Wednesday, July 27, 2016

တိုင်းရင်းသား လူငယ်များ ပင်လုံ ညီလာခံ ကျင်းပ

Kachinnews


ကချင်ပြည်နယ် မိုင်ဂျာယန် (Mai Ja Yang) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံး ၏ မျက်နှာစုံညီ အစည်းအဝေး နှင့်အပြိုင် ပထမ ဆုံး တိုင်းရင်းသား လူငယ်များ၏ ညီလာခံ ကို ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် ယခု အပတ်တွင် ပြုလုပ်သွားမည် ဖြစ်သည်။

ကချင်ပြည်နယ် မိုင်ဂျာယန် (Mai Ja Yang) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံး ၏ မျက်နှာစုံညီ အစည်းအဝေး နှင့်အပြိုင် ပထမ ဆုံး တိုင်းရင်းသား လူငယ်များ၏ ညီလာခံ ကို ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် ယခု အပတ်တွင် ပြုလုပ်သွားမည် ဖြစ်သည်။

ပင်လုံ ‘မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ၏ ညီလာခံ’ သို့ မြန်မာနိုင်ငံ တ၀ှမ်းရှိ တိုင်းရင်းသား လူမျိုး (၁၄)ခုမှ လူငယ် ကိုယ်စားလှယ် စုစုပေါင်း ၆၀၀ ခန့် တက်ရောက်ကြမည် ဖြစ်ပါသည်။

ပင်လုံမြို့သည် ဗမာ ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသား ခေါင်းဆောင်များမှ နိုင်ငံရေး တန်းတူ အခွင့်အရေးရှိသော ‘ပြည်ထောင်စု မြန်မာနိုင်ငံတော်’ ကို စတင် ထူထောင်ခဲ့သည့် ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီ (၁၂) ရက် ‘ပင်လုံ စာချုပ်’ ကို လက်မှတ် ရေးထူးခဲ့သော သမိုင်းဝင် မြို့လည်း ဖြစ်ပါသည်။

ယခု ကျင်းပသော လူငယ် ညီလာခံ တွင် “ဖယ်ဒရယ် ပြည်ထောင်စု နှင့် ငြိမ်းချမ်းရေး” အကြောင်းအရာများကို ဦးထိပ်ထား ဆွေးနွေး သွားမည်ဖြစ်ကြောင်း ညီလာခံ ဦးဆောင်သူများ ဆိုပါသည်။

“တိုင်းရင်းသား စည်းလုံးညီညွတ်မှုမှ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး” သည် ပင်လုံ လူငယ် ညီလာခံ ကျင်းပ ရခြင်း၏ ရည်ရွယ်ချက် ဖြစ်သည်။

တနိုင်ငံလုံး ပြည်နယ်၊ တိုင်း ဒေသ အသီးသီးမှ တိုင်းရင်းသား လူငယ်ကိုယ်စားလှယ်များသည် ညီလာခံ တက်ရောက်ရန် ပင်လုံသို့ ရောက်ရှိလာနေပြီ ဖြစ်ကြောင်း သိရပါသည်။

ဇူလိုင် ၂၇မှ ၃၁ ထိ ညီလာခံကို ပင်လုံကျောက်တိုင်ကွင်း တွင် ကျင်းပမည် ဖြစ်ပြီး ညီလာခံ အပြီး ကြေညာချက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရပါသည်။

No comments: