Monday, July 4, 2016

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်း ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

ကျော်ဇေယျာဝင်း


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – (၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေးကော်မတီ (၁) နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်း ဒုတိယအကြိမ် အစည်းအဝေးကို ဒီကနေ့ နေပြည်တော်မှာရှိတဲ့ Horizon Lake View Hotel မှာ ကျင်းပနေပါတယ်။

အဲ့ဒီအစည်းအဝေးသို့ အစိုးရဖက်က ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ဦးဆောင်တဲ့ကိုယ်စားလှယ် ၁၀ ဦးနဲ့ တနိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ပဒိုစောကွယ်ထူးဝင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် ၈ ဦး ပါဝင်တက်ရောက်ကြပါတယ်။

အဲ့ဒီအစည်းအဝေးကို ဇူလိုင်လ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ သုံးရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဇူလိုင် ၈ ရက်နေ့မှာတော့ ၂၁ ရာစုပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီ (ဆပ်ကော်မီတီ – ၁၊ ဆပ်ကော်မီတီ – ၂) က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို လုပ်ငန်းဆောင်ရွက်မှုများ တင်ပြပြီး၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးဆောင်ရွက်ဖို့လည်း ရှိနေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ UNFC ဥက္ကဋ္ဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

No comments: