Wednesday, July 27, 2016

အာဆီယံအစည်းအဝေးပြင်ပတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရုရှနိုင်ငံခြားရေးဝန်ကြီးတို့ သီးခြားတွေ့ဆုံခဲ့

မဇ္ဈိမ

ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်သည် မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း ရုရှနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို Tass သတင်းဌာနက ဇူလိုင် ၂၅ ရက်က ကိုးကားဖော်ပြသည်။

၎င်းတို့နှစ်ဦးတွေ့ဆုံမှုမှာ ၂၃ ကြိမ်မြောက် အာဆီယံလုံခြုံရေးဖိုရမ်ဒေသတွင်းအစည်းအဝေး ပြင်ပတွင် သီးခြားတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာ၌ လက်ရှိနှစ်နိုင်ငံဆက်ဆံရေးအခြေအနေနှင့် လက်တွေ့လုပ်ငန်းစဉ်များဖြင့် ရုရှ-မြန်မာပူးပေါင်းဆောင်ရွက်မှု နည်းလမ်းရပ်များအပေါ် ဆွေးနွေးခဲ့ကြကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။

No comments: