည်း မှာထားပါတယ်။ လုပ်နိုင် တာတွေကိုတော့ အတတ်နိုင်ဆုံး လုပ်ဆောင်ဆွေးနွေးဖို့ အတွက် ဒေါ်စောမြရာဇာလင်းက တော်လှန်ရေး ညီအစ်ကိုတွေ့နဲ့ တွေ့ဆုံ ဆွေးနွေး လိမ့်မယ်ထင်ပါတယ်” ဟု ဇူလိုင်လ ၁၈ ရက်မှ ၂၀ နေ့ထိ ထိုင်နိုင်ငံ၊ ချင်းမိုင်ရှိ Orchid ဟိုတယ်တွင် ပြုလုပ် ခဲ့သည့် NCA ထိုးထားသောအဖွဲ့များမှ ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဦးဖေသိန်းက နိရဉ္စရာသို့ ဆက်ဆိုသည်။

မိုင်ဂျာယန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီအစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ တစ်ဖွဲ့လျှင် ကိုယ်စားလှယ် ငါးဦး၊ လေ့လာသူငါးဦးစီ တက်ရောက် နိုင်သည်ဟု သတ်မှတ်ထားကြာင်း သိရသည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ဒေါ်စောမြရာဇာလင်းဦးဆောင်ကာ ဗဟိုကော်မတီဝင်များ အပါအဝင် ၁၂ ဦးတက်ရောက်ဆွေးနွေးနေကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်၊ ချင်းအမျိုးသားတပ်ဦး(CNF)|KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)|မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)စသည့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ တက်ရောက်ကြောင်း သိရသည်။

မိုင်ဂျာယန်းအစည်းအဝေးသို့ NBF ကိုယ်စားတက်ရောက်သူများထဲတွင် ရခိုင်အမျိုးသားပါတီ၏ ခေါင်ဆောင် တစ်ဦးဖြစ်သည့် ဦးဦးလှစောပါဝင်ကာ UNA ကိုယ်စားတက်ရောက်သည့် အတွင်းရေးမှူးအဖွဲ့တွင် ဦးမျိုးကျော် စသည့် ရခိုင်ခေါင်းဆောင်များ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ မိုင်းလားတပ်မတော်(NDAA)၊ နာဂ တပ်မတော်(NSCN-K)၊ ကချင်တပ်မတော်(KIO/KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ မွန်ပြည် သစ်ပါတီ(MNSP)၊ ရခိုင်အမျိုးသားကောင်စီ(ANC)| ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ တအာင်း တပ်မတော်(PSLF/TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)၊ “ဝ”အမျိုးသားအဖွဲ့ချုပ်(WNO)၊ ရက္ခိုင့် တပ်မတော် (AA)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)စသည့် NCA မထိုးသေးသည့် အဖွဲ့များလည်း တက်ရောက်ကြောင်း သိရသည်။

No comments: