မျိုသူအောင်
ပုဒ်မ ၃၃၂ဖြင့် ထောင်ဒဏ် သုံးလ ချမှတ်ခံခဲ့ရသည် BBC သတင်းဌာနမှ သတင်းထောက် ကိုနေမျိုးလင်း(ခ)ကိုနေလင်း သည် ဇူလိုင်လ ၂၁ရက်နေ့တွင် မန္တလေး အိုးဘိုထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီဖြစ်သည်။
၂၀၁၅ခုနှစ်၊ မတ်လ ၂၇ ရက်၊ နံနက်ပိုင်းက မန္တလေးမြို့တွင် အမျိုးသားပညာရေး ဥပဒေကန့်ကွက်ခြင်း၊ ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံသူများ လွှတ်ပေးရေး မန္တလေး၌ ဆန္ဒပြစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ထိခိုက်စေခဲ့သည့်အတွက် အမှတ် (၁၁) နယ်မြေ ရဲစခန်းက တရားစွဲဆိုတိုင်ကြားခဲ့သဖြင့် ကိုနေမျိုးလင်းအား ချမ်းမြသာစည် တရားရုံးက ပြီးခဲ့ သည့် ဇွန်လ ၆ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃လ အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ကိုနေလင်း၏ ခရိုင်တရားရုံးက ယနေ့အမိန့်ချမှတ်ရာတွင် ထောင်ဒဏ် (၃)လအစား (၁)လခွဲ သာကျခံရန် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည့်အတွက် ယနေ့ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။
No comments:
Post a Comment