Saturday, July 23, 2016

ANP ပေါက်တောမြို့နယ်ရုံးကို ကိုယ်ပိုင်ရုံးသစ်သို့ ပြောင်းရွှေ့

စံမောင်သန်း၊ ရန်ကုန်


ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ် ဌာနခွဲရုံး ဆောက်လုပ်မှု ရာနှုန်းပြည့် မပြီးစီးသေးသော်လည်း စတင် အသုံးပြု၍ ရရှိနိုင်ငံသည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သဖြင့် ရုံးသစ်သို့ ဇူလိုင်လ ၁၈ ရက်နေ့တွင် ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း သိရသည်။

“ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ်ဌာနခွဲ ကိုယ်ပိုင်ရုံးကို ပါတီအဖွဲ့ဝင်တွေဆီက ထောက်ပံ့ငွေတွေ၊ ပြင်ပ အလှူရှင်တွေဆီက လှူဒါန်းငွေတွေနဲ့ ဆောက်လုပ်ခဲ့တာ ၄ လ ရှိပါပြီ။ တစ်စိတ် တစ်ပိုင်း ပြီးစီးတဲ့အတွက် အသုံးပြုလို့ရအောင် စီစဉ်ပြီးတော့ ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။ ကိုယ်ပိုင်ရုံးမှာ လုပ်ရတာ ပိုပြီးအဆင်ပြေတဲ့အတွက် ဒီလိုမျိုး ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ်ဌာနခွဲ ကိုယ်ပိုင်ရုံးဆောက်လောက်ရာတွင် ယခုအချိန်ထိ ကျပ်သိန်း ၇၀ ခန့် အသုံးပြုထားပြီး နောက်ထပ်လည်း အကူအညီများ လိုအပ်လျက်ရှိသည်ဟု သိရသည်။

ရခိုင်အမျိုးသားပါတီ မြို့နယ်ဌာနခွဲရုံးအများစုသည် ငှားရမ်းထားသောရုံးများဖြစ်ပြီး မြောက်ဦးမြို့နယ် ဌာနခွဲရုံးမှာ ပါတီပိုင်ရုံးဖြစ်သည်ဟု သိရသည်။

“မြောက်ဦးမြို့နယ်မှာတော့ ဆရာကြီး ဦးကျော်သိန်းလှူဒါန်းခဲ့တဲ့အတွက် ကိုယ်ပိုင်ရုံး ဖွင့်လို့ရှိတယ်လို့ သိရပါတယ်”ဟု ဦးအောင်ကျော်ထွီးက ထပ်လောင်း ပြောကြားသည်။

No comments: